close
Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေးစံချိန်တင်တက်ပြီး ကျပ် ၈၆သိန်းကျော်လာ

ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် ပြည်တွင်းရွှေစျေးမှာ တစ်ကျပ်သား ကျပ်၈၆ သိန်းကျော်လာပြီလို့ ရွှေ၊ငွေ အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

အောက်တိုဘာ-၁၅၊၂၀၂၅။ဇော်ဝင်း /People’s Spring

ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် ပြည်တွင်းရွှေစျေးမှာ တစ်ကျပ်သား ကျပ်၈၆ သိန်းကျော်လာပြီလို့ ရွှေ၊ငွေ အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းမှုနဲ့ ဘဏ်အတိုးနှုန်း လျှော့ချမယ့် သတင်း အပါအဝင် စစ်ရေးအခြေအနေတွေက ကမ္ဘာ့​ရွှေစျေးကို အချိန်တိုအတွင်း စံချိန်တင်မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ဒီကနေ့(အောက်တိုဘာ ၁၅ ရက်)ကမ္ဘာ့ ရွှေစျေးကွက်မှာ တစ်အောင်စကို ၄၁၈၈ ဒေါ်လာရှိပြီး လွန်ခဲ့တဲ့ တစ်လဝန်းကျင်ကထက် တစ်အောင်စကို ဒေါ်လာ လေးရာကျော်အထိ မြင့်တက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ ကမ္ဘာဈေးက လတ်တလောနည်းနည်းကျများများတက်နဲ့ ၄၅၀၀ လောက်ထိသွားမယ့်ပုံပါပဲ။အမေရိကန်အတိုးနှုန်းလျှော့မယ့်ကိစ္စနဲ့ထရန့်ရဲ့တရုတ်ကို နိုဝင်ဘာမှာအခွန်တိုးကောက်မကောက်တာနဲ့ဆက်တက်မတက်ဆုံးဖြတ်ပါလိမ့် မယ်” လို့ ကမ္ဘာ့ရွှေစျေးကွက်လေ့လာစောင့်ကြည်သူတစ်ဦးက ပြောပါတယ်။

ပြင်ပရွှေစျေးကွက်အရ ၁၆ ပဲရည် တစ်ကျပ်သား အရောင်း ကျပ် ၈,၆၂၀,၀၀၀နဲ့ အဝယ် ကျပ် ၈,၅၅၀,၀၀၀ ရှိနေတယ်လို့ သိရပါတယ်။ ၁၅ ပဲရည် တစ်ကျပ်သား ရောင်းစျေးက ကျပ် ၈,၂၂၀,၀၀၀ နဲ့ ဝယ်စျေး ကျပ် ၈,၁၇၀,၀၀၀ ရှိပါတယ်။

ပြည်တွင်း ရွှေစျေးက တစ်ကျပ်သား ၈၂ သိန်းရှိခဲ့တဲ့ ဇွန်လနောက်ပိုင်း စံချိန်တင် အမြင့်ဆုံးစျေးဖြစ်လာပြီး လေးရက်အတွင်း တစ်ကျပ်သား လေးသိန်းဝန်းကျင် စျေးတက်လာတာလို့လည်း ပြည်တွင်ရွှေ အရောင်းအဝယ်လုပ်နေသူတစ်ဦးက အသိပေးပါတယ်။

“ ဈေးတက်နေတာက ကိုယ့်တစ်နိုင်ငံတည်းမဟုတ်ဘဲထိုင်း၊အိန္ဒိယ၊ ဂျပန်စတဲ့နိုင်ငံတိုင်းမှာတအားကိုတက်နေတာပါ။ဒါပေမယ့် ဘယ်ထိဆက်တက်မယ်ဆိုတာကတော့ ကမ္ဘာဈေးပေါ်မူတည်နေသလို မကြာခင် ၉၀ တန်းကို မြင်ရနိုင်တယ်” လို့ ၎င်းက ပြောပါတယ်။

ပြည်တွင်း ရွှေချိန်တွယ်ရာမှာ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သား မှာ ၀ ဒသမ ၅၂၅ အောင်စ ရှိပါတယ်။အကြမ်းဖျင်းပြည်တွင်းရွှေစျေးကို (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း ×၀ ဒသမ ၅၂၅ ) နဲ့ တွက်ချက်နိုင်ပါတယ်။

နိုင်ငံခြားငွေလဲနှုန်းစျေးကွက်အရ တစ်ဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ကျပ် ၄,၀၇၀နဲ့ အရောင်း ကျပ် ၃,၉ ၇၀ဝန်းကျင် ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေဈေးစံချိန်တင်ဆက်မြင့်တက်နေပြီးပြည်တွင်းရွှေဈေးတကျပ်သားကျပ်သိန်း ၈၀ ကျော်လာနေတယ်လို့ရွှေနှင့်ငွေဈေးကွက်အရောင်း အဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေး ဆက်လက်မြင့်တက်ကာ ပြည်တွင်းရွှေစျေးလည်း တကျပ်သား ကျပ်သိန်း ၈၀ခန့်ရှိလာတယ်လို့ ရွှေနဲ့ငွေ အရောင်းအဝယ်ပြုလုပ်နေသူအချို့က ပြောပါတယ်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။

သတင်း

ဒေါ်လာ​ဈေးလည်းတက်လာပြီးဝယ်​ဈေး ၄၄၀၀၊​ရောင်း​ဈေး ၄၅၀၀ ကျပ်ဝန်းကျင်​​ဈေး​ပေါက်

Facebook