close
Connect with us

Hi, what are you looking for?

သတင်း

KIAရဲ့ ဗန်းမော်မြို့သိမ်းထိုးစစ် မြို့တွင်းနေရာအများအပြား တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့(ဇန်နဝါရီ ၁၄ရက်)မှာထိုးစစ်ဆင်မှု ထပ်မံပြုလုပ်ခဲ့လို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့(ဇန်နဝါရီ ၁၄ရက်)မှာထိုးစစ်ဆင်မှု ထပ်မံပြုလုပ်ခဲ့လို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၅ ဒီဇင်ဘာလဆန်းက စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး မပြီးမြောက်သေးတဲ့အတွက် KIA ပူးပေါင်းတပ်ဟာ အကြိမ်ကြိမ်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်အတွင်း ဗန်းမော်မြို့မှာတိုက်ပွဲတွေ ငြိမ်သက်နေပြီးဒီမနက်မှ ထိုးစစ် ပြန်စတင်တာလို့ ပြောပါတယ်။

“ စကခ-၂၁(အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ကို ဝင်တိုက်နေတယ်။ ၆၄၁၊ ၄၇(စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ ခြေလျင်တပ်ရင်း)နဲ့ မြို့တွင်းမှာ ပြင်းထန်နေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ယနေ့ မနက်ပိုင်းမှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

တနေ့ကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး KIA ပူးပေါင်းတပ်က စစ်ကောင်စီတပ်နေရာအချို့ သိမ်းရထားတယ်လို့လည်း ပြောပါတယ်။

“ မြို့တွင်းနေရာအချို့ထပ်ရထားတယ်လို့ ကြားတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ဒီကနေ့ ညပိုင်းမှာပြောပြပါတယ်။ စစ်ရေး အခြေအနေတွေ ဆက်လက်စုံစမ်းမေးမြန်းနေဆဲပါ။

KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကိုလည်း ဗန်းမော်တိုက်ပွဲ အခြေအနေကို မေးမြန်းထားဆဲပါ။

စစ်ကောင်စီဘက်ကလည်း ဒီကနေ့ တိုက်ပွဲမှာ လေကြောင်းပစ်ကူပေး တုန့်ပြန်ခဲ့ရာ ဒီကနေ့ လေကြောင်း တိုက်ခိုက်မှု ၆ကြိမ်ရှိပြီလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KIA ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့သိမ်းနိုင်ရေးအတွက် ၂၀၂၅ ဒီဇင်ဘာ ၂၅ရက်ကလည်း စစ်ကောင်စီ တပ်နေရာတွေကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း ရက်အနည်းငယ် ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး၊ တပ်ရင်းမှူးနဲ့ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ် ထားတဲ့ အင်ဂျန်းယန်မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်းဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က စတင်ပြီးတန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ဒီကနေ့ ဒီဇင်ဘာ ၂၇ရက် မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး​နော်ဘူ နဲ့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်က သစ်ဖုလတောင်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြားက အရေးပါတဲ့ တပ်စခန်းကို သိမ်းနိုင်ခဲ့တာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၅ရက်မှာ သတင်းဖော်ပြပါတယ်။

သတင်း

တနိုင်းမှာလည်း လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီး ၂ဦးသေဆုံး