close
Connect with us

Hi, what are you looking for?

သတင်း

ဆီမီးထွန်းပွဲ ဗုံးကြဲခံရမှုကြောင့် ထိခိုက်သူတွေကို ထောက်ပံ့ကူညီဖို့ ကော်မတီဖွဲ့

ချောင်းဦးမြို့နယ်ကဆီမီးထွန်းပွဲ စစ်တပ်ကဗုံးကြဲမှုကြောင့် ထိခိုက်သူတွေအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းကြောင်း အဲဒီကော်မတီကဒီက​နေ့ ထုတ်ပြန်ကြေညာပါတယ်။

စစ်တပ်ဗုံးကြဲမှု​ကြောင့် အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တပ်ဖွဲ့၊ ချောင်းဦးမြို့နယ်

အောက်တိုဘာ-၁၄၊၂၀၂၅။ဇေအောင်/People’s Spring

ချောင်းဦးမြို့နယ်ကဆီမီးထွန်းပွဲ စစ်တပ်ကဗုံးကြဲမှုကြောင့် ထိခိုက်သူတွေအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းကြောင်း အဲဒီကော်မတီကဒီက​နေ့ ထုတ်ပြန်ကြေညာပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ၆ရက်၊သီတင်းကျွတ်လပြည့်နေ့ညက မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အစပ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းကော်မတီအား ဖွဲ့စည်းလိုက်ကြောင်း အဲဒီကော်မတီကအောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန် အသိပေးပါတယ်။

ဗုံးကြဲမှုကြောင့်အနည်းဆုံးပြည်သူ ၂၃ ​ ဦး​သေဆုံးခဲ့ပြီး ၆၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ကော်မတီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လက်ရှိမှာလည်း ယင်းကော်မတီကနေ သေဆုံး ဒဏ်ရာရ ပြည်သူများအတွက် လိုအပ်တာတွေကို အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက်နေတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ကော်မတီဖွဲ့စည်းတာနဲ့ပတ်သက်လို့ ယင်းကော်မတီကို ဆက်သွယ်မေး​မြန်းထားပြီး လက်တလောဖြေကြားခြင်း မရှိသေးပါဘူး။

အဲဒီကော်မတီကိုမုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ၊ ချောင်းဦးမြို့နယ် လူငယ်အင်အားစုကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့နဲ့ သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ တာဝန်ခံများ၊ဒေသခံအဖွဲ့အစည်းများ စုစည်းကာ ဖွဲ့စည်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ချောင်းဦးဆီမီးထွန်းပွဲစစ်တပ် ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသရာမှာ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာအကူအညီတွေ များစွာလိုအပ်နေတယ်လို့ သွားရောက်ကူညီခဲ့သူတွေက ပြောပါတယ်။

ဆီမီးထွန်းပွဲကို ဗုံးကြဲခဲ့တဲ့ စစ်အုပ်စုကို ဖိအားပေး ဆန့်ကျင်ကန့်ကွက်ရုံသာမက နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ယန္တရားတွေမှာ တရားစွဲဆိုအပြစ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားပေးရန် နိုင်ငံတကာရှိ အစိုးရများနဲ့ အဖွဲ့အစည်းများအား အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့ကိုဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီကဗုံးကြဲသွားပြီး ဒါဟာ ၁၃ရက်အတွင်း ၃ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။

ဆောင်းပါး

လပြည့်ညက စစ်ကောင်စီ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ ဒီနေရာဟာ အခုတော့ လူသူမရှိ ငြိမ်သက်နေခဲ့တယ်။ ဒါပေမဲ့ အနံ့အသက်တခုတော့ ဦးဇင်းရခဲ့တယ်။ "ဒီနေ့ထိ သွေးညှိအနံ့တွေ ရနေတုန်း"လို့ ဦးဇင်းက မိန့်တယ်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက KNU တပ်မဟာ (၁) ထိန်းချုပ်ရာ ပျဉ်းမပင်ဆိပ်ရွာကိုမနေ့ (အောက်တိုဘာ ၉ ရက်) ညပိုင်းက စစ်ကောင်စီလေတပ်က ဗုံးကြဲတာကြောင့် ကလေး ငါးဦး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ (အောက်တိုဘာ ၁၀ရက်)မနက်မှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံ လုပ်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook