■စစ်ကောင်စီကလာဘ်စားဖို့အတွက် အခုလို့်ထပ်မံကန့်သတ်တာလို့ ဝေဖန်နေ
ဇန်နဝါရီ-၁၂၊၂၀၂၆။တေဇ/People’s Spring
ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ အလုပ်သမားသက်သေခံကတ်(OWIC) ကိုင်ဆောင်ထားသူတွေ စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရမှ ထွက်ခွာခွင့်ရမယ်လို့ ထပ်မံကန့်သတ်လိုက်တာကြောင့် ပြည်ပသွားရောက်အလုပ် လုပ်မယ့်သူတွေအခက်တွေ့နေကြပါတယ်။
ဒီလိုကန့်သတ်လိုက်တာဟာ စစ်ကောင်စီကလာဘ်ပေးလာဘ်ယူပိုလုပ်နိုင်အောင် ဖို့ လုပ်ဆောင်တဲ့သဘောလို့ အလုပ်သမားအရေးဆောင်ရွက်သူတွေနဲ့ ပြည်ပရောက်မြန်မာလုပ်သားတွေက ဝေဖန်ပြောဆိုပါတယ်။

Public Service Announcement
ပြည်ပမှာသွားရောက်လုပ်ကိုင်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ခွင့်ပြုချက်ရမှ ပြည်ပထွက်ခွင့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ဇန်နဝါရီ၁၁ရက်မှာ ထုတ်ပြန်ခဲ့ပါတယ် ။ အဲဒီလို့ကန့်သတ်ပြီး နောက်တစ်ရက်ဖြစ်တဲ့ဇန်နဝါရီ ၁၂ရက်နေ့မှာ ပြည်ပထွက်ခွာတဲ့ လုပ်သားတွေ ထွက်ခွာခွင့်မရဘဲ လေဆိပ်က ပြန်လွှတ်ခံရသူတွေရှိခဲ့ပါတယ်။
“ သောကြာ(ဇန်နဝါရီ ၉) မှာစာထုတ်ပြီး မနေ့ညကစာတွေဖြန့်တယ်ပြောပါတယ်။မနေ့ညကစာကို ဒီမနက်ညမထွက်ရဘူးပြောပါတယ်။ စင်္ကာပူFlight တစ်ခုထဲအယောက် ၆၀ ကျော်ပြန်လွှတ်တာ” လို့ ကိုယ်တိုင်ကြုံခဲ့ရသူ စင်္ကာပူနိုင်ငံကို အလုပ်လုပ်က်ုင်ဖို့သွားမယ့်သူတစ်ဦးက ပြောပါတယ်။
OWIC ကတ်ကိုင်ဆောင်သူတွေအနေနဲ့ အရင်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကို အီးမေးလ်ပို့ထားရင် ပြည်ပထွက်ခွာခွင့်ရပေမယ့် လက်ရှိအချိန်မှာတော့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ခွင့်ပြုချက်ရမှ ပြည်ပထွက်ခွာခွင့်ရမယ်လို့ ဇန်နဝါရီ ၁၁ ရက်မှာ အလုပ်သမားဝန်
ကြီးဌာနရဲ့ဝက်ဆိုဒ်မှာ ထုတ်ပြန်ခဲ့တာပါ။
ထုတ်ပြန်ချက်မှာ အဲဒီခွင့်ပြုချက်က ဘယ်ရက်ကစတင်မယ်ဆိုတာ မပါဝင်ပေမယ့် ထုတ်ပြန်ပြီး နောက်တစ်ရက်မှာပဲ ပြည်ပက်ိုထွက်ခွာတဲ့ မြန်မာလုပ်သားတွေ လေဆိပ်က ထွက်ခွာခွင့်မပြုတော့တာဖြစ်လို့ ပြည်ပသွားဖို့ လေဆိပ်ရောက်လာသူတွေ ၊ပြည်ပသွားဖို့ စီစဥ်ထားသူတွေ အကုန်အခက်အခဲဖြစ်ကုန်ပါတယ် ။
“ OWIC နဲ့ပတ်သက်ပြီး နိုင်ငံခြားတိုင်းပြည်တွေမှာသွားမယ့်အလုပ်လုပ်မယ့် အလုပ်သမားတွေကို ကန့်သတ်တာက ပိုပြီးတော့ ကြန့်ကြာစေတယ်။ နောက်တစ်ခုကလည်း ဒေသတွင်း ဌာနဆိုင်ရာတွေမှာ အဂတိလိုက်စားမှုတွေနဲ့ ရွှေ့ပြောင်းအလုပ်သ
