close
Connect with us

Hi, what are you looking for?

သတင်း

မြဝတီ – ဝေါ်လေ လမ်းပိုင်းကို စစ်ကောင်စီတပ်စိုးမိုးဖို့ ကြိုးပမ်း

ကရင်ပြည်နယ်၊ မြ၀တီ-ဝေါ်လေ လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒီနေ့ (အောက်တိုဘာ ၁၅ ရက်) မနက်ပိုင်းမှာ အဲဒီလမ်းပိုင်းပေါ်က အင်ကြင်းမြိုင်ကျေးရွာထဲကို ရောက်ရှိလာပြီဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မြဝတီ - ဝေါ်လေလမ်းပိုင်း (Google Map)

အောက်တိုဘာ – ၁၅ ၊၂၀၂၅ ၊နိုင်ပကောင်း /People’s Spring

ကရင်ပြည်နယ်၊ မြ၀တီ-ဝေါ်လေ လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒီနေ့ (အောက်တိုဘာ ၁၅ ရက်) မနက်ပိုင်းမှာ အဲဒီလမ်းပိုင်းပေါ်က အင်ကြင်းမြိုင်ကျေးရွာထဲကို ရောက်ရှိလာပြီဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

“ ဒီမနက် အင်ကြင်းမြိုင်ထိပ် စစ်တပ်ရောက်နေပြီ၊ ခုလမ်းပိတ်ထားတယ်၊ (တိုက်ပွဲ)မဖြစ်သေးဘူး၊ ဒါပေမယ့် ခုဏကတော့ အလုံးကြီးပစ်ထုတ်တယ်” လို့ ကရင်သတင်းရင်းမြစ်တစ်ဦးက ဒီနေ့မနက်ပိုင်းက ပြောပါတယ်။

အင်ကြင်းမြိုင်ရွာဟာ ထိုင်း – မြန်မာ နယ်ခြား သောင်ရင်းမြစ်ဘေးမှာတည်ရှိပြီး လေးကေကော်မြို့သစ်ရဲ့အရှေ့ဘက်မှာရှိတာပါ။

Public Service Announcement

Public Service Announcement

လေးကေကော်ကိုလည်းသိမ်းယူဖို့အတွက် စစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။

ဒီမနက်ပိုင်းမှာ စစ်ကောင်စီတပ်ရောက်သွားတဲ့ အင်ကြင်းမြိုင်ရွာကို ကရင်နယ်ခြားစောင့်တပ်(BGF) အမှတ်(၄)တပ်နယ် ထိန်းချုပ်ထားတာဖြစ်ပြီး ရွာထဲက BGF ဂိတ်တွေမှာ စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူလိုက်ပြီလို့ အခြားသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အင်ကြင်းမြိုင်ကျေးရွာကနေတဆင့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ထိန်းချုပ်ထားတဲ့ မင်းလက်ပံကျေးရွာဘက်ကို စစ်ကြောင်းထိုးလာမှာဖြစ်ပြီး မင်းလက်ပံကနေတဆင့် ဖလူးကျေးရွာဆီ ဆက်တိုးလာမှာလို့ ကရင်သတင်းရင်းမြစ်တွေက သုံးသပ်ပါတယ်။

လာမယ့် ဒီဇင်ဘာလမတိုင်ခင်မှာ စစ်ကောင်စီတပ်ဟာ လေးကေကော်မြို့အပါအဝင် မြ၀တီ-ဝေါ်လေ လမ်းပိုင်းတလျှောက်က စခန်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးနေပြီး လေးကေကော်မြို့က နေရာတချို့ကိုလည်း ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်လေးကေကော်ကိုစိုးမိုးထားတဲ့ မြို့အနောက်ဘက်က စွယ်တော်ကုန်း(ဗျူဟာကုန်း)ကို ပြန်မသိမ်းနိုင်သေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီရက်ပိုင်းအတွင်းမြ၀တီမြို့ ၊သောင်ရင်းမြစ်ကမ်းနံဘေးမှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) ၊အမှတ်(၄) တပ်နယ်မှူး ဗိုလ်မှူးချုပ်စောမုတ်သုန်ရဲ့ သုညဂိတ်နဲ့ နှစ် ဂိတ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးခဲ့ပြီး နှစ်ဂိတ်ကို နေရာယူလိုက်ပြီ လို့ မြ၀တီသတင်းရင်းမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

“ နှစ် ဂိတ်ကိုကျတော့ စစ်တပ်ကထိုင်လိုက်ပြီ၊ ဗိုလ်မုတ်သုန်ဂိတ်ပေါ့၊ တစ်ဂိတ်ရဲ့အောက်မှာ ဘုရားဂိတ်၊ ဘုရားဂိတ်ကြားမှာ နှစ် ဂိတ်လေ၊တပ်ထိုင်လိုက်ပြီ” လို့ အဲ့ဒီသတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဘုရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ နေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မိုးကုတ်မြို့ဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးနေတယ်လို့ အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ကျောက်ပြုတ်ရွာကို အထိုင်ချထားတဲ့ စစ်တပ်နဲ့ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ပျူ ၁၀ဦး ကျော် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ် တွေဆီကသိရပါတယ်။

Facebook