close
Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းက မဲပုံးတွေသယ်ဖို့ လမ်းကြောင်းရှင်းတဲ့ စစ်တပ်ကို PDFတိုက်ခိုက်

ဇန်နဝါရီ-၁၃၊၂၀၂၆။မိုမို၊​ရွှေပြည်စိုး/People’s Spring

မင်းတုန်းမြို့ပေါ်မှာ စစ်တပ်ရွေးကောက်ပွဲ အပိုင်း (၂) အတွက် စစ်တပ်က အင်အားအများအပြား
ဖြည့်တင်းပြီး အတင်းအကျပ် ပြုလုပ်ခဲ့ပြီးနောက် မနေ့က (ဇန်နဝါရီ ၁၂ ရက်)က မဲပုံးတွေကို သရက်မြို့ကို ပို့ဖို့အတွက် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

အင်အား ၂၅၀ပါတဲ့စစ်တပ်စစ်ကြောင်းနဲ့ မင်းတုန်း – သရက်လမ်းပိုင်းက သဖန်းကိုင်းကျေးရွာအနီးမှာ မနက် ၁၁ နာရီကျော်က တိုက်ပွဲဖြစ်တယ်လို့အသိပေးပါတယ်။

” သရက်မြို့က ခရိုင်မြို့ဖြစ်တဲ့အတွက် မင်းတုန်းမြို့က မဲပုံး​တွေကို ပို့ဆောင်တာလုပ်ရတယ်။အဲဒါကြောင့် သရက်-မင်းတုန်းလမ်းပိုင်းအထူးသဖြင့်မင်းတုန်းဘက်ခြမ်းကို ဒီလ ၅ရက်နောက်ပိုင်းကစပြီး အောင်လံဘက်ကနေ ပို့တာရှိတယ်။သရက်ဘက်ကလည်းပို့တာရှိတယ်။အဲဒီကတည်းက ပြင်ဆင်ခဲ့တာ။ရတဲ့အခွင့်အရေးပေါ်မူတည်ပြီး ၁၂ ရက်နေ့မှာ ကျွန်တော်တို့က တိုက်ခိုက်ခဲ့တယ်” လို့ ကိုမြတ်က တိုက်ခိုက်မှုဖြစ်စဥ်ကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိစစ်တပ်စစ်ကြောင်းဟာ သရက်-မင်းတုန်းလမ်းပိုင်းပေါ်မှာ ရှိနေဆဲ ဖြစ်ပြီး ဒေသတွင်း ပြည်သူတွေအနေနဲ့ စစ်ရေးသတိပြုဖို့ သူက တိုက်တွန်းပါတယ်။

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့က မဲပုံးတွေ သရက်မြို့ကို သယ်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း တာဝန်ရှိသူ ကိုမြတ်က ပြောပါတယ်။

သဖန်းကိုင်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်မှုတွေနဲ့ အပြန်အလှန်ပစ်ခတ်မူ အပြင်းအထန် ဖြစ်ပွားတဲ့ ၁၅ မိနစ်ကြာတိုက်ပွဲမှာ စစ်ကောင်စီတပ်သားလေးဦး သေဆုံးတယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

“ ပြီးခဲ့တဲ့ ၁၁ ရက်က မင်းတုန်းမြို့မှာ ရွေးကောက်
ပွဲ လုပ်ခဲ့တယ်။အဲဒီလိုလုပ်နိုင်ဖို့လည်း ဒီလအစကတည်းကအင်အားအများအပြားနဲ့လုံခြုံရေးယူလုပ်ခဲ့ရတယ်။ဒါပေမယ့် မင်းတုန်းမြို့ပေါ်နဲ့ မြို့အနီးက ရွာတချို့မှာပဲ လုပ်နိုင်ခဲ့တယ်” လို့ မင်းတုန်း မြို့နယ်သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ငါးရက်အတွင်း သရက်ခရိုင်အတွင်းက ဆင်ပေါင်ဝဲ နဲ့ ကံမမြို့နယ်တွေမှာလည်း စစ်တပ်ဂိတ်စခန်းတွေနဲ့ စစ်တပ်ရဲ့ အုပ်ချုပ်ရေးမှူးတွေ တိုက်ခိုက်ခံခဲ့ရပါတယ်။

