close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ထိုင်း​ရောက်မြန်မာ​တွေကို ​ဒုက္ခ​ပေးဖို့ စစ်အုပ်စုနဲ့​ပေါက်ကိုယ်​တော် ​ခြေတလှမ်းတိုးကြံစည်

ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီး မှာ စစ်အုပ်စုနဲ့ ​ပေါက်ကိုယ်​တော်ပူး​ပေါင်းပြီး ထိုင်း​ရောက်မြန်မာ​တွေကို မကြံစည်သင့် ၊မလုပ်သင့်တဲ့လုပ်ရပ်​တွေနဲ့ ဒုက္ခ​ပေးဖို့ကြံစည်​နေကြပါပြီ ။

(​စစ်တပ်က​မွေးထားတဲ့ ပေါက်ကိုယ်​တော် နဲ့ စစ်သား၊ပျူ​စောထီး​တွေ။ ဓါတ်ပုံ- ​ပေါက်ကိုယ်​တော်

နေ့သစ်/People’s Spring

ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီး မှာ စစ်အုပ်စုနဲ့ ​ပေါက်ကိုယ်​တော်ပူး​ပေါင်းပြီး ထိုင်း​ရောက်မြန်မာ​တွေကို မကြံစည်သင့် ၊မလုပ်သင့်တဲ့လုပ်ရပ်​တွေနဲ့ ဒုက္ခ​ပေးဖို့ကြံစည်​နေကြပါပြီ ။

ပြီးခဲ့တဲ့ ၄နှစ်​ကျော်လုံး လက်နက်ကိုင်​တွေခြံရံပြီး မန္တ​လေးတိုင်းမှာ စစ်တပ်အတွက်ကူတိုက်​ပေးမယ့် ပျူ​စောထီး​တွေ​မွေးထုတ်ပြီး တော်လှန်​ရေးအင်အားစု​တွေ နဲ့ ပြည်သူ​တွေကိုတိုက်ခိုက်သတ်ဖြတ်ဖို့ လှုံ့ဆော်နေတဲ့ ပျူခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်က ထိုင်းရောက်မြန်မာတွေထဲက နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်တဲ့ မြန်မာတွေအပေါ် ဖိနှိပ်နေတဲ့ ထိုင်းနှုတ်ခမ်းမွှေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ပေါက်ကိုယ်တော်ရဲ့အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိနေတဲ့ ထောက်ပို့တွေ၊ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်သူတွေကို နှိမ်နှင်းဖို့ ထိုင်းနှုတ်ခမ်းမွှေးကို လာတွေ့တာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက သုံးသပ်ပါတယ်။ သူတို့သုံးသပ်တဲ့အတိုင်းပဲ ပေါက်ကိုယ်တော်က အကောင်အထည် စတင်ဖော်နေပါပြီ။

Public Service Announcement

Public Service Announcement

အဲဒါက ပေါက်ကိုယ်တော်ဟာ ပျူစောထီးအဖွဲ့ဝင် လူငယ်အချို့ကို ဘန်ကောက်မြို့တော်ကိုစေလွှတ်ပြီး မြန်မာတွေအများဆုံးရှိတဲ့နေရာတွေမှာ ပြဿနာရှာဖို့ ဖြစ်ပါတယ်။

ပေါက်ကိုယ်တော်ကထိုင်းမှာပြဿနာရှာဖို့အတွက်သူရဲ့လူအချို့ကိုထိုင်းကိုစေလွှတ်ဖို့ စီစဉ်​နေတာကို လူထုနွေဦးက စုံစမ်းသိရထားပါတယ်။

