close
Connect with us

Hi, what are you looking for?

သတင်း

ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်တွေလွှတ်ပေးရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်တွေပြန်လွှတ်ပေးရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၁၄) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ-၁၄၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်တွေပြန်လွှတ်ပေးရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၁၄) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မှာအောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းဟာ “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားတွေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးအနေနဲ့ ဆန့်ကျင်ကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ဖမ်းဆီးထားသောနိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ချင်းလွှတ်ပေးရေး ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

အရာတော်မြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ – ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားထုညီလာခံတရပ်ပြုလုပ်ကာ အမှုဆောင် ပြန်လည်ရွေးကောက်ကာ စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ ဆန့်ကျင်တော်လှန်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ ဗကသများအဖွဲ့ချုပ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် မြန်မာ့ ရွေးကောက်ပွဲဆီ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က စောင့်ကြည့်လေ့လာရေး ကိုယ်စားလှယ် အဖွဲ့တွေ စေလွှတ်ဖွယ် မရှိဘူးလို့ မလေးရှား အစိုးရက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဆီမီးသပိတ်မှာ ကျဆုံးခဲ့ရတဲ့ ကျောင်းသားပြည်သူတွေအတွက် ဆုတောင်းခြင်း သပိတ်လှုပ်ရှားမှုတွေဒီကနေ့ မှာအသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ဒီကနေ့ (အောက်တိုဘာ ၉) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဆီမီးသပိတ်မှာ ကျဆုံးခဲ့တဲ့ကျောင်းသားပြည်သူတွေအတွက် သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၇)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

Facebook