close
Connect with us

Hi, what are you looking for?

အတွေးအမြင်

“ကျားဖြန့်ရွေးကောက်ပွဲနဲ့ ပူးပေါင်းသူတို့၏နိဂုံး”

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်ရဲ့အပိုင်းပိုင်းအပြတ်ပြတ်ကြံစည်ထားတဲ့ကြားဖြန့်ရွေးကောက်ပွဲဟာတော့ အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။

နွေဦးနွေ​ရေးသားသည်။

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်ရဲ့အပိုင်းပိုင်းအပြတ်ပြတ်ကြံစည်ထားတဲ့ကြားဖြန့်ရွေးကောက်ပွဲဟာတော့ အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။

ကိုယ့်အရပ်ကိုယ့်ဇတ်၊ ကိုယ့်ဖဲကိုယ်ချိုးထားတဲ့ ရွေးကောက်ပွဲကိုတောင်စိတ်မချနိုင်ပဲ မဲရုံ တွေထဲအထိလိုက်ပြီး ဥာဏ်စမ်းပဟေဌိ အဖြေညှိသလို လုပ်နေတဲ့ မအလ အဖြစ်ကလည်း တော်တော်ရီစရာကောင်းလို့နေပါတယ်။

ဒီလိုမျိုးရွေးကောက်ပွဲကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းခြင်းဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အူလှိုက်သဲလှိုက်ပူးပေါင်းပါဝင်ခဲ့ကြတဲ့၊ တချိန်တခါက ရဲရဲ

Public Service Announcement

Public Service Announcement

တောက် ဒီမိုကရေစီဘက်တော်သားဟောင်း​တွေရဲ့ မရှုမလှကျဆုံးခန်းများကိုလည်းမြင်တွေ့နေရပါတယ်။

သူတို့ရဲ့ မထွေးနိုင် မအန်နိုင်ဖြစ်နေကြပုံတွေ၊မပွင့်တပွင့်ပေါက်ကွဲသံတွေကိုလည်း ကြားနေမြင် နေရပါတယ်။ ပေါက်ကွဲသံနဲနဲပြင်းသွာတဲ့ အပြာရောင် အန်တီကြီးကတော့စစ်ကြောရေးမှာ အတွေ့အကြုံသစ်လေးတွေရပြီး ငြိမ်ကုတ်စွာနဲ့ မအလရဲ့ သဘောထားမှန်ကိုစမြုံ့ပြန်၊အရသာခံနေလောက်ပါပြီ။

ဒီနေရာမှာသတိထားမိတာက သူတို့တွေရဲ့ အရှုံးကို ‘ပြည်သူတွေမဲထွက်မပေးလို့’ ၊ ‘No vote သမားတွေ စည်းရုံးလှုပ်ရှားကြလို့ဆိုပြီး‘ မိုးကြိုးပစ်ထန်းလက်ကာ ဆင်ခြေတွေထုတ်သုံးပြီး လူထုကိုမဝံ့

မရဲအပြစ်တင်ချင်တဲ့ပြောဆိုမှု့တွေကိုသာတွေ့ရပါတယ်။တကယ်ဆို ‘မဲမပေးချင်တဲ့ ပြည်သူတွေကို မဲထွက်ပေးလာအောင် ကျနော်တို့ မစည်းရုန်း နိုင်ခဲ့ဘူးဗျာ’ လို့ ဝန်ခံပြောဆိုမှု့မျိုးကိုမတွေ့ရပါဘူး။

တိုင်းရင်းသားခေါင်းဆောင်​ဟောင်းတယောက်ဆိုရင်” ပြည်သူတွေ သူတို့နဲ့တန်တဲ့အစိုးရပဲရတာပေါ့ဗျာ” လို့ ပြောတာကိုတောင် တွေ့လိုက်ရပါတယ်။