မားတွေအနေနဲ့က ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အချိန်မီထွက်လို့ရအောင် မြန်ဆန်အောင်ဆိုပြီးတော့ ငွေကြေးပေးဆောင်ရမှာတွေ လာဘ်ပေးလာဘ်ယူမှုတွေရှိလာမယ်။ အခုလိုလုပ်လိုက်တာက ရွှေ့ပြောင်းအလုပ်သမားတွေကို သွားတဲ့လာတဲ့ ကိစ္စတွေမှာ အဟန့်အတားဖြစ်အောင် ဆောင်ရွက်တာလို့ပဲ ကျွန်တော်တို့အနေနဲ့ နားလည်ပါတယ်။”
လို့ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်း(FED)ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
ပြည်ပရောက်မြန်မာလုပ်သားတစ်ဦးကလည်း “ အဲဒီ OWIC Card တို့ PV/PJ တို့ဆိုတာ အလုပ်မဖြစ်မှန်း၊ မြန်မာနိုင်ငံကလွဲပြီး ဘယ်မှာမှမရှိမှန်းလည်း သူတို့ကောင်းကောင်းကြီးသိတယ်။တမင်ကို တနေ့တမျိုးမရိုးရအောင်စီစဥ်နေကြတာ။ လေဆိပ်ရဲ နဲ့ လဝကတို့က အလုပ်သမားရုံးကို ဝိုင်းလှော်ပေါင်းကြံပြီး VIPလမ်းကြောင်းဆိုတဲ့ဂွင်ဖန် သိန်း ၆၀ ထိ တောင်းပြီး အကြီးအကျယ် အဂ
တိလိုက်စားနေကြတာ။မသဒ္ဒါရေစာ အပူစာ သူတို့မို့ မျိုရဲတယ်” လို့ မှတ်ချက်ပြုပါတယ်။
ပြည်ပထွက်မယ့်သူတွေအနေနဲ့ နိုင်ငံကူးလက်မှတ် မိတ္တူ ၊ OWIC ကတ်မိတ္တူ ၊ သက်ဆိုင်ရာနိုင်ငံရဲ့ ပြည်ဝင်ခွင့်ဗီဇာ(သို့) နေထိုင်ခွင့်ဗီဇာ(သို့) သက်
တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ် နဲ့ လေယာဉ်လက်
မှတ်မိတ္တူတွေကို အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရုံးကို ပေးပို့ပြီး လျှောက်ထားရမယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
ပေးပို့ရာမှာလည်း စာတိုက်ကဖြစ်စေ ၊ အမြန်ချောနဲ့ဖြစ်စေ ၊ ကိုယ်စားလှယ် နဲ့ဖြစ်စေ လူကိုယ်တိုင် ဖြစ်စေလျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
ပြည်ပထွက်ခွာခွင့်ရသူတွေကို Safe Migration Telegram (https://t.me/dolmigration)ချန်နယ်ကနေ ထုတ်ပြန်ပေးမှာဖြစ်ပြီး ခွင့်ပြုတဲ့နေ့မှာပဲ မဖြစ်မနေ ထွက်ခွာရန်လိုအပ်သလို မထွက်ဖြစ်ရင် လုပ်ငန်းစဉ် အစကနေပြန်လုပ်ရမယ် လို့ အသိပေးထားပါတယ်။
“ လေယာဉ်လက်မှတ်ပြခိုင်းပြီး သူတို့ချပေးတဲ့နေ့သွားရမယ်ဆိုတော့ လေယာဉ်လက်မှတ်တွေက အဆုံးခံရမယ့်သဘောလား” လို့ ပြည်ပမှာအလုပ်လုပ်ကိုင်နေသူတစ်ဦးက မေးခွန်းထုတ်ထားပါတယ်။
ထုတ်ပြန်ချက်မှာ ပြည်ပထွက်ခွာ ခွင့်ပြုဖို့ ဘယ်
လောက်ကြာမြင့်မယ်ဆိုတာ မပါဝင်သလို ဒီလိုကန့်သတ်လိုက်တာက တရားမဝင်လမ်းကြောင်းတွေပေါ်လာအောင် လမ်းဖွင့်ပေးသလိုဖြစ်တယ်လို့ ပြည်သူတွေက ဝေဖန်ထားပါတယ်။
လေဆိပ်မှာက အရင်ကတည်းက ပြည်ပထွက်မယ့်သူတွေ အစစ်အဆေးမခံချင်ရင် ပွဲစားတွေနဲ့ ငွေ ကျပ်သိန်းဆယ်ချီပေးပြီး သွားရတဲ့ လမ်းကြောင်းတွေရှိတာကြောင့် OWIC သမားတွေအတွက်လည်း အဲဒီလိုလမ်းကြောင်းတွေပေါ်လာနိုင်ကြောင်း မှတ်ချက်ပြုထားကြပါတယ်။

















