သရက်ခရိုင်က ကံမမြို့နယ်မှာ ဇန်နဝါရီ ၁၁ရက်က စစ်တပ်ရွေးကောက်ပွဲအပိုင်း(၂)မှာ မဲရုံတွေကို လိုက်လံစစ်ဆေးနေတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းနိုင် ပါတဲ့စစ်တပ်ကား​တွေကို ကံမ PDF တိုက်ခိုက်ခဲ့ပြီး စစ်​ကောင်စီမြို့နယ်အုပ်ချုပ်​ရေးမှူး​သေဆုံးတယ်လို့ ကံမမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဂျန်ဘာတပ်ဆင်ပြီးလုံခြုံရေး အ​စောင့်အ​ရှောက်နဲ့ မဲရုံတွေကို လိုက်ကြည့်​နေတဲ့ ဦးဇော်မင်းနိုင်ပါ
Double-Cubကား ၂စီးကို ကံမ ပကဖ ရဲ​ဘော်​တွေက ပြည်-ကံမ ကားလမ်း၊ ပြောင်ကျကျေးရွာနဲ့ ပယ်ကျကျေးရွာကြားမှာ တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်း ဦးဇော်မင်းနိုင် နဲ့ သူ့ယာဉ်
မောင်းသန့်ဇင်အောင်၊ လုံခြုံရေးတပ်ဖွဲ့ဝင်(၂)ဦး ဒဏ်ရာရရှိခဲ့ပြီး ရွှေတောင် ကုတင်(၁၀၀)စစ်ဆေးရုံကို ပို့ဆောင် ကုသနေစဉ် ဦးဇော်မင်းနိုင်နဲ့ သန့်ဇင်အောင် သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ကံမမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်က ဇန်နဝါရီ၁၁ရက်မှာ ကျင်းပတဲ့ ရွေး
ကောက်ပွဲအပိုင်း(၂)မှာ မကွေးတိုင်း၊ သရက်ခရိုင်က ကံမ၊ မင်းတုန်းနဲ့ မင်းလှမြို့နယ်တွေပါဝင်ပါတယ်။

သရက်ခရိုင်ထဲမှာ စစ်ကောင်စီစစ်ကြောင်းတွေရှိနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ရေးအရှိန်မြှင့်တင်မှာမို့လို့ ဒေသခံပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့သရက်ခရိုင်အမှတ်-၄
တပ်ရင်းတာဝန်ရှိသူက သတိပေးထားပါတယ်။

“ တော်လှန်ရေးရဲ့အရှိန်အရ စစ်ရေးမှာလည်း မနှစ်ကထက်တော့ အရှိန်မြင့်လာပါလိမ့်မယ်။ဒေသခံတွေ အနေနဲ့စစ်ရေးသတိရှိဖို့၊စကစရဲ့လေကြောင်း
၊ လက်နက်ကြီး ရန်ကို ဂရုပြုကြိုတင်ကာကွယ်ဖို့ လိုအပ်ပါတယ်” လို့ သတိပေးပါတယ်။

(သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ရဲဘေယ်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – သရက်ခရိုင်အမှတ်(၄)တပ်ရင်း)

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ဒမငယ်ကျေးရွာစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ ဗျူဟာ (၂၂)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိတယ်လို့ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့(ဒီဇင်ဘာ ၁၅ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကိုပီတာ တို့တပ်ရင်းကရဲဘော်တွေ 'စာ' ပေးခံရပါတယ်။စာကတော့ တစောင်ထဲပါ။ "အကို့တို့ကို 'စာ' ပေးချင်လို့" တစ်ခွန်းတည်းပြောပြီး ရဲဘော်တွေရဲ့ မြင်ကွင်းကနေ ရှောင်ထွက်သွားပါတယ်။

သတင်း

သာယာ၀တီခရိုင်မှာ ၅ရက်အတွင်း မြို့နယ်လေးခုက စစ်ကောင်စီတပ်တွေကို PDF တိုက်ခိုက်လို့ ၁၃ဦးသေ၊ လက်နက်အချို့ သိမ်းရ