close
Connect with us

Hi, what are you looking for?

ဆောင်းပါး

မဟာမြိုင်တောထဲက ခရီးသွားတွေရဲ့သောက

ရွှံ့စေးတွေထနေတဲ့ ဆိုးရွားလွန်းတဲ့ မြေသားလမ်းထဲကို ကားလေးတစီး ထိန်းမောင်းလာတယ်။ ရှေ့မှာတော့ ထွန်စက်ကြီးတစီးက သူတို့ကားလေးကို ကြိုးနဲ့ဆွဲခေါ်ပေးနေတယ်။ ရွှံဗွက်တွေဟာ ကားဘီးတွေကတဆင့်ဘေးဘီဝဲယာကို စင်ထွက်လာတယ်။အဲဒီလမ်းကတော့နာမည်ကျော်မဟာမြိုင်-ကလေးဝ လမ်းတနေရာမှာပါ။ မန္တလေးကနေ ကလေး ပြန်ကြတဲ့ကားလေးတစီးရဲ့ ဖြစ်အင်ပါ။

Scorpio/People’s Spring

ရွှံ့စေးတွေထနေတဲ့ ဆိုးရွားလွန်းတဲ့ မြေသားလမ်းထဲကို ကားလေးတစီး ထိန်းမောင်းလာတယ်။ ရှေ့မှာတော့ ထွန်စက်ကြီးတစီးက သူတို့ကားလေးကို ကြိုးနဲ့ဆွဲခေါ်ပေးနေတယ်။ ရွှံဗွက်တွေဟာ ကားဘီးတွေကတဆင့်ဘေးဘီဝဲယာကို စင်ထွက်လာတယ်။အဲဒီလမ်းကတော့နာမည်ကျော်မဟာမြိုင်-ကလေးဝ လမ်းတနေရာမှာပါ။ မန္တလေးကနေ ကလေး ပြန်ကြတဲ့ကားလေးတစီးရဲ့ ဖြစ်အင်ပါ။

မန္တလေးကနေ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို ပြန်ကြသွားကြပြီဆိုရင် ဒီခေတ်အနေအထားနဲ့ လွယ်လင့်တကူတော့ ဖြစ်မနေခဲ့ပါဘူး။ စစ်ကိုင်းကနေ ထွက်လာပြီဆိုရင် မုံရွာ-မန္တလေးလမ်းအတိုင်းလာပြီး အရင်လို ရွှေဘိုလမ်းဘက်ကနေ လာလို့မရပါဘူး။မြင်းမူမြို့နယ်ထဲကနေတဆင့်တောတွင်းလမ်းတွေသုံးပြီးတန့်ဆည်နယ်ဘက် ရအောင်ကူးကာ မဟာမြိုင်ထဲဝင်ရကြောင်းသွားလာခဲ့သူတွေက ပြောပြပါတယ်။

မဟာမြိုင်ရောက်ခဲ့ပါပြီ။သီတင်းကျွတ်လရောက်ခဲ့တာတောင် မိုးကောင်းခဲ့တဲ့အညာမိုးဟာ မဟာမြိုင်လမ်းတွေကို မိုးတွင်းအစတုန်းကလိုပဲ ပျက်စီးခြင်းများစွာနဲ့ ကြိုဆိုခဲ့ပါတယ်။ ယခင်ကတည်းက မကောင်းခဲ့တဲ့ အဲဒီလမ်းတွေဟာအာဏာသိမ်းကာလ ၅ နှစ်နီးပါးအတွင်းမှာပိုမိုဆိုးရွားသွားစေခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။

Public Service Announcement

Public Service Announcement

တန့်ဆည်မြို့နယ်၊ တောဂျင်ရွာလမ်းပိုင်းကနေ ၅၂ မိုင်အထိလမ်း​ကမိုးကောင်းခဲ့လို့ ရေတိုက်စားပြီး အောက်ခံမြေကြီးတွေပါသွားတဲ့ ကျိုးကျနေတဲ့ ကွန်ကရစ်လမ်းတွေက ဆီးကြိုပါတယ်။ အဲဒီလမ်းပိုင်းမှာမထိန်းနိုင်လို့ လဲပြိုသွားတဲ့အိမ်စီးကားတွေ၊ ကုန်တင်ကားကြီးတွေ၊ ဆီဘောက်ဆာကားတွေ အများအပြား ရှိခဲ့တယ်လို့ သွားလာခဲ့သူတွေက ပြောပြတယ်။

“ ပြီးခဲ့တဲ့ရက်ပိုင်းကကိုအိမ်စီးကားတစ်စီးပြုတ်ကျခဲ့တာအတော်ထိသွားတယ်လို့ကြားရပါတယ်။” လို့ သွားလာခဲ့သူတဦးက ဆိုပါတယ်။

