ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်း အပတ်စဉ်သစ် သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ် ၁၄ ရက်တွင်ကျင်းပပြုလုပ်ခဲ့ကြသည်။
ယင်းအခမ်းအနားတွင် သင်တန်းဆင်းစစ်ကြောင်းမှ ချီတက်စစ်ရေးပြခြင်း၊ တာဝန်ရှိသူများမှ အမှာစကားပြောကြားခြင်း၊ ထူးချွန်စစ်သည်များအား ဆုချီးမြှင့်ခြင်း၊ သစ္စာရေသောက်ခြင်း စသည့် အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။




သင်တန်းဆင်းပွဲသို့ အခြားသော တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်သစ် သင်တန်းအား ပြီးခဲ့သည့် ၂၀၂၂ ဇွန်လ (၁) ရက်က စတင်၍ ကျောင်းသားလက်ရုံးတပ်တော်၏ အခြေစိုက်ဒေသ တစ်နေရာတွင် သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
