close
Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့ကလာတဲ့ အင်အား ၂၀၀ကျော်ပါ စစ်တပ်စစ်ကြောင်း ဖလမ်းမြို့နယ်ကို အားဖြည့်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မော်တော်ယာဉ် တန်းနဲ့ လာတဲ့ စစ်ကောင်စီတပ် တွေဟာ ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းကတဆင့် ဖလမ်းမြို့နယ်ကို ဝင်ရောက်လာကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်ညမှာ အတည်ပြုပါတယ်။

ဇန်နဝါရီ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မော်တော်ယာဉ် တန်းနဲ့ လာတဲ့ စစ်ကောင်စီတပ် တွေဟာ ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းကတဆင့် ဖလမ်းမြို့နယ်ကို ဝင်ရောက်လာကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်ညမှာ အတည်ပြုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဖလမ်းမြို့ ပြန်ရဖို့ ၂၀၂၅ နိုဝင်ဘာလဆန်းကတည်းက ထိုးစစ်ဆင်လာလို့ ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာပါ။

အခု ဇန်နဝါရီ ၂၀ရက်မှာတော့ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်း ကလေးဘက်ကနေ အခုလို စစ်ဆင်အားဖြည့်လာတာဖြစ်ပါတယ်။အဲဒီ စစ်ယာဉ်တန်းမှာ အင်အား ၂၀၀ ကျော် ၃၀၀ ဝန်းကျင်ရှိတယ်လို့ ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပြထားပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလော ဖလမ်းမြို့နယ်အတွင်း စစ်ရေး အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ The Voice of Chinland ရဲ့ ဒီကနေ့ သတင်းဖော်ပြချက်မှာတော့ ကလေးမြို့ကနေ တက်လာပြီး သိုင်းငင်းရောက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့နယ်ကို ဆက်လက်ထွက်ခွာရာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ သိုင်းငင်းဘက်ကနေ ဖလမ်းမြို့ကို ထိုးစစ်ဆင်နေသလို ဖလမ်းမြို့နယ် ဝေဘူလမြို့နေ ဖလမ်းဘက်ကို စစ်ကြောင်းထိုးနေတာရှိပြီး ဇန်နဝါရီ တတိယပတ်အတွင်း ဖလမ်းမြို့နယ်မှာ တိုက်ပွဲတွေ ဆက်ရှိခဲ့ပါတယ်။

ဇန်နဝါရီ ၁၈ရက် ဖလမ်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်ရှိခဲ့သလို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ကျဆုံးမှု အချို့ရှိခဲ့ကြောင်း ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိန်းက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာတိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးမြို့ နဲ့ တမူးမြို့တွေကို လားရှိူးမြို့မှာအ​ခြေစိုက်တဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံတပ်ရင်းတွေကို စစ်ကောင်စီကပို့ပြီး အင်အားဖြည့်တင်းနေပါတယ်။

သတင်း

ကလေးမြို့နယ်အတွင်း စက်တင်ဘာလဆန်းက ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ(၄)ဦးသေဆုံးပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦး ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တိုက်ပွဲ၌ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများပြီး လက်နက် ၁၀လက်၊ ရုပ်အလောင်းသုံးလောင်းနှင့် စစ်သုံ့ပန်း ၁ဦး ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်သည်။