close
Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲမရှိဘဲ မော်လူးဒေသကို စစ်တပ်ကဗုံးကြဲခဲ့ဟု KIAဖော်ပြ

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူးမြို့ လေဘိုကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြထားပါတယ်။

(စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ရုပ်အလောင်းတွေနဲ့ ပျက်စီးသွားတဲ့ နေအိမ်။ ဓာတ်ပုံ - The Kachin Net)

▪️မိသားစုဝင် ၇ဦးအပါအဝင် ၈ဦး သေဆုံး

ဇန်နဝါရီ-၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူးမြို့ လေဘိုကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြထားပါတယ်။

ဇန်နဝါရီ ၂၉ရက် ညပိုင်းမှာ စစ်တပ်က လေကြောင်းဗုံးကြဲခဲ့လို့ အရပ်သား ပြည်သူ ၈ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပြီး လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှု မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

လေဘိုကျေးရွာ အနီးပါတ်ဝန်းကျင်မှာ တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ဖြင့် ဗုံးကြဲချ တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြခဲ့တာပါ။

Indaw Revolution ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှု အသိပေးချက်မှာလည်း စစ်ကောင်စီဟာ လေဘိုကျေးရွာကို ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချခဲ့လို့ ကလေးငယ် ၂ဦးအပါအဝင် ၈ဦး သေဆုံးခဲ့ဟု ဖော်ပြပါတယ်။ သေဆုံးသူတွေထဲမှာ ၇ဦးကတော့ မိသားစုတစ်စုဖြစ်ကာ တစ်ဦးက ဘေးအိမ်က ဖြစ်တယ်လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂လုံးထိခိုက်ပျက်စီးခဲ့တယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီ ၂၂ရက်ကလည်း ဗန်းမော်မြို့နယ် ထီးလင်းကောင်ဂျာရွာကို လေကြောင်း ဗုံးကြဲခဲ့လို့ ပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်မှာလည်း လေကြောင်းတိုက်ခိုက်ခံရတဲ့ ကောင်ဂျာရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တော်လှန်ရေးအင်အားစုတွေ တပ်စခန်းချတာမရှိ၊ ဖြတ်သန်းသွားလာတာမရှိဘဲ စစ်တပ်က ဗုံးကြဲခဲ့တာလို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပြထားပါတယ်။

ဧရာ၀တီမြစ်ရဲ့ အနောက်ဘက်မှာ တည်ရှိနေတဲ့ ထီးလင်းကောင်ဂျာရွာကို စစ်ကောင်စီက ဇန်နဝါရီ ၂၂ရက် ညနေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၈ ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး လသားအရွယ် ကလေးငယ် အပါအဝင် ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက ထပ်မံသေဆုံးတာတွေရှိလို ဒီကနေ့ ဇန်နဝါရီ ၂၄ရက် မနက်အထိ သေဆုံးသူ စုစုပေါင်း ၂၃ ယောက်ရှိတယ်လို ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကောင်ဂျာရွာမှာ သက်ကြီးအဘိုးအိုတဦး ကွယ်လွန်သွားတာ ၇ရက်မြောက်နေ့ အဖြစ် ရက်လည် ဆုတောင်းပေးဖို့ ပြင်ဆင်ချိန် စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲလာတာလို ဆိုပါတယ်။

အခုလို ပြည်သူတွေ အစုလိုက်၊ အပြုံလိုက် သေဆုံးစေခဲ့တဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုဟာ စစ်ရေးမှာ ရှုးနိမ့်မှု အခြေအနေကြောင့် ပြည်သူတွေကို အနိုင်ကျင့်တဲ့ နည်းလမ်းဖြစ်သလို တော်လှန်ရေးအင်အားစုတွေကို ပြည်သူတွေ မထောက်ပံ့နိုင်အောင်၊ လူထုကို ကြောက်စိတ်ဝင်သွားအော ရက်စက်စွာ လုပ်ဆောင်ခြင်းဖြစ်တယ်လို ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ – KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က သုံးသပ်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဆယ်စုနှစ်များစွာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်တုန်းကမှ ထိထိရောက်ရောက် အရေးယူမခံခဲ့ရလို အခုလို ပြည်သူတွေကို ရက်စက်စွာ တိုက်ခိုက်မှုတွေကို ရဲရဲ တင်းတင်းလုပ်ဆောင်နေတာဖြစ်တယ်လိုလည်း ကိုဂျေကော့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စစ်တပ်နဲ့ ရှမ်းနီတပ် (SNA) ပူးပေါင်း တပ်စွဲထားတဲ့ စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဇန်နဝါရီ၂၈ရက်မှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထံက တရုတ် အကူအညီနဲ့ တောင်းယူထားတဲ့ မိုးမိတ်မြို့ကို လာမယ့် ဖေဖော်ဝါရီလဆန်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပို့ဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းမှာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၂၇ရက်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရတဲ့ ဗန်းမော်မြို့နယ် ထီးလင်းကောင်ဂျာ ကျေးရွာဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တော်လှန်ရေးအင်အားစုတွေ တပ်စခန်းချတာမရှိ၊ ဖြတ်သန်းသွားလာတာမရှိဘဲ စစ်တပ်က ဗုံးကြဲခဲ့တာလို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Facebook