close
Connect with us

Hi, what are you looking for?

သတင်း

၂၀၂၅ ဒီဇင်ဘာအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀၀နီးပါး သေဆုံး

အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၁၉၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၃၇၅ ဦးဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

<!-- wp:paragraph --> <p>(ရခိုင်ပြည်နယ် သံတွဲမြို့ကို စစ်တပ်က ၂၀၂၅ ဒီဇင်ဘာ ၃၁ ညမှာ လေကြောင်းကနေ ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်နေစဉ်။ ဓာတ်ပုံ - AA)

ဇန်နဝါရီ ၁၅၊ ၂၀၂၆။ ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၁၉၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၃၇၅ ဦးဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၅၅၀ ကျော်ရှိခဲ့ လေကြောင်းတိုက်ခိုက်မှု ၂၆၂ ကြိမ်အထိအရှိန်မြှင့် ကျူးလွန်ခဲ့တာလို့ အသိပေးထားပါတယ်။

“၂၀၂၅ ရဲ့ နောက်ဆုံးလ ဒီဇင်ဘာမှာလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ သွေးစွန်းတဲ့ ရက်စက်မှုတွေက ရပ်တန့်မသွားဘဲ ပိုလို့တောင် ဆိုးရွားလာခဲ့ပါတယ်” လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ပေါင်း ၂၆၀ ကျော်ရှိရာ စစ်ကိုင်းတိုင်းဟာ အကြိမ် ၇၉ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး အများဆုံး ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီဇင်ဘာလမှာ စစ်ကိုင်းတိုင်းက ပြည်သူ ၈၁ ဦးသေဆုံးခဲ့ရာကလေးငယ် ၆ ဦး ပါဝင်ပါတယ်။ ရက္ခိုင်ပြည်နယ်မှာ က ကလေးငယ် ၅ဦး အပါအဝင် ပြည်သူ ၅၄ ဦး သေဆုံးခဲ့ရပါတယ်။

“နေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာဟာ ပြည်သူကို အကြောက်တရားနဲ့ ဖိနှိပ်ဖို့ ကြိုးစားနေတာပဲဖြစ်လို့ ဒီကျူးလွန်မှုတွေအတွက် တရားမျှတမှု ပြန်ရနိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က အခိုင်အမာ သက်သေယူ မှတ်တမ်းတင်လျက်ရှိပြီး အပြစ်ပေးအရေးယူနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားလျက်ရှိကြောင်း အသိပေး တင်ပြလိုက်ပါတယ်” လို့ ဝန်ကြီးဌာနရဲ့ ထုတ်ရပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျန်းမာရေးရေးဆိုင်ရာ အဆောက်အဦး တွေလည်း လေကြောင်း တိုက်ခိုက်ခံခဲ့ရ တယ်လို့ အသိပေးပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဗုဒ္ဓ ဘာသာဘာသာရေးအဆောက်အအုံ ၂၁လုံး၊ ခရစ်ယာန် ဘာသာရေး အဆောက်အအုံ ၃လုံး၊ စာသင်ကျောင်း ၁၅ကျောင်း၊ အရပ်သား ပြည်သူ နေအိမ် ၃၁၇ လုံး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၄ခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ အစုလိုက်၊ အပြုံလိုက် အသက်ဆုံးရှုံး ဒဏ်ရာရတာတွေရှိနေပေမယ့် ၂၀၂၆ နှစ်သစ်မှာလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ နိုင်ငံတဝန်း ဆက်လက် ပြုလုပ်နေဆဲဖြစ်လို့ အရပ်သားပြည်သူသေဆုံးထိခိုက်မှု ဖြစ်စဉ်တွေ အများအပြား ရှိနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇန်နဝါရီ-၁၄၊၂၀၂၆။ ဟန်နွေ/People’s Spring အာဏာသိမ်းစစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့ တီမောလက်စ်တေ နိုင်ငံ အစိုးရရှေ့နေရုံးကို ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တင်သွင်းခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CRHO)က ဇန်နဝါရီ ၁၂ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ ဒီလိုတိုင်ကြားရာမှာ အာဏာသိမ်းစစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကို အုပ်စုလိုက်အဓမ္မကျင့်တာ၊ ကလေးငယ် အပါအဝင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊...

သတင်း

ဇန်နဝါရီ-၁၃၊၂၀၂၆။မိုမို၊​ရွှေပြည်စိုး/People’s Spring မင်းတုန်းမြို့ပေါ်မှာ စစ်တပ်ရွေးကောက်ပွဲ အပိုင်း (၂) အတွက် စစ်တပ်က အင်အားအများအပြားဖြည့်တင်းပြီး အတင်းအကျပ် ပြုလုပ်ခဲ့ပြီးနောက် မနေ့က (ဇန်နဝါရီ ၁၂ ရက်)က မဲပုံးတွေကို သရက်မြို့ကို ပို့ဖို့အတွက် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။ အင်အား ၂၅၀ပါတဲ့စစ်တပ်စစ်ကြောင်းနဲ့ မင်းတုန်း –...

သတင်း

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်က သစ်ဖုလတောင်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြားက အရေးပါတဲ့ တပ်စခန်းကို သိမ်းနိုင်ခဲ့တာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၅ရက်မှာ သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးဒေသက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်စခန်း ၄ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေကြောင်း KIAသတင်းပြန်ကြားရေးဌာနက နိုဝင်ဘာ ၁ရက်မှာ သတင်းဖော်ပြပါတယ်။