close
Connect with us

Hi, what are you looking for?

သတင်း

လန်ဆယ်ဒေသ လေကြောင်းတိုက်လို့ ကလေးငယ်အပါအဝင် ပြည်သူ ၃ဦး သေဆုံး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ်၊ ဆော့လော် မြို့နယ်က လန်ဆယ်ဒေသကို စစ်ကောင်စီတပ်က ဒီကနေ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် အပါအဝင် ပြည်သူ သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ရုပ်သံ - Naw Tu Awng/Fb

စက်တင်ဘာ-၂၂၊ ၂၀၂၅။ ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ်၊ ဆော့လော် မြို့နယ်က လန်ဆယ်ဒေသကို စစ်ကောင်စီတပ်က ဒီကနေ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် အပါအဝင် ပြည်သူ သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့စစ်က လန်ဆယ်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တဲ့ တိုက်ပွဲ ၄ရက်မြောက်နေ့ စက်တင်ဘာ ၂၂ရက်မှာ တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ လန်ဆယ်က ပြည်သူများနေထိုင်ရာနေရာကို လေကြောင်း တိုက်ခိုက်ခဲ့တာပါ။

ရုပ်သံ – Naw Tu Awng/Fb

“ကလေးနှစ်ယောက်ထိပြီး သေတယ်။ ဒီကောင် တွေအထိနာပြီဆို အဲဒီလိုပဲ။ လူနေရပ်ထဲ လာလာကြဲကြတာ။ဖြစ်တာက ဟိုးလဟယ်ဆင်ဘက် မှာ ဖြစ်နေတာ လန်ဆယ်နဲ့အဝေးကြီး။ စစ်ရှုံးရင် သူတို့ ထုံးစံအတိုင်းပဲလေ။ စစ်ရှုံးလို့ရှိရင် လေယာဉ်နဲ့ လာပြီး ပြည်သူတွေကို နှိပ်စက် ညှင်းပမ်းဖို့ပဲ သူတို့ ခေါင်းထဲမှာရှိတာကိုး”လို့ ကချင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကလည်း စစ်ကောင်စီတပ်က စက်တင်ဘာ ၂၂ရက် မွန်းလွဲ ၂နာရီခွဲမှာ လန်ဆယ်ဒေသကို လေကြောင်း တိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

လေကြောင်း တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှု ဖြစ်နေတဲ့ ရုပ်သံမှတ်တမ်းအချို့လည်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။

“ ကျနော်တို့ ဒီနားမှာ ထိုင်နေကြတာလေ။ ဝိုင်းဖွဲ့ပြီးတော့။ ကလေးအမေက ကလေးကို လိုက်ဖမ်းတာ” ဟု ရုပ်သံမှတ်တမ်းတွင် အမျိုးသားတဦးက လေကြောင်း တိုက်ခိုက်ခံရမှု အတွေ့အကြုံကို ပြောပြပါတယ်။

အခြားအမျိုးသားတဦးကလည်း “ဟေ့ သိပ်မနေနဲ့နော နောက်တပတ်တက်လာမယ်နော”ဟု စစ်ကောင်စီ လေကြောင်းရန် ထပ်ကြုံရနိုင်၍ လူစုလူဝေး မလုပ်ဖို့ ပြောကြားနေသံကိုလည်း ကြားရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဟာ လန်ဆယ်ဒေသပြန်ရဖို့ စက်တင်ဘာ ၁၉ရက်က စတင်ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒီကနေ့အထိ ၄ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေတာပါ။

တိုက်ပွဲဖြစ်တာက လန်ဆယ်ဒေသမှာ မဟုတ်ဘဲ လဟယ်ဆင်ဆိုတဲ့ တောင်ကြောက KIA ပူးပေါင်းတပ် တပ်စွဲထားတဲ့နေရာတွေမှာ ဖြစ်ပါတယ်။

အခုလို လန်ဆယ်ဒေသကို လေကြောင်း တိုက်ခိုက်တာဟာ လတ်တလော တိုက်ပွဲတွေမှာ အထိနာနေတာကြောင့်လို့ ကချင်စစ်ရေးနိုင်ငံရေးလေ့လာသူတဦးက သုံးသပ်ပါတယ်။

” ဗန်းမောက် လက်လွှတ်လိုက်ရလို့ အခုလို KIAကို လေကြောင်းဖိအား ပေးတဲ့ သဘောလို့ မြင်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ဇစ်မြစ်အမာခံ ဟာ KIAလို့ စကစ ကမြင်တာ” ဟုလည်း လေ့လာသူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ ဦးဆောင်ပြီးတော့ ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးကို စက်တင်ဘာ ၁၅ရက်မှ ဆင်နွှဲခဲ့တာဖြစ်ပြီး ၆ရက်အကြာ ဗန်းမောက်မြို့ကို သိမ်းနိုင်ခဲ့ပါတယ်။ ဒီလို သိမ်းနိုင်ခဲ့တဲ့ PDFတွေရဲ့ အောင်ပွဲကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ဂုဏ်ပြုချီးကျူးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂၁ရက် မွန်းလွဲပိုင်းနဲ့ ညသန်းခေါင်မှာလည်း KIO/KIA ဌာနချုပ် လိုင်ဇာကို အသေခံဒရုန်းနဲ့ ၂ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ် တွေက ပြောပါတယ်။

ဒီလို ဌာနချုပ်ကို တိုက်ခိုက်တာဟာလည်း ဗန်းမောက်မှာ စစ်ရှုံးတာကို မကျေနပ်လို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခုကို စက်တင်ဘာ ၂၁ရက် ညပိုင်းက စစ်ကောင်စီ ရဲတပ်သားတစ်ဦး ရောက်ရှိလာပြီး ကျောင်းသူတွေကို သေနတ်ထောက်ကာ ဖုန်းနဲ့ပိုက်ဆံတောင်းတဲ့အပြင် မဖွယ်မရာ ပြုလုပ်ခဲ့လို့ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်နဲ့ ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ ကချင်လွတ်လပ် ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ ၊ ပြည်သူ့စစ် ပူးပေါင်းတပ်တွေ ဒီကနေ့ (စက်တင်ဘာ၂၂ရက်) တိုက်ပွဲ ဆက်ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က နဂါးမောက်တောင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က အသေခံဒရုန်း ဖြင့် တိုက်ခိုက်လာကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Facebook