close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲအလိုမရှိကြောင်း ယင်းမာပင်နယ်က ပြည်သူတွေဆန္ဒပြ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို အလိုမရှိကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၄) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

ဇန်နဝါရီ ၁၄၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို အလိုမရှိကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၄) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ တစ်ရွာမှာ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ် ဆင်နွှဲခဲ့ပါတယ်။

တော်လှန်ကျောင်းသားပြည်သူတွေက ” Boycott the fascist ELection, march for Revolution!” ၊ ” sham Election or Not, the Revolution Never stops!” ၊ ” Don’t USe your vote as a License ti kill!” ၊ “ Unofficial election is Unwanted ” It’s a Trap, Not an Escape!” စာသားတွေ ကိုင်ဆောင်ကာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အလိုမရှိ ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် “ ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်ကြီး” ၊ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ် ရွေးကောက် သပိတ်မှောက် တော်လှန်ရေး ကို ရဲရဲလျှောက်” ၊ “ အတုအယောင် ရွေးကောက်ပွဲ လုပ်လည်း တော်လှန်ရေးက ဆက်ချမှာပဲ” ၊ “ ပြည်သူ့အရေးတော်ပုံမုချအောင်ရမည်” လို့ ကြွေးကြော်ကာ ချီတက်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်ညနေဆည်းဆာသပိတ်စစ်ကြောင်းမှ ရဲဘော်တွေက ရာသီခွင် အလုပ် မအားတဲ့ကြားမှ “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်ကောင်စီ ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့" စာသားကိုင်ဆွဲပြီး စစ်​ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၃၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်​ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဒီဇင်ဘာ ၃၀) မှာလည်း ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်​ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၈) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပြည်တွင်းမှာ စစ်ကောင်စီလုပ်ဆောင်တဲ့ ဒီနေ့ (ဒီဇင်ဘာ ၂၈)က ရွေးကောက်ပွဲကိုလက်မခံကြောင်း ဂျပန်နိုင်ငံရောက်မြန်မာတွေက စစ်ကောင်စီလက်အောက်ခံ သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။