၅၂ မိုင်အထက်ကနေ တောင်တက်လမ်းမှာလည်း လမ်းမှာဆိုးမြဲဆိုးဆဲဖြစ်ပြီး ကားတွေတိမ်းမှောက်တာရှိတယ်လို့ သိရတယ်။

ဒီလိုဆိုးရွားလှတဲ့လမ်းပိုင်းအခြေအနေတွေကြောင့် မန္တလေး-ကလေးလမ်းဟာ အနည်းဆုံး ၄ ည လောက်အိပ်ပြီးမှ ရောက်နိုင်တယ်လို့ ဒေသခံတွေက ပြောပြတယ်။ ကလေးမြို့မှာလည်း ကုန်စည်တွေပြတ်လပ်တာ၊ အဆမတန်စျေးမြင့်တက်တာတွေလည်း ကြုံနေရတယ်လို့ ဒေသခံတွေက ပြောတယ်။

ကားခတွေလည်း ခရီးသည်တစ်ဦး ကျပ်နှစ်သိန်း နှစ်သောင်းကနေ နှစ်သိန်းခွဲအထိရှိပါတယ်။ သို့ပေမဲ့ ကားသမားတွေလည်း ထွန်စက်ဆွဲခတွေ ကုန်ကျရတော့ မကိုက်တော့လို့ နားကြတာတွေ ရှိနေတယ်လို့ ကားသမားတွေက ပြောပါတယ်။

ကားတွေအဆင်မပြေတော့ကလေး-မန္တလေးကို လေကြောင်းနဲ့ ကူးကြသန်းကြတာတွေများလာတယ်။လေယာဥ်လက်မှတ်ခက တစ်ဦးလေးသိန်းကျော်ပေါက်နေတာတောင်နိုဝင်ဘာလလယ်လောက်အထိလက်မှတ်မရတော့ဘူးလို့ ကလေးဒေသခံတချို့က ပြောပြတယ်။

“ အပြင်မှောင်ခိုစျေးကနေအဆမတန်ပိုပေးပြီး ဝယ်တာတောင် မသေချာဘူး။” လို့ ကလေးဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ကလေး-မန္တလေးလမ်းတင်မကပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတိုက်ပွဲတွေကြောင့် ပြည်သူတွေဟာ တိုင်းနဲ့ပြည်နယ်အတော်များများကလမ်းပိုင်းတွေကိုကွေ့ပတ်သွားလာနေရပါတယ်။ တရက်တန်တဲ့လမ်းဟာ သုံးလေးရက်လောက်ကြာသွားတတ်တယ်။ အခုလို ရာသီဥတုဆိုးရွားတဲ့အခြေအနေတွေ၊ တိုက်ပွဲတွေနဲ့သာ ထပ်ကြုံလိုက်ရင်တော့ လ ချီပါကြာသွားတတ်တယ်လို့ သွားလာနေသူတွေက ပြောပြပါတယ်။ မန္တလေး-ကလေးဟာလည်း စစ်အာဏာရှင်လက်ထက်မှာ နိုင်ငံတွင်းက တခြားလမ်းတွေလိုပဲ ပိုပိုဝေးနေခဲ့ပါပြီ။

ကားသမားတဦးကတော့ “ ကလေးလမ်းကတော့ မဟာမြိုင်တောကိုစောင့်တဲ့ ပန်ထွာဘုရင်မကို ပြင်ခိုင်းရင်တော့ကောင်းမလားပဲ” လို့ ခပ်သောသော ဆိုလိုက်ပါတော့တယ်။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာတဲ့ အခြေအနေမှာ ထိုင်းနိုင်ငံဟာ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ဖို့ အခက်ကြုံလာနေပါတယ်။

သတင်း

ဆွန်ခရန်ပွဲတော်ခရီးသွားပွဲတော်ကာလသတ်မှတ်ရက်ရဲ့ ပထမဆုံးနေ့မှာ ထိုင်းနိုင်ငံအနှံ့ ယာဉ်မတော်တဆမှုတွေကြောင့် လူ ၂၇ ဦး သေဆုံးပြီး ၂၀၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

မတ်လ ၄ ရက် ညနေ ၄ နာရီဝန်းကျင်က တိတ်ဆိတ်ခြောက်ကပ်နေသော မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် နေပြည်တော်-မုံရွာ ခရီးသည်တင်ယာဥ် မှန်လုံယာဥ်တစီးသည် မုံရွာဘက်သို့ ဦးတည်ကာ မောင်းနှင်လာခဲ့သည်။

နိုင်ငံတကာ

ဝီဂါ မျိုးနွယ်စုတွေကို ဖမ်းဆီး ထိန်းသိမ်းထားရာကနေ ထိုင်းအစိုးရ တရုတ်ဆီ ပြန်ပို့လိုက်တဲ့နောက် ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်နဲ့ ဂျပန် သံရုံးတွေဟာ လုံခြုံရေးဆိုင်ရာ သတိပေး ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။