တကယ်တော့ မဲထွက်မပေးတဲ့ပြည်သူတွေဟာအဲ့ဒီနိုင်ငံရေးသမားဟောင်းတွေထက် နိုင်ငံရေးအဆင့်အတန်းမြင့်တယ်လို့ ပြောရမှာပါ။ ဓါးပြတိုက် အနုကြမ်းစီးထားတဲ့ ကျားဖြန့်ရွေးကောက်ပွဲကိုမပူးပေါင်းခြင်းကသာအထိရောက်ဆုံးတုန့်ပြန်တိုက်ခိုက်မှု့ပါပဲ။ ပြည်သူတွေက သူတို့တတ်နိုင်တဲ့အလုပ်ကိုသူတို့လုပ်တာပါ။ဂုဏ်ယူစရာပါ။

မအလ ဟာသူ့ရဲ့ကျားဖြန့်ရွေးကောက်ပွဲမှာကြည့်ကောင်းရှု့ကောင်းဖြစ်အောင် ရွေးကောက်ပွဲ လေလည်ပေးလိုက်ရင်ငန်းငန်းတက်ရှုပြီး ဒရောသောပါးပြေးလာမဲ့ နိုင်ငံရေးအချိုအချောင် ပုဂ္ဂိုလ်တွကို ကောင်းကောင်းအသုံးချနိုင်ခဲ့ပါတယ်။သူတို့ကို ပြိုင်ခွင့်ပဲပေးပြီး ၊ နိုင်ခွင့် လုံးဝ မပေးဘူးဆိုတာကို စောရ ကြိုတင်မဲ များကသက်သေခံနေပါတယ်။

ပြိုင်ရတာလေးကိုပဲအမေ ကျေနပ်တယ်ဆိုရင်တော့ မတတ်နိုင်ဘူးပေါ့၊ တချိန်တခါက ဒီမိုပါတီကြီးတခုဆိုရင် ပြိုင်ခွင့်တောင်မရခဲ့ပါဘူး။သူခိုးဟာ သူခိုးအကျင့် ပျောက်မှာမဟုတ်ပါဘူး၊ဒါကိုသိသိကြီးနဲ့ သွားပူးပေါင်းကြတဲ့ တချိန်က ဒီမိုဟောင်းများရဲ့အဖြစ်ကတော့ မိအေး လေး၊ငါးခါနာရသလို၊ ကိုယ့်ဆီပုလင်း ကိုယ်ခါးကြားထိုးသွားကြရတဲ့သမိုင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

ရွေးကောက်ပွဲသာလျှင် အကြမ်းမဖက်နိုင်ငံရေးတိုက်ပွဲ၊နိုင်ငံရေးဘောင်ကျယ်မှ စစ်ဘောင်ကျဉ်းမယ်တို့ဆိုတာတွေက စာအုပ်ထဲကအမှန်တရားတွေဖြစ်ပါတယ်။တကယ်က တိုင်းပြည်မှာလက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့စပ်အပ်သုံးသပ်ဖို့လိုပါတယ်။

ရွေးကောက်ပွဲဟာဘယ်လိုရွေးကောက်ပွဲလဲ။ဘယ်လိုအခင်းအကျဉ်းနဲ့ကျင်းပတဲ့ရွေးကောက်ပွဲလဲ။ဘယ်သူတွေဦးစီးကျဉ်းပတဲ့ ရွေးကောက်ပွဲလဲဆိုတာကို အခုမဲထွက်ပေးတဲ့ ရာခိုင်နှုန်း နဲ့ အရင်ကာလကမဲထွက်ပေးတဲ့ရာခိုင်နှုန်းတွေကသက်သေပြခဲ့ပြီးဖြစ်ပါတယ်။ဒါတောင်အခုရွေးကောက်ပွဲ

မှာအာဏာပိုင်အဆင့်ဆင့်ကအကြပ်ကိုင်၊ ခြိမ်းခြောက်လို့ မဲထွက်ပေးရတဲ့ ရာခိုင်နှုန်းက တဝက်လောက်ရှိကောင်းရှိနိုင်ပါတယ်၊ နိုင်ငံတကာကကြိုတင်မဲပေးကြပုံတွေကိုကြည့်ရင်လည်းအသိအသာပင်ဖြစ်ပါတယ်။

