close
Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်နဲ့မိုးမိတ်မြို့ကြားတိုက်ပွဲပြင်းထန်

မိုးကုတ်နဲ့ မိုးမိတ်မြို့ကြားမှာ တိုက်ပွဲပြင်းထန်နေပြီး မိုးမိတ်မြို့အဝင်ကို အာဏာသိမ်းစစ်တပ်က ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုးကုတ်-မိုးမိတ် စစ်​မြေပြင်မှာတာဝန်ထမ်း​ဆောင်​နေတဲ့ PDF တပ်ဖွဲ့ဝင်တဦး။ဓါတ်ပုံ-NUG-MOD

ဇန်နဝါရီ-၁၂၊၂၀၂၆။အိမ်သွင်/People’s Spring

မိုးကုတ်နဲ့ မိုးမိတ်မြို့ကြားမှာ တိုက်ပွဲပြင်းထန်နေပြီး မိုးမိတ်မြို့အဝင်ကို အာဏာသိမ်းစစ်တပ်က ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ ပစ်ခတ်သံတွေကိုမိုးမိတ်မြို့ထဲကပါကြားနေရတာ။ဆူညံနေတာပဲ။စစ်တပ်ကမိုးမိတ်အဝင်ကို ပိတ်ထားတယ်။မြို့ထဲကနေလည်း လက်နက်ကြီးတွေပစ်နေတယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲက မိုးကုတ်ဘနဲ့ မိုးမိတ်မြို့နယ်အစပ်ဖြစ်တဲ့ ထုံးဖိုရွာ၊ ဟွေလိပ်ရွာ၊ ကုန်းမကန်းရွာက တောင်ကြောတစ်လျှောက်မှာ ဇန်နဝါရီလ ၁၀ရက်နေ့က စပြီးပြင်းထန်နေတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တအာင်းတပ်(TNLA)က မိုးကုတ်နဲ့မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်​ပေးအပ်ပြီးတဲ့နောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပါတယ်။အဲဒီ​နောက်နိုဝင်ဘာလ၃၀ရက်ကစပြီးစစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလ (၃၀) ရက်က နေ ဒီဇင်ဘာလ ၂၄ရက်အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၂၀ ကျော်ဖြစ်ခဲ့ပြီးစစ်တပ်စခန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ဦး သေဆုံးပြီး ၃ဦးဖမ်းမိထားတယ်လို့ MODက ထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်တွေရဲ့အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ ကာကွယ်​ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

မိုးကုတ်မြို့မှာဇန်နဝါရီလဆန်းကလည်း စစ်တပ်စွဲထားတဲ့နေရာတချို့ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသလို လက်နက်ကြီးပစ်ခတ်သံနဲ့ပေါက်ကွဲသံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုးကုတ်မြို့နယ်ထဲမှာ တိုက်ပွဲဆက်ဖြစ်နေချိန်စစ်​ကောင်စီက ရဲနဲ့ ပျူစောထီးတွေပို့ထားပြီး စစ်တပ်ဆန့်ကျင်တဲ့သူတွေကို ပစ်မှတ်ထားပြီး စုံစမ်းနေပါတယ်။

မိုးမိတ်မြို့မှာလည်း စစ်ကောင်စီတပ်တွေထဲက စစ်မှုထမ်းသင်တန်းဆင်းတွေ ထွက်ပြေးတာတွေဖြစ်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ရက်နေ့မှာ ၄၀ ဦး ထွက်ပြေးလို့ စစ်တပ်က ပိတ်ဆို့ရှာဖွေခဲ့ပါတယ်။လက်ရှိဆက်လက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ NUGက သတင်းမထုတ်ပြန်သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန ဦးစီးကွပ်ကဲမှုနဲ့ မကွေးတိုင်း မြို့နယ် ၆ခုက စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စလင်းမြို့နယ်ကစလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ဝန်းရံပိတ်ဆို့ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ကံပြားကျေးရွာကို စစ်ကောင်စီရဲ့ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးရွယ်အိုတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေပစ်တဲ့ လက်နက်ကြီးကျည်က လူနေရပ်ကွက်ထဲကိုကျလို့ အရပ်သား ၁ဦးသေဆုံးသွားပါတယ်။

သတင်း

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ပါတယ်။