ဇန်နဝါရီ-၂၂၊၂၀၂၆။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ရေစကြိုမြို့ပေါ်ကကုန်စုံဆိုင်တစ်ဆိုင်ကို အာဏာသိမ်းစစ်တပ်က ဗိုလ်မှူးကဦးဆောင်ပြီးဘိလပ်မြေအိတ်၄၀၀ကိုသိမ်းကာ ဆိုင်ကိုချိတ်ပိတ်သွားကြောင်းရေစကြိုသတင်းအချက်အလက် ကော်မတီက ပြောပါတယ်။
ဇန်နဝါရီ ၁၇ ရက်နေ့က ရေစကြိုမြို့ပေါ်တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်က ဗိုလ်မှူးပြည့်ဖြိုးအောင် ဆိုသူက မြို့ပေါ်နှစ်ထောင်ပြည့်ရပ်ကွက်နဲ့ ရွာသစ်ကျေးရွာကြားဖွင့်လှစ်ထားတဲ့ စီုးစံသူကုန်စုံဆိုင်ကို ဝင်ရောက်မွှေနှောက်ပြီး ဘိလပ်မြေအိတ် ၄၀၀ ကို ၁၂ ဘီးကားနဲ့ သယ်ဆောင်သွားပါတယ်။ဒါအပြင်ဆိုင်ကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက် ကော်မတီက ပြောပါတယ်။
“ သူတို့စွပ်စွဲတာတော့PDFထောက်ပို့လို့စွပ်စွဲပါတယ်။ခိုင်လုံမှု မရှိဘူးလို့တော့သိရပါတယ်။သူတို့ငွေတောင်းတာကို ကြည်ကြည်ဖြူဖြူမထည့်တဲ့သူတွေ၊ သူတို့နဲ့ စကားပြောအဆင်မပြေတဲ့သူတွေ၊ သူတို့အငြိုးထားတဲ့သူတွေဆိုရင် အဲဒီခေါင်းစဉ်တပ်ပြီး ယုတ်မာရိုင်းစိုင်းနေကြတာပါပဲ။” လို့ အ
ထက်ပါကော်မတီက တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ဆိုင်ရှင်တွေကို ဖမ်းဆီးခြင်းရှိ:၊မရှိ လူထုနွေဦးက အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် အဲဒီဗိုလ်မှူးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း နှစ်ထောင်ပြည့်ရပ်
ကွက်က ဦးကွန့် ဆိုသူပိုင်ဆိုင်တဲ့လိုက်ထရပ်ကားနဲ့ ပါရာဒိုကားတွေကို အတင်းအဓမ္မယူဆောင်သွားခဲ့ပြီး သူ့ကိုယ်ပိုင်ကားလိုစီးနင်းနေတယ်လို့ရေစကြိုသတင်းအချက်အလက်ကော်မတီကပြောပါတယ်။
စစ်ကောင်စီရဲ့ဗိုလ်မှူးဟာရေစကြိုမြို့ပေါ်မှာ ငွေတောင်းကြမ်းနေတယ်လို့ ဒေသခံတွေကြားသတင်းကြီးနေပါတယ်။ ပွဲလမ်းသဘင်များ အ
ကြောင်းပြကာ ကုန်သည်၊ ပွဲစား လုပ်ငန်းရှင်များကို အဓမ္မငွေကြေးခွဲတမ်းချ တောင်းယူနေကြောင်း၊ လူငယ်များကိုလည်း ပေါ်တာဆွဲဖမ်းဆီးနေကြောင်း ဒေသခံများက ပြောပါတယ်။

















































