အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်နှေးနေရင် ဂရင်းလန်ကျွန်းဟာ ရုရှားပိုင်နက် ဖြစ်လာဖို့ အခွင့်အရေး ရှိလိမ့်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ လက်ရုံးက ပြောကြားလိုက်ပါတယ်။
အာတိတ် ဒေသမှာရှိတဲ့ ဒိန်းမတ် လက်အောက်ခံ ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်အဖြစ် သိမ်းသွင်း ရယူနိုင်ဖို့ ထရမ့်က အင်တိုက်အားတိုက် ကြိုးစားလာချိန်မှာ ရုရှား သမ္မတဟောင်း တစ်ဦးလည်းဖြစ်သူ လက်ရှိ ရုရှား လုံခြုံရေးကောင်စီ ဒုတိယ အကြီးအကဲ ဒီမစ်ထရီ မက်ဗီဒက်ဗ်က အခုလို မှတ်ချက် ပေးလာခဲ့တာ ဖြစ်ပါတယ်။ မက်ဗီဒက်ဗ်ဟာ ပူတင်ရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ်၊ လက်ရုံးတစ်ဦးဖြစ်ပြီး အရင်က ထရမ့်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ရိုက်ထိုးနှက်တဲ့ ဝေဖန်စကားတွေလည်း ပြောခဲ့ဖူးပါတယ်။
ဇန်နဝါရီ ၁၂ ရက်နေ့တုန်းက Interfax သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်ရဲ့ ဂရင်းလန်ကျွန်း သိမ်းယူရေး ရည်မှန်းချက်နဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ မက်ဗီဒက်ဗ်က ဂရင်းလန် ပြည်သူတွေဟာ ရုရှားနဲ့ ပူးပေါင်းဖို့ မဲပေးလိုက်တာမျိုးလည်း ဖြစ်လာနိုင်ပြီး အဲဒီလိုသာဆိုရင် ထရမ့်တော့ ရင်နာရလိမ့်မယ်လို့ ပြန်ဖြေခဲ့ပါတယ်။
ထရမ့်က ခပ်သွက်သွက်လေး လုပ်ဖို့တော့ လိုကြောင်း၊ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ နောက်ထပ် ရက်ပိုင်းလောက် အကြာမှာတင် ဂရင်းလန်မှာ လူထုဆန္ဒ ခံယူပွဲ ကျင်းပနိုင်ခြေ ရှိနေကြောင်း၊ အဲဒီမှာ ကျွန်းရဲ့ ဒေသခံပြည်သူ ၅၅၀၀၀ စလုံးက ရုရှားဆီ ပူးပေါင်းချင်ပါတယ်လို့ မဲပေးလိုက်မယ်ဆိုရင် ထရမ့်မြင်ချင်သလိုမျိုး အမေရိကန် အလံမှာ နောက်ထပ် ကြယ်သေးသေးလေးတစ်ပွင့် ထပ်မြင်ခွင့် ရတော့မှာ မဟုတ်ကြောင်း မက်ဗီဒက်ဗ်က လှောင်ပြောင်သွားပါတယ်။

Public Service Announcement
အမေရိကန် အလံမှာ အရွယ်တူ ကြယ်ဖြူအသေးလေး အပွင့် ၅၀ ပါဝင်ပြီး နိုင်ငံရဲ့ ပြည်နယ် တစ်ခုချင်းစီကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။ တကယ်လို့ ဂရင်းလန်သာ အမေရိကန်ရဲ့ ပြည်နယ်အသစ် ဖြစ်လာရင် ကြယ်တစ်ပွင့် တိုးလာမှာကို မက်ဗီဒက်ဗ်က ရည်ညွှန်းခဲ့တာပါ။

ထရမ့်က ဂရင်းလန်ဟာ အမေရိကန်ရဲ့ မဟာဗျူဟာ အကျိုးစီးပွားအရ အထူးအရေးတကြီး လိုအပ်တဲ့ နယ်မြေဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေပြီး အဲဒီရည်ရွယ်ချက် ပြည့်မြောက်ဖို့ အနုနည်းရော၊ အကြမ်းနည်းပါ သုံးနိုင်တယ် ဆိုတာမျိုး ခြိမ်းခြောက်ထားပါတယ်။
ပြီးတော့ တကယ်လို့ ဂရင်းလန်ကို အမေရိကန်က မသိမ်းယူဘူးဆိုရင် နောင်တစ်ချိန်မှာ ရုရှားနဲ့ တရုတ်တို့က သိမ်းပိုက်သွားနိုင်ကြောင်း၊ ဒါမျိုးတော့ သူ့အနေနဲ့ လုံးဝ အဖြစ်မခံနိုင်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။
ဂရင်းလန် အစိုးရကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတဲ့ အခြေအနေကနေ အမေရိကန်နဲ့ ပူးပေါင်းလိုက်ဖို့ လုံးဝ ဆန္ဒမရှိကြောင်း ယတိပြတ် ပြောကြားထားပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့က ထုတ်ပြန်ချက်မှာတော့ အမေရိကန်ဟာ ဂရင်းလန်ကို ပိုင်နက်နယ်မြေအဖြစ် သိမ်းယူဖို့ ဆန္ဒရှိတယ်ဆိုတာ ထပ်လောင်း အသိပေးခဲ့ပေမယ့် အဲဒီကိစ္စဟာ ဂရင်းလန် ညွန့်ပေါင်းအစိုးရရဲ့ သဘောထား ဆန္ဒနဲ့ လုံးဝ ဆန့်
ကျင်နေပြီး လက်ခံသဘောတူမှာ မဟုတ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။
ဒေါ်နယ်ထရန့်က ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ဖို့ နောက်တစ်ကြိမ် ကြိုးစားလာတဲ့အပေါ် ရုရှားအစိုးရဘက်ကတော့ တရားဝင် မှတ်ချက်မပြုသေးပါဘူး။ဒါပေမဲ့ ရုရှားက အာတိတ်ဒေသကို သူတို့ရဲ့ အမျိုးသားလုံခြုံရေးနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့နှစ်က ဂရင်းလန်းနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ အခြေအတင် ဆွေး
နွေးမှုတွေကို အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ အခြေအနေလို့ ပြောဆိုပြီး အနီးကပ် စောင့်ကြည့်နေခဲ့တာပါ။
၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အာတိတ်ဒေသမှာ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ အတော်လေး ပျက်စီးသွားခဲ့ပါတယ်။ရာသီဥတု ပူနွေးလာပြီး ရေခဲတွေ အရည်ပျော်လာတဲ့အခါမှာ အရင်က သွားလို့မရတဲ့ ပင်လယ်ရေကြောင်း လမ်းသစ်တွေ ပွင့်လာပြီး သယံဇာတသစ်တွေ ထွက်ပေါ်လာဖို့ အလားအလာတွေ ရှိလာပါတယ်။ဒါကြောင့်ပဲ ဒီ
ဒေသဟာပိုပြီးတော့အပြိုင်အဆိုင်များလာပါတယ်။
ကိုးကား: Reuters
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/LuduNwayOo/subscribe/
𝗬𝗼𝘂𝗧𝘂𝗯𝗲 – https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 – /
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – https://t.me/peoplespring
ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews
















