“ ထိုင်းကိုသွားပြီး ပြသာနာရှာပေးရပါ့မယ်တဲ့။ ထိုင်းမှာ မြန်မာတွေအနေများတဲ့ ရက်ကွက်တွေ အလုပ်တွေဆီကိုသွားပြီး ပြသာနာရှာပေးရပါ့မယ်တဲ့။ ပြီးရင် ပြန်လာရပါ့မယ် ပြောပါတယ်” လို့ ပေါက်ကိုယ်တော်နဲ့ နီးစပ်သူတဦးက လူထုနွေဦးကို သတင်းပေးပါတယ်။

ပေါက်ကိုယ်တော် တပည့်အဖြစ်ခံယူပြီး လူမိုက်လုပ်နေသူတွေဟာ အနေအစားချောင်လို့ လုပ်နေတဲ့သူတွေပဲလို့ သူက မှတ်ချက်ပေးပါတယ်။ ထိုင်းကိုသွားပြီး မြန်မာတဲ့​နေတာများတဲ့​နေရာ​တွေမှာ ပြသာနာရှာဖို့ ​ပေါက်ကိုယ်​တော်ကာသူ့တပည့်လူမိုက်​တွေကို အသွားအပြန်စာရိတ်ငြိမ်း​စေလွှတ်​ပေး​နေတာလို့စုံစမ်းသိရပါတယ်။

အဲဒီလိုပြသာနာရှာရင် ထိုင်း​ရောက်မြန််မာ​တွေကိုအိမ်ရှင်ထိုင်းနိုင်ငံသား​တွေက မကြိုက်​အောင် ၊မြန်မာ​တွေအ​နေကြပ်ပြီး ဒုက္ခ​​ရောက်​အောင်၊ထိုင်းမှာမ​နေနိုင်​အောင် ​ပေါက်ကိုယ်​တော်ကတဆင့်စစ်တပ်ကကြံစည်​နေတာဖြစ်ပါတယ် ။

ပေါက်ကိုယ်တော်ရဲ့ အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ တော်လှန်ရေးထောက်ပို့လုပ်တဲ့သူတွေ အနေကြပ်အောင်လုပ်တဲ့အပြင် လူငယ်လုပ်သားတွေ စစ်မှုထမ်းဖို့ နေရပ်ပြန်လာစေဖို့ ဖိအားပေးဖို့ လကြံစည်​နေတာလို့ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ကျော်ကြာနေထိုင်ပြီး မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတဦးကလည်း သုံးသပ်ပါတယ်။

“ ဒါက ဖြစ်လာမှာဘဲ။ ပေါက်လာပြီဆိုကတည်းက မီးမွှေးတော့မယ်ဆိုတာ သိတယ်။ သူကိုယ်တိုင်ဒီလိုထွက်လာတာဟာ တကယ်ကို ပြဿနာတွေရှုပ်အောင်လုပ်တော့မယ်ဆိုတာ သိတယ်” လို့ အမည်မဖော်လိုတဲ့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးက ပြောပါတယ်။

ပေါက်ကိုယ်တော် ဘန်ကောက်ရောက်လာတာဟာလည်း ထိုင်းအာဏာပိုင်တွေရဲ့ လက်ချက်မကင်းကြောင်းနဲ့ ထိုင်းအာဏာပိုင်တွေထဲမှာ စစ်ကောင်စီနဲ့ ပနာသင့်ပြီး အမျိုးသားရေးလုပ်နေသူတွေရှိတယ်လို့လည်း ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက ဆိုပါတယ်။

ထိုင်းနှုတ်ခမ်းမွှေးဆိုသူဟာလည်း ထိုင်းရောက်မြန်မာလုပ်သားတွေ အနေကြပ်အောင် ထိုင်းအာဏာပိုင်တွေအပေါ် လိုက်လံဖိအားပေးလိုက်လံဖမ်းဆီးခိုင်းနေသူ ဖြစ်ပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားတွေကတော့ ထိုင်းမဘသ လို့ ခေါ်ကြပါတယ်။

