close
Connect with us

Hi, what are you looking for?

သတင်း

အင်းတော်ကြီးဒေသရှိ စစ်တပ်နဲ့ SNAပူးပေါင်းတပ်စခန်းကို KIAသိမ်းပိုက်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စစ်တပ်နဲ့ ရှမ်းနီတပ် (SNA) ပူးပေါင်း တပ်စွဲထားတဲ့ စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဇန်နဝါရီ၂၈ရက်မှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

(မိုးညှင်း KPDFက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KPDF)

ဇန်နဝါရီ-၃၀၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စစ်တပ်နဲ့ ရှမ်းနီတပ် (SNA) ပူးပေါင်း တပ်စွဲထားတဲ့ စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဇန်နဝါရီ၂၈ရက်မှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ SNA တပ်တွေရှိတဲ့ အင်းတော်ကြီးဒေသ ဟဲပန်တပ်စခန်းကို KIAအမှတ် (၂၆) တပ်ရင်းနဲ့ KPDFတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၇ ရက်မှာ ထိုးစစ်ဆင်ခဲ့ပြီး ၂၈ရက်မှာ သိမ်းပိုက် နိုင်ခဲ့တာလို့ KIAစစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ 7stars Newsရဲ့ ဖော်ပြချက်ကို KIAသတင်းရင်းမြစ်က မှန်ကန်တယ်လို့ အတည်ပြုပေးပါတယ်။

ဇန်နဝါရီ ၂၇ရက်ကလည်း KIAပူးပေါင်းတပ်ဟာ တနိုင်းဒေသ ရှိ အွယ်လောတပ်စခန်းကို သိမ်းပိုက်ခဲ့ပါတယ်။ အွယ်လောစခန်းအပါအဝင် တနိုင်းဒေသက KIAစခန်းအချို့ကို စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ၂၀၂၅ ဒီဇင်ဘာမှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာကို KIAက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မိုးညှင်းဒေသအပါအဝင် ကချင်ဒေသစစ်ရေး အခြေအနေတွေမေးမြန်းဖို့KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကို ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

KIAနဲ့ စစ်ကောင်စီတပ်တို့ဟာအခုဇန်နဝါရီအတွင်း ဗန်းမော်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး အပြန်အလှန် ထိုးစစ်တွေ အပြန်အလှန် တပ်စခန်း သိမ်းတာတွေရှိခဲ့ပါတယ်။

စစ်ကောင်စီကလည်းတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ကျေးရွာတွေကို ဗုံးကြဲတာတွေဆက်လုပ်နေလို့ အရပ်သား သေဆုံးထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။

ဗန်းမော်မြို့နယ် ဧရာ၀တီမြစ်အနောက်ဘက်ခြမ်းက စစ်ရှောင်တွေ နေထိုင်ရာ ကောင်ဂျာကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဇန်နဝါရီ ၂၂ရက်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အရပ်သား ၂၃ဦးသေဆုံးကာ ကလေးငယ်တွေအပါအဝင် ၃၀ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူးမြို့ လေဘိုကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြထားပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတဲ့ စစ်တပ်က မြေပြင်က စစ်ကြောင်းထိုးပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့က ပြည်သူတွေရဲ့နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးလို့ အများအပြားမီးလောင်ပျက်စီးခဲ့ရကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြောင်း အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ကြေညာခဲ့ပါတယ်။

Facebook