close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရဲသေနတ်ပစ်ခတ်သူက ဗိုလ်မှူးဒါဘောထံ

နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းရဲကို သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးတဲ့ မြန်မာလူငယ်ကို ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်မှူးစောဒါဘောက ဖမ်းဆီးပြီး ထိုင်းရဲတပ်ဖွဲ့ထံ အပ်နှံပေးခဲ့ပါတယ်။

(လူငယ်ကို ထိုင်းရဲတပ်ဖွဲ့ထံဗိုလ်ဒါ​ဘောကအပ်နှံ စဥ် /ပစ်ခတ်မှုပြုလုပ်ခဲ့ပုံကိုသရုပ်ပြမှု လုပ်နေစဉ်။ ဓာတ်ပုံ - CJ)

အဖမ်းခံလို့ ထိုင်းရဲတပ်ဖွဲ့အပ်နှံ

ဇန်နဝါရီ-၂၂၊၂၀၂၆။DEE/People’s Spring

နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းရဲကို သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးတဲ့ မြန်မာလူငယ်ကို ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်မှူးစောဒါဘောက ဖမ်းဆီးပြီး ထိုင်းရဲတပ်ဖွဲ့ထံ အပ်နှံပေးခဲ့ပါတယ်။

အသက်(၂၁)နှစ်အရွယ် နဂါးကြီး (ခ)နိုင်လင်းအောင်ဟာ ဇန်နဝါရီ ၂၀ရက်က မဲဆောက်မြို့ မယ်ကုရပ်ကွက် 7/11 စတိုးဆိုင် အနီးမှာ ထိုင်းရဲကို သေနတ်နဲ့ပစ်ခတ် ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောထံ သွားရောက်အဖမ်းခံခဲ့ရာ ဗိုလ်မှူးဒါဘောက ဒီကနေ့(ဇန်နဝါရီ၂၂ရက်)မှာ ထိုင်းရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရဲ သေနတ်နဲ့ ပစ်ခတ်သူ နဂါးကြီးဟာ ယခင်က ကော်ဘရာစစ်ကြောင်းက PDF ရဲဘော်တစ်ဦးဖြစ်ပြီး PDFရဲဘော်အဖြစ်က နှုတ်ထွက်သွားတာဟာ ကြာပြီဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်းနဲ့ နီးစပ်သူက ပြောပါတယ်။

“ သူကထိုင်းရဲသေနတ်နဲ့ပစ်ပြီးတော့ပြေးစရာနေရာ မရှိဘူး ဖြစ်နေတယ် ထင်ပါတယ်။ အဲဒီမှာ ဗိုလ်ဒါဘောဆီ သွားအဖမ်းခံတာ။ ဗိုလ်ဒါဘောကလည်း KNUနဲ့ ထိုင်းနဲ့ဆက်ဆံပတ်သက်မှုတွေဆိုတော့ သွားအပ်ပေးတာ။ သူက အရင်က ဗိုလ်ဒါဘောဆီမှာ ထွက်သွားတာ ကြာပြီ။ တော်လှန်ရေးနဲ့ ဘာမှ

မပတ်သက်တော့ဘူး။ တချို့တွေက တော်လှန်ရေး ပုံဖျက်သလို ရေးနေတာ” လို့ ​ကော်ဘရာစစ်​ကြောင်းနဲ့နီးစပ်သူကပြောပါတယ်။

ထိုင်းရဲ သေနတ်နဲ့ ပစ်ခတ်သူ နဂါးကြီးကို ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့မှာ ဖြစ်စဉ်သရုပ်ပြမှုတွေ လုပ်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၀ရက်က နဂါးကြီးနဲ့ အဖော်ဖြစ်သူဟာ မဲဆောက်မြို့ မယ်ကုရပ်ကွက် 7/11စတိုးဆိုင် အနီးမှာ သေနတ်အရောင်းအဝယ်လုပ်နေစဉ် ကင်းလှည့်နေတဲ့ ထိုင်းရဲက မသင်္ကာလို့ စစ်မေးရန်ကြိုးပမ်းစဉ် နဂါးကြီးက ထိုင်းရဲကို သေနတ်နဲ့ ပစ် ထွက်ပြေးသွားတာပါ။

နဂါးကြီးနဲ့ ဆိုင်ကယ်မောင်းသူကို ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်နေရာမှာဘဲ ဖမ်းမိထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

မဲဆောက်မြို့က ထိုင်းရဲတပ်ကြပ်အား ပစ်ခတ်ပြီးနောက် ထွက်ပြေးပုန်းရှောင်နေသော မြန်မာလူငယ်တစ်ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)က ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်ကုရပ်ကွက် 7/11စတိုးဆိုင်အနီးမှာ မြန်မာ လူငယ် နှစ်ဦးက ထိုင်းရဲတပ်ဖွဲ့ဝင်အား သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားရာ လတ်မြောက်နေသူကို ထိုင်းစစ်တပ်က အပူတပြင်းရှာဖွေနေပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က အထပ်မြင့် တိုက်ကြီး တစ်ခုမှာ သေနတ်သမား တစ်ဦး ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ရဲအရာရှိ တစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်အာဏာသိမ်းမှု နဲ့ ပြည်တွင်းမတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေအပေါ် ထိုင်းရဲတပ်ဖွဲ့က ဖိနှိပ်တာ၊ အမြတ်ထုတ်တာ၊ငွေညှစ်တာ၊ထင်သလိုဖမ်းဆီးတာတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ထုတ်ပြန်ခဲ့ပါတယ်။