ထိုင်းနှုတ်ခမ်းမွှေးဟာ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာ ၂၃ရက်မှာ ဘန်ကောက်မြို့က စစ်ကောင်စီရဲ့မြန်မာသံရုံးရှေ့ ဆန္ဒပြတာက အစပြုပါတယ်။ ထိုင်းရောက်မြန်မာတွေ နှင်ထုတ်ဖို့နဲ့ စစ်ကောင်စီအနေနဲ့ နေရပ်ပြန်ခေါ်ကြဖို့ ဆန္ဒပြ​တောင်းဆိုခဲ့တာပါ။

အဲဒီနောက်ပိုင်းစကြီး နှုတ်ခမ်းမွှေးနဲ့အဖွဲ့ဟာ ထိုင်းရောက်မြန်မာလုပ်သားတွေအပေါ် သိသိသာသာဖိအားပေးလာခဲ့ပါတယ်။ အဓိက အကြောင်းအရာက နွေဦးတော်လှန်ရေးအားပေးနေကြလို့ပါ။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်လာခဲ့တဲ့ ၂၀၂၅ ဧပြီ ၅ရက်က ကုလသမဂ္ဂ UNရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြတဲ့သူတွေကိုပါ ကိုယ်ထိလက်​ရောက် ထိုးကြိတ် ရန်ရှာခဲ့တဲ့တာ နှုတ်ခမ်း​​မွေးနဲ့ အဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်၊ဇူလိုင်က နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့မှာ တရားမဝင်မြန်မာတွေ ဖမ်းဆီးရေးစီမံချက်အတွင်းမှာလည်း နှုတ်ခမ်းမွှေးနဲ့ အဖွဲ့ကမဲဆောက်သွားပြီး သွေးထိုးလှုံ့ဆော်မှုတွေလုပ်ခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ကျော်ကြာနေထိုင်ပြီး မြန်မာလုပ်သားတွေအရေးကူညီနေသူတွေ ပြောပြချက်အရ နှုတ်ခမ်းမွှေးနဲ့အဖွဲ့ကို စစ်ကောင်စီရဲ့ မြန်မာသံရုံးက ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။

ဘန်ကောက်မြို့Saint Louis ဘူတာအနီးက မြန်မာသံရုံးအဟောင်းအဆောက်အဦထဲကို နှုတ်ခမ်းမွှေးနဲ့အဖွဲ့က မကြာခဏလာလေ့ရှိတယ်လို့လည်း သူကပြောပါတယ်။

စစ်ကောင်စီသံရုံးက မြန်မာ−ထိုင်း ချစ်ကြည်ရေးအသင်းအဖွဲ့အစည်းဖွဲ့ပြီး အဲဒီအဖွဲ့ကနေ ထိုင်းနှုတ်ခမ်းမွှေးအဖွဲ့ကို ထောက်ပံ့ပေးနေတာလို့လည်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးကလည်း ​ပြောပါတယ်။

အဲဒီအဖွဲ့မှာ မြန်မာ−ထိုင်း ဘာသာပြန်တွေခန့်ထားပြီး နှစ်နိုင်ငံအမုန်းစကားတွေပြန့်ပွားအောင်လူမှုကွန်ယက်က​နေဖြန့်ချီတာ​တွေလုပ်ခဲ့သလို ၊ပြင်ပမှာလုပ်နေကြတယ်လို့လည်းစုံစမ်းသိရပါတယ်။

သူတို့ဟာ မြန်မာတွေက ထိုင်းနိုင်ငံနဲ့ပတ်သက်တာတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တင်တဲ့အခါ အဲဒီစာသားတွေနဲ့ အကောင့်တွေကို ဘာသာပြန်ပြီး ထိုင်းအမျိုးသားရေးအဖွဲ့တွေဆီ ပေးပို့နေတာလို့လည်း ပြောပါတယ်။

