close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေး သိပ္ပံလမ်းမှာ လူတစ်စုက ဆိုင်ကယ် စစ်မယ်ဆိုပြီး ကျပ်သိန်း ၁၂၀ကျော် လုယူ

မန္တလေးမြို့ သိပ္ပံလမ်းမှာ လူတ်စုက ဆိုင်ကယ် စစ်မယ်ဆိုပြီး ကျပ်သိန်း ၁၂၀ ကျော် လုယူသွားကြောင်း သတင်းရရှိပါတယ်။

သိပ္ပံလမ်းတနေရာအား တွေ့ရစဥ်။ ဓါတ်ပုံ - CJ

ဇန်နဝါရီ-၁၄၊ ၂၀၂၆ မေရီ/People’s Spring

မန္တလေးမြို့ သိပ္ပံလမ်းမှာ လူတ်စုက ဆိုင်ကယ် စစ်မယ်ဆိုပြီး ကျပ်သိန်း ၁၂၀ ကျော် လုယူသွားကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၁နာရီဝန်းကျင်က မန္တလေးမြို့ပေါ် လူစည်ကားရာ အဓိကလမ်းမကြီးဖြစ်တဲ့ သိပ္ပံလမ်းနဲ့ လမ်း ၆၀ ထောင့်အနီးမှာ ဆိုင်ကယ်နဲ့လာတဲ့ လူငယ်အမျိုးသားတစ်ဦးကို လူတစ်စုက စစ်ဆေးမယ်ဆိုပြီး ရပ်တန့်ခိုင်းခဲ့ကြောင်း၊ အဲဒီနောက် Tool Box ထဲထည့်လာတဲ့ ကျပ်သိန်း ၁၂၀ ကျော်ကို လုယူသွားကြောင်း သိရပါတယ်။

“ ဆိုင်ကယ်ရပ်ပြီး ဖုန်းကိုင်တဲ့အချိန် အောက်က ယူနီဖောင်းခံဝတ်ထားပြီး စစ်မယ်ဆိုပြီး ပိုက်ဆံတွေ တွေ့တော့ ယူသွားတာတဲ့” လို့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး နီးစပ်သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

လုယူသွားတဲ့သူတွေဟာ သုံးဦးဖြစ်ပြီး Click ဆိုင်ကယ်တစ်စီးနဲ့ Scoopy တစ်စီးလည်း တွေ့ရတယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာဟာ ယာဥ်သွားယာဥ်လာမပြတ်တဲ့ လမ်းမကြီးတစ်ခုဖြစ်ပြီး စစ်အုပ်စုဝင်တွေ မကြာခဏ စစ်ဆေးတတ်တဲ့နေရာတွေဖြစ်ကြောင်း၊ အခင်းအဖြစ်မီ မနက်ပိုင်းကလည်း
အခင်းဖြစ်ရာနေရာနဲ့ နှစ်ပြအကွာ ၆၂ လမ်းမကြီးပေါ်မှာ စစ်အုပ်စုက စစ်ဆေးရေးလုပ်နေခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီတပ်သားတွေက နေ့စဥ် ၁၀ ဖွဲ့ကျော်ကျော်နဲ့ လှည့်လည်စစ်ဆေးနေပြီး ပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်နေပါတယ်။ ဒါ့အပြင် စစ်ကောင်စီ လက်သပ်မွေးထားတဲ့ ပျူစောထီးတွေကလည်း ယာဥ်စစ်ဆေးဆိုပြီး လုယက်တာတွေ ပြုလုပ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ အောက်တိုဘာလ ၁၃ ရက်နေ့လယ်ပိုင်းမှာ ကားလုယက်မှုထပ်မံဖြစ်ပွားခဲ့ပါတယ်။

သတင်း

မူဆယ်မြို့တွင် အုပ်စုဖွဲ့လုယက်သူတစ်စုက အမျိုးသမီးတစ်ဦးအား ဓားဖြင့်အချက်ပေါင်းများစွာထိုးပြီးလုယက်၍ အဆိုပါအမျိုးသမီး သေဆုံးသွားခဲ့သည်။

သတင်း

မန္တလေးမြို့လယ်ခေါင် လူစည်ကားရာနေရာမှာ မနေ့ (ဇွန်လ ၆ ရက် ) က အမျိုးသမီး တစ်ဦး ကို ဓားနဲ့ရန်ပြုပြီး ငွေလုယက်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့မြို့ခံအချို့ဆီ ဆီကသိရပါတယ်။

News Story

ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်ကဖြစ်သည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၉Aလမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားသို့ အဖြူနှင့် လိမ္မော်ရောင်စပ်ကြား Honda Click ဆိုင်ကယ် မောင်းနှင်လာသော လူငယ်တစ်ဦး ဝင်ရောက်လာခဲ့သည်။