close
Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုလေ့ကျင့်ရေး (၈)ကစစ်ကြောင်းကို ​တော်လှန်​ရေးတပ်​တွေက ခင်ဦးမြို့အဝင်ရောအထွက်ပါ ပိတ်ဆို့တိုက်ခိုက်၊ ဒုဗိုလ်မှူးကြီးအပါအဝင် သေဆုံးသူများပြားပြီး စစ်ကြောင်းပျက်

သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများနှင့် တိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ခဲ့သည့်ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-ခင်ဦးပကဖ

■လက်နက်မျိုးစုံ ၁၃ လက်နဲ့ကျည်​တွေသိမ်းရ၊စစ်သုံ့ပန်း ၂ ဦးဖမ်းမိ

ဇေအောင်၊လူအေး/People’s Spring

ရွှေဘိုလေ့ကျင့်ရေး (၈)ကနေ ခင်ဦးမြို့ကို တပ်အချိန်းအပြောင်းပြုလုပ်တဲ့ စစ်ကောင်စီစစ်ကြောင်းကို ​တော်လှန်​ရေးတပ်ဖွဲ့တွေက အဝင်ရောအထွက်မှာပါ ပိတ်ဆို့တိုက်ခိုက်ခဲ့လို့ ဒုဗိုလ်မှူးကြီးအပါအဝင် သေဆုံးသူများပြားပြီး စစ်ကြောင်းပျက်သွားတယ်လို့သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ၁၈ရက်နေ့က ရွှေဘိုလေ့ကျင့်ရေး (၈)ကနေ ခင်ဦးမြို့ကို ဝင်ဖို့ကြိုးစားတဲ့စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပထမအကြိမ်တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲမှာ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတချို့ကို ကာကွယ်တပ်ဖွဲ့တွေကသိမ်းယူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်းဟာ ခင်ဦးမြို့ကိုမဝင်နိုင်ဘဲပြန်လည်ဆုတ်ခွာသွားပြီးစက်တင် ဘာလ၂၀ ရက်နေ့ညမှာ ပြန်ဝင်လာပါတယ်။စက်တင်ဘာလ၂၁ရက်နေ့ညမှာ အင်အား ၁၀၀ နီးပါးနဲ့ ပြန်ထွက်လာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေကစောင့် ပြီးတိုက်ခိုက်ခဲ့ကြတာလို့ ခင်ဦးမြို့က PDF ရဲဘော်တဦးကပြောပါတယ်။

၎င်းက ” ၂၀ရက်နေ့ညက တိတ်တိတ်ပုန်းဝင်သွားတာ။ ပြန်ထွက်လာတော့ လေ့ကျင့်ရေး၈ကို ညတွင်းချင်း ရောက်မသွားဘဲ မိုးလင်းသွားတော့ ကျနော်တို့ကမှီသွားတာ။ တိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းတပ်ပျက်သွားတယ်။ ဗိုလ်မှူးကြီးအဆင့်အထိသေတယ်။ ဘက်တံဆိပ်တွေကို ခွာယူခဲ့တယ်။ အလောင်းတွေ ထားခဲ့တယ်” လို့ ပြောပါတယ်။

ခင်ဦးမြို့ကနေပြန်ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို ဒီကနေ့စက်တင်ဘာလ၂၂ရက်မနက်ပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေကပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းရဲ့လမ်းကြောင်းနဲ့ပတ်သက်လို့ နောက်ထပ်ပြည်သူကာကွယ်ရေးရဲဘော်တစ်ဦးက “ ရွှေဘိုလေ့ကျင့်ရေး ၈ကနေလာတယ်။ ခင်ဦးမှာတပ်အချိန်းအပြောင်းလုပ်တယ်။ အဲဒါကိုအဝင်တစ်ခါအထွက်တစ်ခါတိုက်ခဲ့တာ” လို့ ပြောပါတယ်။

စက်တင်ဘာလ ၁၈ရက်နေ့ကတိုက်ပွဲမှာ ပစ္စတိုနဲ့ လောင်ချောင်အပါအဝင် လက်နက်ခဲယမ်းအချို့သိမ်းယူနိုင်ခဲ့သလို ဒီနေ့တိုက်ပွဲမှာလည်း သေဆုံးသွားတဲ့ ဒုဗိုလ်မှူးကြီးဆီကနေ ပစ္စတိုတစ်လက်

ထပ်ရခဲတယ်လို့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

“ ပြန်ကြဲနေတဲ့အလောင်းတချို့မှာသေနတ်တွေ ကျန်ခဲ့တယ်။သွားကောက်ဖို့အန္တရာယ်များလို့ ထားခဲ့တယ်။ကျနော်တို့ဘက်ကအထိအခိုက်လုံးဝမရှိတော့အနိုင်နဲ့ပိုင်းပြီးပြန်လာခဲ့ကြတာ” လို့အဲဒီရဲဘော်ကပြောပါတယ်။

ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးထိခိုက်မှုများပြီး စစ်သုံ့ပန်း ၂ ဦးဖမ်းမိခဲ့သလို လက်နက်မျိုးစုံ ၁၃ လက်နဲ့ခဲယမ်း​တွေသိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်​ပြန်ပါတယ်။စစ်

ကောင်စီတပ်ဆီကနေ MA-3 (၄) လက်၊ MA-1 (၅) လက်၊ BA-63/ G3 (၁) လက်၊ ကာဘိုင် (၁)လက်၊ BA 100/ 60MM ကွန်မန်ဒို စိန်ပြောင်း (တို) (၁) လက်၊ MA-5/ ပစ္စတို (၁) လက်၊ MA ကျည်ဘောက်(သံ)(၃)ခု၊ MAကျည်ဘောက်

(ကော်) (၆) ခု၊ BA-63/ G3 ကျည်ဘောက် (၃)ခု၊ MA-5/ ပစ္စတို ကျည်ဘောက် (၁)ခု၊ ရှေ့ထွက်မိုင်း (၄)လုံး၊ နင်းမိုင်း (၂)လုံး၊ 60MM ဗုံးသီး (၄)လုံး၊ RPG ဗုံးသီး (၁)လုံး၊ အီနာဂါ (၂)လုံး၊ ကျည်ကာ ဦးထုပ် (၆)လုံး၊ 5.56 ကျည် (၂၈၆) တောင့်၊ 9mm ကျည် (၇) တောင့်၊ ငွေကျပ် (၅,၂၉၀,၀၀၀) ကျပ် သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးပကဖက ထုတ်ပြန်ပါတယ်။

အဲဒီစစ်ဆင်ရေးကို အမှတ်(၂) ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ) ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅) ပကဖများ၊ ခင်ဦးမြို့နယ် ပလဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့ရှိ စစ်ကောင်စီ​၏ ဌာနဆိုင်ရာရုံးများအား တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က အင်အားရာချီ ဖြည့်တင်းနေပြီး နယ်မြေစိုးမိုးဖို့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ယနေ့(ဖေဖော်ဝါရီ ၉ရက်) နံနက်က ထိတွေ့တိုက်ပွဲဖြစ်ပွားကာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

Facebook