စစ်ဘောင်ကျဉ်းအောင်၊ နိုင်ငံရေးဘောင်ကျယ်အောင်၊နိုင်ငံရေးအားကောင်းလာအောင်ရွေးကောက်ပွဲကိုသွားရတယ်ဆိုတာကယေဘူယျအယူအဆသာဖြစ်ပြီး အခုကျင်းပတဲ့ မအလကျားဖြန့်ရွေးကောက်ပွဲနဲ့ လားလားမှ မအပ်စပ်ပါ။အခုရွေးကောက်ပွဲမှာ ပါဝင်ပူးပေါင်းခြင်းကသာ စစ်တပ်ကိုအာဏာပိုမိုအပ်နှင်းသလိုဖြစ်ပြီးစစ်ဘောင်ကို ပိုမိုချဲ့ထွင်ပေးတာပါ။

အခုပြုလုပ်တဲ့ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာပြုလုပ်ခြင်းဖြစ်ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်တပ်က အာဏာကို ဘယ်လောက်ထိချဲ့ထွင်ထားသလဲဆိုတာကို နိုင်ငံရေးအနည်းအကျဉ်းနားလည်သူပင်သိပါတယ်။အခုရွေးကောက်ပွဲမှာ စစ်တပ်အရာရှိကြီးများစွာကို ယူနီဖေါင်းချွတ်ပြီး ကြံ့ဖွတ်က ဝင်အရွေးခံခိုင်းခဲ့တာတွေကိုကြည့်ခြင်းအားဖြင့် စစ်တပ်ဟာ နိုင်ငံတော် အာဏာကို ဘယ်လောက်ထိကြိုတင်ကြံစည်ထားလဲဆိုတာပေါ်လွင်ပါတယ်။ဒီအချက်အလက်များကို ကြည့်ခြင်းအားဖြင့်စစ်တပ်ဟာ နိုင်ငံတော်အာဏာကဆုတ်ခွါဖို့ထက် ပိုမိုကျယ်ပြန့်ခိုင်မာအောင်လုပ်နေတယ်။

တနည်းအားဖြင့်စစ်ဘောင်ကိုချဲ့ထွင် နေခြင်းသာဖြစ်ပါတယ်။ဒါ့ကြောင့် ၂၀၂၅ရွေးကောက်ပွဲဟာရှိပြီးသားစစ်တပ်အာဏာကလည်းနဂိုအတိုင်းဆက်ရှိနေမှာဖြစ်ပြီး၊ အရပ်သားနိုင်ငံရေးအာဏာဟာလည်း စစ်ယူနီဖေါင်းကနေ တိုက်ပုံပြောင်းဝတ်ထားတဲ့စစ်နိုင်ငံရေးအာဏာသာဖြစ်လာမှာမြေကြီးလက်ခတ်မလွဲပါ။

ဒါကိုသိလျှက်နဲ့မအလရဲကျားဖြန့်လမ်းကိုလျှောက်ခဲ့ကြတယ်ဆိုရင်တော့ ၊ဒါဟာ ကိုယ့်ကိုထောက်ခံအားပေးကြတဲ့ ရိုးသားတဲ့ ပြည်သူတွေကိုနိုင်ငံရေးအဆိပ်ခတ်ခြင်းသာဖြစ်ပါတယ်။

ဒီနေရာမှာ တချို့သော နိုင်ငံရေးသမား​တွေက ရွေးကောက်ပွဲမဝင်ရင် အခြားဘာနည်းလမ်း ရွေးချယ်စရာရှိလဲလို့မေးခဲ့ကြပါတယ်။အဲ့ဒီ မေးခွန်းကို အခုရွေးကောက်ပွဲရှုံးသွားကြတဲ့ နိုင်ငံရေးသမားများကပဲ သူတို့ဘာတွေဆက်လုပ်မယ်ဆိုတာကို ပြောထားကြပါတယ်။အဲ့ဒါကိုက မေးခွန်းရဲ့အဖြေဖြစ်ပါတယ်။

