close
Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်မှာစစ်တပ်ကညပိုင်းမှာ ရွာတွေကိလက်နက်ကြီးနဲ့ပစ်လို့ ပြည်သူအများအပြား ထွက်ပြေးနေရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကိုညအချိန် လက်နက်ကြီးတွေနဲ့ပစ် ခတ်လို့ ပြည်သူအများအပြား ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

အောက်တိုဘာ-၁၀၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကိုညအချိန် လက်နက်ကြီးတွေနဲ့ပစ် ခတ်လို့ ပြည်သူအများအပြား ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ည ၉ နာရီဝန်း ကျင်က ကြို့ပင်ကောက်မြို့နယ်ဘက်ကနေလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတခုဟာ မအူတန်းရွာနဲ့ ကိုင်းကြီးရွာတွေနားကိုရောက်လာပြီး ပဲခူးရိုးမအနီးတည်ရှိတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့(၈)ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တယ်လို့ ​ဒေသခံ​တချို့က​ပြောပါတယ်။

“ တောတိုးလေးဆိုတဲ့ ရွာဘက်ကို ပစ်နေတာဗျ။ မအူတန်းနဲ့ ကိုင်းကြီးဘက်ကနေ ရမ်းထုနေတာ” လို့ ယမန်နေ့ညပိုင်းက စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တဲ့အခြေအနေကို စစ်ရေးသတင်းရင်း မြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ကျေးရွာအတွင်းဝင်ရောက်မှုတွေကြောင့် ကိုင်းကြီး၊ ကိုင်းကလေး၊ မအူတန်း၊ ကြို့ကိုးပင်၊ စံပြထွက်တိုး၊ ဒေါင်းစပါးကွင်းနှင့် သရက်တော စတဲ့ကျေးရွာများမှ ဒေသခံပြည်သူတွေ ထွက် ပြေးတိမ်းရှောင်နေကြရတယ်လို့ အဲဒီသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာ စစ်ကောင်စီတပ်သားတွေဟာ အုတ်ဖိုမြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ကြို့ပင်ကောက်မြို့နယ်ထဲက ဆင်ကူးရွာဘက်ကို ပြန်ဆုတ်သွားကြပေမယ့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေ ပြန်ရောက်လာမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ စုံ စမ်းသိရပါတယ်။

ဒါ့အပြင် အုတ်ဖိုမြို့ပေါ်နဲ့ ပဲခူးရိုးမကြားမှာတည်ရှိတဲ့ သဲကောရွာနှင့် သဖန်းပင်ဆိပ်ရွာတွေမှာ စစ်ကောင်စီတပ်သားတွေ လာရောက်အထိုင်ချထားတာကြောင့် အဲဒီကျေးရွာတွေနဲ့ အနီးဝန်း ကျင်မှ ပြည်သူတွေဟာ ပစ်ခတ်မှုတွေဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

လက်နက်ကြီး ပစ်ခတ်မှု​ကြောင့် ပြည်သူ့နေအိမ်တွေထိခိုက်မှုရှိမရှိနဲ့ ပြည်သူထိခိုက်မှုရှိမရှိ စတဲ့အခြေအနေအပြည့်အစုံကို လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ လက်နက်ကြီး၊လေကြောင်းပစ်ကူယူပြီး အပြင်းအထန်ထိုးစစ်ဆင်လာနေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၁၅)က ဒီကနေ့(အောက်တိုဘာ ၁၀ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာစစ်တပ်က ကင်းပုန်းတွေချထားပြီး ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်နေကြောင်းဒေသခံတွေကပြောပါတယ်။

ဆောင်းပါး

ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီး မှာ စစ်အုပ်စုနဲ့ ​ပေါက်ကိုယ်​တော်ပူး​ပေါင်းပြီး ထိုင်း​ရောက်မြန်မာ​တွေကို မကြံစည်သင့် ၊မလုပ်သင့်တဲ့လုပ်ရပ်​တွေနဲ့ ဒုက္ခ​ပေးဖို့ကြံစည်​နေကြပါပြီ ။

သတင်း

ရှမ်းမြောက်က မိုးမိတ်မြို့နယ်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး သုံးလုံး ကြဲတိုက်ခိုက်ရာ ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၇ဦးသေဆုံးခဲ့ရတယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။