close
Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာ့ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်ပိုင်ရှင်တွေ စာရင်းကို အာရှ သုံးနိုင်ငံ ဆက်ဦးဆောင်နေ

ကမ္ဘာပေါ်မှာ ဩဇာအကြီးမားဆုံး ပတ်စ်ပို့တ် (နိုင်ငံကူး လက်မှတ်)တွေ စာရင်းမှာ အာရှနိုင်ငံတွေရဲ့ ပတ်စ်ပို့တ်တွေကပဲ ထိပ်ဆုံးကနေ ဆက်လက် ဦးဆောင်နေပါတယ်။

Hanley ပတ်စ်ပို့တ် ညွှန်ကိန်းရဲ့ ၂၀၂၆ ခုနှစ်အတွက် ဩဇာအကြီးဆုံး ပတ်စ်ပို့တ်များ စာရင်းကို ဇန်နဝါရီ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ မနှစ်ကလိုပဲ အာရှ ၃ နိုင်ငံဖြစ်တဲ့ စင်ကာပူ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ထိပ်ဆုံးက ရပ်တည်နေတာကို တွေ့ခဲ့ရပါတယ်။

ပတ်စ်ပို့တ်တစ်ခုရဲ့ ဩဇာကြီးမားမှု ဆိုတာဟာ အဲဒီပတ်စ်ပို့တ် ကိုင်ဆောင်သူတွေဟာ ကမ္ဘာပေါ်က နိုင်ငံနဲ့ နယ်မြေပေါင်း ဘယ်လောက်များများကို ဗီဇာကင်းလွတ်မှု၊ ဒါမှမဟုတ် ဆိုက်ရောက်ဗီဇာ ချက်ချင်းရရှိမှုမျိုး အခွင့်အရေးတွေနဲ့ ခရီးသွားနိုင်သလဲ ဆိုတာကို တိုင်းတာ သတ်မှတ်တာ ဖြစ်ပါတယ်။

Hanleyက စာရင်းပြုစုထားတဲ့ ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေစုစုပေါင်း ၂၂၇ ခုထဲမှာ စင်ကာပူ ပတ်စ်ပို့တ် ကိုင်ဆောင်ပြီး အလွယ်တကူ သွားလာနိုင်တာက ၁၉၂ ခု ရှိပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပတ်စ်ပို့တ်တွေကတော့ ဗီဇာပြဿနာ မရှိဘဲ နေရာပေါင်း ၁၈၈ ခုကို အလွယ်တကူ သွားလာနိုင်ပြီး ဒုတိယ နေရာမှာ ပူးတွဲ ရပ်တည်နေပါတယ်။ တတိယ နေရာမှာတော့ ဥရောပ နိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ လူဇင်ဘာ့ဂ်၊ စပိန်၊ ဆွီဒင်နဲ့ ဆွစ်ဇာလန် ပတ်စ်ပို့တ်တွေက စုစုပေါင်း ဗီဇာကင်းလွတ် ခရီးသွားနိုင်တဲ့ နိုင်ငံနဲ့ နယ်မြေ ၁၈၆ ခုစီရှိပြီး ပူးတွဲ ရပ်တည်နေကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနိုင်ငံတွေ နောက်မှာတော့ နောက်ထပ် ဥရောပ နိုင်ငံတွေပဲဖြစ်တဲ့ ဩစတြီးယား၊ ဘယ်လ်ဂျီယမ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်နဲ့ နော်ဝေးတို့ရဲ့ ပတ်စ်ပို့တ်တွေက ဗီဇာကင်းလွတ် နယ်မြေ ၁၈၅ ခုစီ ပိုင်ဆိုင်ပြီး စတုတ္ထနေရာကနေ အပြိုင်ရှိနေကြပါတယ်။

