ဒီဇင်ဘာ-၃၁၊၂၀၂၅။သုည/People’s Spring
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၃၁) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တနေရာမှာ အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းက “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “ အောင်လံလွှင့်မည်ရွှေရေကြည် သပိတ်စစ်ကြောင်းနဲ့ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” ဆိုတဲ့ စာသားတွေကို ကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာစစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းက ကျေးရွာတစ်ရွာမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်ကောင်စီက ပြုလုပ်မယ့် ဟန်ပြရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ကျဆုံးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။




















































