ဇန်နဝါရီ-၁၂၊၂၀၂၆။သတိုး/People’s Spring
ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF)ရဲ့ စစ်ဆင်ရေး နယ်မြေတွေက ၂လအတွင်း စစ်သုံ့ပန်း ၁၆ဦး ဖမ်းဆီးရမိပြီး အလင်းဝင်သူ ၁၃ဦးရှိတယ်လို့ အသိပေးထားပါတယ်။

အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းမကြီးတဝိုက်က စစ်ဆင်ရေးနယ်မြေမှာ ၂လအတွင်းစစ်ကောင်စီဘက်ကထွက်ပြေးလာသူနဲ့ ဖမ်းဆီးရမိသူ ၁၆ဦးရှိပြီး ဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်းတွေကို တပ်ဦး/တပ်တော်၏ မူဝါဒတွေ ၊ နိုင်ငံတကာစစ်ဥပဒေတွေ နဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဒီကနေ့(ဇန်နဝါရီ ၁၂ ) မှာ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် ၂လအတွင်း ဒီစစ်ဆင်ရေးနယ်မြေတွေကနေ SF/SAF ဆီကို အလင်းဝင်လာသူ ၁၃ ဦးရှိပြီး တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ် တစ်ဦးစီပါဝင်တယ်လို့သိရပါတယ်။

Public Service Announcement
အလင်းဝင်လာသူတွေကတော့ SF/SAF ရဲ့ ရဲဘော်တွေအနေနဲ့ တာဝန်ထမ်းဆောင်နေတယ်လို့ အသိပေးထားပါတယ်။
SF/SAF အနေနဲ့ အဖိနှပ်ခံလူထုအတွက် တိုက်ပွဲဝင်ချင်သူတွေကို လက်ကမ်းကြိုဆိုနေတယ်လို့လည်း ဖိတ်ခေါ်ထားပါတယ်။
ဓာတ်ပုံ – SF/SAF
















