ဗြိတိန်အခြေစိုက် Henleyနဲ့ ရောင်းရင်းများ အဖွဲ့ဟာ နိုင်ငံတကာ လေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့ကြီးဆီက အချက်အလက်တွေကို အထူးပြု ဆန်းစစ်ပြီး အခုလိုမျိုး ပတ်စ်ပို့တ်တွေရဲ့ ဩဇာကြီးမားမှု ညွှန်ကိန်းတွေကို ထုတ်ပြန်နေခဲ့တာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်အတွက် စာရင်းမှာ အသိသာဆုံး တိုးတက်လာတာကတော့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)ရဲ့ ပတ်စ်ပို့တ်ဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း အကောင်းဆုံး အဆင့်မျိုးမှာ ရပ်တည်ခဲ့ပါတယ်။ ယူအေအီး ပတ်စ်ပို့တ်ဟာ ဗီဇာကင်းလွတ် သွားလာနိုင်တဲ့ နိုင်ငံနဲ့ နယ်မြေ ၁၈၅ ခု ရှိထားပြီး အဆင့် ၅ နေရာကို ရောက်လာပါတယ်။ ဒါဟာ ၂၀၀၆ ခုနှစ်ကနဲ့ ယှဉ်ရင် ဗီဇာကင်းလွတ် သွားလာနိုင်တဲ့ နိုင်ငံနဲ့ နယ်မြေစာရင်း ၁၄၉ ခု တိုးလာတာ ဖြစ်ပြီး အဆင့် ၅၇ ခု ခုန်တက်လာတာ ဖြစ်ပါတယ်။

တစ်ချိန်က ကမ္ဘာ့ဩဇာအကြီးဆုံး ပတ်စ်ပို့တ်ပိုင်ရှင် ဖြစ်ခဲ့တဲ့ အမေရိကန်ကတော့ လက်ရှိမှာ ဗီဇာကင်းလွတ် ဝင်ရောက်နိုင်တဲ့ နိုင်ငံနဲ့နယ်မြေ ၁၇၉ ခုရှိပြီး အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။ ဗြိတိန်ကတော့ ဗီဇာကင်းလွတ် ၁၈၂ နေရာနဲ့ သမ္မတနေရာကို ရောက်နေပါတယ်။

ပတ်စ်ပို့တ်တွေရဲ့ ဩဇာအားအနည်းဆုံး နိုင်ငံကတော့ အာဖဂန်နစ္စတန်ဖြစ်ပြီး နိုင်ငံနဲ့ နယ်မြေ ၂၄ ခုကိုသာ ဗီဇာကင်းလွတ် သွားလာနိုင်ပါတယ်။ အာဖဂန်ထက် ယောင်ယောင်လေးသာတဲ့ နိုင်ငံတွေအဖြစ် ဆီးရီးယား ပတ်စ်ပို့တ်ကိုင်ပြီး သွားလာနိုင်တဲ့ နေရာ ၂၆ ခု၊ အီရတ် ပတ်စ်ပို့တ်က ၂၉ ခု၊ ယီမင်နဲ့ ပါကစ္စတန် ပတ်စ်ပို့တ်တွေက ၃၁ ခုစီ အသီးသီး ရှိနေကြပါတယ်။ မြန်မာပတ်စ်ပို့တ်ကတော့ ဗီဇာပြဿနာမရှိဘဲ သွားလာနိုင်တဲ့ နိုင်ငံနဲ့ နယ်မြေ ၄၄ ခု ပိုင်ဆိုင်ပြီး အဆင့် ၈၉ ကနေ ရပ်တည်နေတယ်လို့ သိရပါတယ်။

ကိုးကား: CNN

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/LuduNwayOo/subscribe/
𝗬𝗼𝘂𝗧𝘂𝗯𝗲 – https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 – /
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – https://t.me/peoplespring

ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားလိုသူနည်းလာချိန်မှာ ပုံမှန်‌ကြေးထက် ကျပ်ငါးသိန်းပိုပေးရင် ငါးရက်အတွင်း အမြန်လုပ်ပေးမယ်လို့ စစ်ကောင်စီရဲ့ လက်အောက်ခံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဒီကနေ့ (ဇန်နဝါရီ၁) ကြေညာပါတယ်။

သတင်း

အလည်အပတ်နိုင်ငံကူးလက်မှတ်(PV)ကိုင်ဆောင်ကာ အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပထွက်ခွာသူများအား တားမြစ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်လိုက်သည်။

သတင်း

စစ်အုပ်စု အာဏာသိမ်းခဲ့​သည့်​နေ့မှ စ၍ အနိဌာရုံသတင်းများ၊မ​ကောင်းသတင်းများ ပြည့်နှက်နေ​သော မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းထား​သော ၁၁၁၄ ရက်​မြောက်​နေ့သတင်းဆိုးမှာ မန္တလေးမြို့၌ ဖြစ်ပွားခဲ့၏ ။ မန္တလေး နိုင်ငံကူးမှတ်ပုံတင်ထုတ်ပေးရေးရုံး(ပက်စ်ပို့ရုံး)၌ အမျိုးသမီး နှစ်ဦး လူပိသေဆုံးခဲ့ခြင်းပင် ဖြစ်သည်။