ဇန်နဝါရီ ၂၉၊၂၀၂၆။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ ငါတို့မဲမပေးခဲ့” ကမ်ပိန်းနဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီနဲ့ ၅/လက်ပံတောင်းသပိတ်စစ်ကြောင်းတို့မှ “ ငါတို့မဲမပေးခဲ့” စာသား ကိုင်ဆောင်ပြီး စစ်တပ်ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဝက်လက်မြို့နယ် တနေရာမှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကာ မဲမပေးကြောင်း ပြသတဲ့အနေနဲ့ “ ငါတို့မဲမပေးခဲ့” Hand Banner တွေ ကိုင်ဆောင်ပြီး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်ပစ္စည်းတွေကို မသုံးစွဲဖို့နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ “ ဘူးသပိတ်ဆင်နွှဲ ဖက်ဆစ်ထောက်တိုင်ဖြိုလှဲ” လက်ကမ်းစာစောင်တွေ ဝေမျှခဲ့ကြပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဝက်လက်သပိတ်

















































