close
Connect with us

Hi, what are you looking for?

သတင်း

ရေးနယ်မှာ သုံးရက်ဆက်တိုက်ပွဲအတွင်း အရာရှိအပါအဝင် စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိဟု MSRF ပြော

မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၁၀ရက်ကနေ ၁၂ရက်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီ ဘက်က ဗိုလ်ကြီးအပါအဝင် သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

Screenshot

အောက်တိုဘာ-၁၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၁၀ရက်ကနေ ၁၂ရက်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီ ဘက်က ဗိုလ်ကြီးအပါအဝင် သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်၊ ရေးမြိုနယ် ကနင်ကမော့ရွာအနီး၊ အောင်သာယာရွာနဲ့ လိမ္မော်ခြံရွာအနီး ၊ အောင်သပြေဘုန်ကြီးကျောင်းအနီးနဲ့ ဘေးလမိုင်းရွာနဲ့ သံဖြူဇရပ်မြို့နယ်အေးကမ္ဘာရွာအကြား နေရာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အောက်တိုဘာ ၁၀ရက် ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီး ၁ဦးနဲ့ တပ်သား ၁ဦး သေဆုံးခဲ့ပေမယ့် တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ထိခိုက်မှုမရှိဟု အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၀ရက် ညနေပိုင်းမှာလည်း ရေးမြို့နယ် အောင်သာယာရွာနဲ့ လိမ္မော်ခြံရွာ ကားလမ်းအနီးမှာလည်း မိနစ် ၂၀ခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၁ရက်မှာ အောင်သပြေဘုန်းကြီးကျောင်းအနီးက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။

အောက်တိုဘာ ၁၂ရက်မှာလည်း ရေးမြို့နယ် ဘေလမိုင်း‌ကျေးရွာကနေ သံဖြူဇရပ်မြို့နယ် အေးကမ္ဘာ‌ ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ခဲ့လို့ စစ်ကောင်စီဘက်က ဗိုလ်ကြီး အပါအဝင် ၈ဦး သေဆုံးပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီ တိုက်ပွဲတွေမှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်‌တော် (RMA)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ (၃၃) ဒေါနချေမှုန်းရေးတပ်ခွဲနဲ့ တပင်ရွှေထီးတပ် တို့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

ဒေသစစ်ရေးအခြေအနေကြောင့် ပြည်သူတွေ လုံခြုံရေး သတိပြုဖို့ MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောပါတယ်။

” အရပ်သား ပြည်သူများအနေနဲ့ ရန်သူ့စစ်ကောင်စီရဲ့ စစ်ကြောင်း သတင်း အခြေအနေကို နားစွန့်ပြီး သတိထားပြီး သွားလာလှုပ်ရှားဖို့ တိုက်တွန်းလိုပါတယ်”လို့ မိတလဉာဏ်က ပြောပါတယ်။

ရေးနယ်မှာ သုံးရက်ဆက်တိုက်ပွဲအတွင်း အရာရှိအပါအဝင် စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိဟု MSRF ပြော အောက်တိုဘာ-၁၅၊ ၂၀၂၅။…

Posted by People's Spring on Tuesday 14 October 2025

ရုပ်သံ – MSRF

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်စွာ ပြုလုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန် သတိပြုဖို့ တအာင်းပြည်ကောင်စီ(TLC)က နှိုးဆော်တိုက်တွန်းချက် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မိုးကုတ်မြို့ဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးနေတယ်လို့ အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာဘုရားပွဲပြန်လာသူတွေကိုစစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးလို့ လူငယ်အများအပြားဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ ရွာသာကြီးကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook