close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ကြောင်း စစ်ကိုင်းတိုင်းက ပြည်သူတွေ ဆက်လက်ဆန္ဒပြနေ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်​ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဒီဇင်ဘာ ၃၀) မှာလည်း ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

ဓတ်ပုံ - ရွာပေါင်းစုံသပိတ်၊ ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်း၊ GSCB

ဒီဇင်ဘာ-၃၀၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်​ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဒီဇင်ဘာ ၃၀) မှာလည်း ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းဟာ “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်၊ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်တို့မှ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားတို့ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘုတလင်မြို့နယ်မှာလည်း ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းမှ “ ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပေးနဲ့သပိတ်မှောက်” ၊ “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့ ” ဟူသောစာသားတွေ ကိုင်ဆောင်ပြီး စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်​ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ကျဆုံးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲဖြစ်စဥ်မှာ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုက အာဆီယံအခြေခံမူကို ထိပါးယုတ်လျော့စေတယ်လို့ အာဆီယံနဲ့ ဥရောပလွှတ်တော်အမတ် ၂၆ဦးက ဒီဇင်ဘာ ၂၉ရက်မှာ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်က ဦးဆောင်ပြီး ကျင်းပနေတဲ့ မြန်မာ့ ရွေးကောက်ပွဲဟာအမျိုးသားရင်ကြားစေ့ရေးနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းမှုတွေကို ပြန်လည် ဆောင်ယူလာပေးနိုင်ဖို့ မျှော်လင့်ကြောင်း တရုတ် အစိုးရက ​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နဲ့ ကပ်လျက်ရှိနေတဲ့ လိန်ပင်ကျေးရွာကို စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၉ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီး၂ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲမှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အစစအရာရာအသာစီးရထားတာမို့ မနိုင်ရင်ကိုယ့်ကိုကိုယ်သတ်သေကြလို့ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီရဲ့ ဒုဥက္ကဌ ညီညီလွင် ကသူရဲ့လူမှုကွန်ယက်ကတဆင့် ဒီကနေ့ ​ရေးသားထားပါတယ်။