နှုတ်ခမ်း​မွေးဟာ ​ပျူ​စောထီး​ခေါင်း​​ဆောင်လာတုန်းက လက်ခံ​တွေဆုံကြတဲ့ သတင်း​ကို မြန်မာနိုင်ငံကသတင်းဌာန​တွေက အကျယ်တဝင့်​​​ဖော်ပြပြီး​နောက်မှာ​တော့ ​ပေါက်ကိုယ်​တော်နဲ့အရင်ကမသိပဲ ထိုင်း​ရောက်​နေတုန်း အကုအညီလိုလို့တွေ့ချင်တယ်ဆိုတာ​ကြောင့် ခတ္တ​တွေ့ခဲ့တာသာဖြစ်တယ်လို့ ပြန်​ဖြေရှင်းခဲ့ပါတယ် ။

နှုတ်ခမ်းမွှေးနဲ့ စစ်တပ်လက်ကိုင်တုတ် ပေါက်ကိုယ်တော် ပေါင်းမိသွားတဲ့အတွက် ထိုင်းရောက်မြန်မာတွေ ပိုသတိထားပြီး နေထိုင်ကြရမယ်လို့လည်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးကသတိပေးပါတယ်။ ဥပဒေနဲ့အညီ နေထိုင်ကြဖို့လည်း အလုပ်သမားအရေးဆောင်ရွက်သူတွေက အကြံပြုပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဖို့အလိုရှိနေတဲ့ လူငယ်တွေအလုံးအရင်းနဲ့ထွက်ခွာသွားတာနဲ့နွေဦးတော်လှန်ရေးအနီးကပ်ထောက်ပို့ ကူညီသူတွေအများဆုံးရှိတဲ့ ထိုင်းနိုင်ငံကို မျက်စိဆံပင်မွှေးဆူးနေတာလို့ ၎င်းတို့က ဆိုပါတယ်။

နှုတ်ခမ်းမွှေးနဲ့ စစ်တပ်လက်ကိုင်တုတ် ပေါက်ကိုယ်တော် ပေါင်းမိသွားတဲ့အတွက် ထိုင်းရောက်မြန်မာတွေ ပိုသတိထားပြီး ဥပဒေနဲ့အညီ နေထိုင်ကြဖို့လည်း အလုပ်သမားအရေးဆောင်ရွက်သူတွေက အကြံပြုပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံဟာ ဥပဒေအရစနစ်တကျ အကာအကွယ်ပေးထားတဲ့အတွက်ကြောင့် အရမ်းကြီး စိုးရိမ်ဖို့မလိုကြောင်းလည်း အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

ပေါက်ကိုယ်တော်နဲ့ နီးစပ်ကတော့ စစ်တပ်ဟာ ပြည်ပရောက်မြန်မာတွေကို အဖမ်းခံရအောင် ဒုက္ခပေးတော့မှာမို့ သတိထားကြဖို့ အကြံပြုပါတယ်။

“ စစ်တပ်ရဲ့ရည်ရွယ်ချက်က ပြည်ပရောက်မြန်မာတွေ ဒုက္ခရောက်ပြီး အဖမ်းခံရအောင်၊ မြန်မာပြည်ပြန်လာရအောင် အောက်လုံးသုံးနေပါတယ်။ မြန်မာ​တွေစည်းလုံးစေချင်ပါတယ်” ။ ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က မိုးမိတ်မြို့နယ်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး သုံးလုံး ကြဲတိုက်ခိုက်ရာ ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၇ဦးသေဆုံးခဲ့ရတယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖားကန့်မြို့နယ်၊ မလန်းကျေးရွာမှာစစ်ကောင်စီတပ်နဲ့ KIA၊KPDF တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့ရှိ မင်းပြင်ရွာကို စစ်ကောင်စီတပ်က သီတင်းကျွတ်လပြည့်ညကစပြီး လပြည့်ကျော် ၁ ရက်အထိ နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ ဆီမီးထွန်းချိန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ဒီကနေ့ညပိုင်းအထိ ထပ်တိုးနေပြီး ၅ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။