စက်တင်ဘာ-၂၂၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ ငါတို့ရဲ့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံဖြစ်သည်” ကြွေးကြော်ကာ သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံကြောင်း လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၂)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ သပိတ်အင်အားစုက ဦးဆောင်ပြီး “ Our Ambassador Our Voice” ၊ “ ငါတို့ရဲ့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံဖြစ်သည်” စာသားနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း ၅/ဆလကလူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်ကလည်း စစ်အုပ်စုနဲ့ ပူးပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတဲ့ တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္ပဏီမှာ လုပ်ကိုင်နေတဲ့ဝန်ထမ်းတွေရှိတဲ့ ကျေးရွာတခုမှာ “ တရားမဝင်အတုအယောင်ရွေးကောက်ပွဲလူထုအားနဲ့တိုက်ဖျက်ကြ” ၊ “ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာရွက်လိုက်ချိတ်ခဲ့ပါတယ်။

Public Service Announcement
ရွှေဘိုမြို့နယ်မှာလည်း “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ၊ “ Our Ambassador Our Voice” စာသားကိုင်ဆောင်ပြီး စစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းနဲ့ ကုလမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ထားရှိရေး ထောက်ခံကြောင်း လူထုဆန္ဒကို ထုတ်ဖော်ခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်အင်အားစုတွေ စုပေါင်းပြီး “ တရားမဝင်တဲ့အတုယောင်ရွေးကောက်ပွဲလူထုအားနဲ့တိုက်ဖျက်ကြ” ၊” ထွက်ပေါက်မဟုတ်ဘူးထောက်ချောက်ကြီး” ၊ “ အတုယောင်ရွေးကောက်ပွဲကိုသပိတ်မှောက်ဖက်ဒရယ်လမ်းကိုရဲရဲလျှောက်” ကြွေးကြော်သံတွေနဲ့ ဆိုင်ကယ်သပိတ်စစ်ကြောင်း ပြုလုပ်ခဲ့ပါတယ်။



















