နောက်ဆုံးစကားချပ်အနေနဲ့ သတ္တိ၊ဗျတ္တိတွေနဲ့ပြည့်စုံလွန်းခဲ့တဲ့စစ်ဗိုလ်ချုပ်ဟောင်းနွမ်းဆွေးမြေ့များရဲ့ကြံ့ဖွတ်ပါတီအကြောင်းနဲနဲပြောချင်ပါတယ်။ အခုရွေးကောက်ပွဲကို ဘောလုံးပွဲတခုနဲ့နှိုင်းးမယ်ဆိုရင်တဖက်ကပြိုင်ဘက် ၁၁ ယောက်မပါပဲ ဂိုးတိုင်အလွတ်ကြီးပဲရှိတာကို ကိုယ့်ဘက်က ၁၁ ​ယောက်က စိတ်ကြိုက်ဂိုးသွင်းခွင့်ရတာကိုပဲတကယ့်နိုင်ပွဲကြီးလိုအောင်ပွဲခံနေကြတယ်။ဒီကြားထဲ ဒိုင်လူကြီးအားလုံးကလည်း ကိုယ့်ဒိုင်တွေ၊ပရိတ်သတ်တွေကလည်း နေ့စားခေါ်ထားတဲ့သူဖြစ်နေတယ်ဆိုတာကိုမမေ့ဖို့လိုပါတယ်။

ဘယ်နေရာမှာတော့၊ ဘယ်လိုအပြတ်အသတ်နိုင်သွားပြီ၊ ဘယ် နေရာမှာတော့ ဘယ်လောက်မဲပြတ်တယ် ၊ စသဖြင့် မော်ကြွားအောင်ပွဲခံပြောဆိုနေကြခြင်းရဲ့အခြားတဖက်မှာ နောက်ထပ်အဓိပ္ပါယ်တခုထပ်တူပြုနေတယ်ဆိုတာကို သတိလေးနဲနဲချပ်ဖို့လိုပါတယ်။ ရွေးကောက်ပွဲအနိုင်နဲ့ပတ်သက်ပြီးတကြိမ်တခါမော်ကြွားလိုက်တိုင်း “ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို မယှဉ်နိုင်ပါဘူး၊ကြောက်ပါတယ်ဗျာလို့ “ ဝန်ခံပြောဆိုနေခြင်း ဖြစ်တယ်ဆိုတာကို မမေ့ဖို့ကြံ့ဖွတ်စစ်သားကြီးများအား သတိလေးပေးလိုက်ပါရစေ။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အချို့ကပြည်သူတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မဲမ‌ပေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုတဲ့ "ငါတို့ မဲမပေးခဲ့" လှုပ်ရှားမှု နဲ့ စစ်တပ်ထုတ်ကုန် မသုံးစွဲဖို့ ဘူးသပိတ် လှုပ်ရှားမှု‌တွေ ဒီနေ့ (ဇန်နဝါရီ ၂၇) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကိုရီးယား၊ ဂျပန် နဲ့ ဩစတေးလျနိုင်ငံတွေက မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ကြောင်းထုတ်ပြန်ချက်ကို ကိုရီးယားသမ္မတရုံးကို ပေးပို့ခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူ့ အစိုးရတစ်ရပ်ကို ပီပီပြင်ပြင် ဖွဲ့စည်းနိုင်ရေးအတွက် ပြည်သူလူထုဆီက ကြီးမားတဲ့ ထောက်ခံမှုကို လိုအပ်ကြောင်း ထိုင်းရွေးကောက်ပွဲအတွက် မဲဆွယ်နေတဲ့ ပြည်သူ့ပါတီ (PP) အကြီးအကဲက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook