close
Connect with us

Hi, what are you looking for?

သတင်း

ပေါက်နဲ့စလင်းက စစ်ရှောင်တွေ အရေပြားရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

(ပေါက်မြို့နယ်က အရေပြားရောဂါခံစားနေရသော စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-လူသားစာနာဌာန)

ဇန်နဝါရီ-၂၉၊ ၂၀၂၆ ​ဇေအောင်/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

ပေါက်မြို့နယ် ဇုန်(၁)နယ်မြေအတွင်းက ကာလရှည် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်တွေဟာ လူကြီးနဲ့ ကလေး လူဦးရေ ၁၀၀၀ ခန့် အရေပြားရောဂါဝေဒနာများ ခံစားနေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန တာဝန်ရှိသူက ပြောပါတယ်။

“ ဆေးဝါးတွေ အဓိကလိုပါတယ်။ ပွေး ၊ ဝဲ ၊ နှင်းခူ ၊ ညှင်း တွေဖြစ်နေတာပါ” လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ စလင်းမြို့နယ်မှာလည်း စစ်ရှောင်ကလေးငယ်တွေနဲ့ လူငယ်လေးတွေဟာ အရေပြားရောဂါတွေဖြစ်ပွား​နေပြီး ဆေးဝါးလိုအပ်ချက်တွေရှိနေကြောင်း စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ရှောင်တွေဟာ ရေကောင်းရေသန့်မရတာ၊ ဆပ်ပြာအပါအဝင် တကိုယ်ရေသန့်ရှင်းရေးအသုံးအဆောင်တွေ မလုံလောက်တာတွေကြောင့် ဖြစ်ပွားနေကြတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ ဆောင်းတွင်းရက်ဆိုပေမဲ့ ရေရှားတာရော၊ ကူးစက်တာတွေရော တလျှောက်လုံးဖြစ်ကြတယ်။ ရဲဘော်တွေလည်းဖြစ်ကြတယ်။ သေသေချာချာတော်တော်ကုယူရတာ။ တစ်ယောက်နဲ့တစ်ယောက်လည်း ဆင့်ဆင့်ပြီး ကူးစက်သွားတာ” လို့ မြိုင်နယ်အခြေစိုက် အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ဆေးဝါးတွေ ချိတ်ဆက်ကူညီပေးကြဖို့ ပေါက်မြို့နယ် လူသားစာနာဌာနကမေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်မှာ ကလေးငယ်တွေနဲ့ လူငယ်တွေ ပြင်းထန်ပြီး ကူးစက် မြန်တဲ့ အရေပြားရောဂါ ခံစားနေရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီကနေ့ ဇန်နဝါရီ ၂၇ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)ကို ပါရာမော်တာသုံးစီးရောက်ရှိပြီးနောက် နီးစပ်ရာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်နေတယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Facebook