close
Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမြို့မှစက်လှေဆိပ်များတွင်စစ်တပ်က ဘန်ကာများဆောက်ပြီးတားမြစ်ဧရိယာသတ်မှတ်

ဝိုင်းမော်မြို့တွင်တိုက်ပွဲပြင်းထန်နေစဉ်စစ်ကောင်စီက မြစ်ကြီးနားမြို့မှ စက်လှေဂိတ်များ၌ ဘန်ကာများဆောက်နေပြီး ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်သည်။

မြစ်ကြီးနား နှင့် ဝိုင်း​မော်မြို့ကို Google Earth တွင်​တွေ့ရပုံ

စက်တင်ဘာ-၁၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဝိုင်းမော်မြို့တွင်တိုက်ပွဲပြင်းထန်နေစဉ်စစ်ကောင်စီက မြစ်ကြီးနားမြို့မှ စက်လှေဂိတ်များ၌ ဘန်ကာများဆောက်နေပြီး ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်သည်။

ဧရာဝတီမြစ်ဆိပ်ကမ်းမှတဆင့် ဝိုင်းမော်မြို့ဘက်မှ ဝင်ရောက်နိုင်သော ခတ်ချိုဂိတ်၊ရမ်ပူရပ်ကွက်စက်လှေဂိတ်၊ သဲကျောက်ထုတ်သည့် ဂိတ်တို့တွင် ဘန်ကာများတည်ဆောက်‌နေခြင်းဖြစ်သည်။

“ကျတော့်မျက်မြင်တွေ့တာပဲ။ မြစ်ဆိပ်တွေမှာကတုပ်ကျင်းတွေတူးနေတယ်။ ဘန်ကာတွေဆောက်နေတယ်။ကန့်သတ်နယ်‌မြေလို့ ရေးထားတယ်။ ဒေသခံတွေကသွားရေးလာရေးပိုပြီးအဆင်မပြေတော့ဘူး”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးကစက်တင်ဘာလ ၁၀ရက်၌ People’s Spring သို့​ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် မြစ်ကြီးနားမြို့ နှင့် ဧရာဝတီမြစ်သာခြား​သော ဝိုင်း‌မော်မြို့နယ်၌ စစ်တပ်နှင့် KIA၊KPDF ပူးပေါင်းတပ်တို့ကြားတိုက်ပွဲအပြင်းအထန်ဖြစ်နေသည်။ ဝိုင်းမော်မြို့ကိုမြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှနေ၍ လက်နက်ကြီးများပစ်နေသလို မြစ်ကြီးနားမြို့အဝင် သပြေတစ်ထောင်ဘုရားကုန်းတွင် လက်နက်ကြီးဆင်ပြီး ပစ်ခတ်နေကြောင်း မြို့ခံများကပြောသည်။

“နားမခံနိုင်အောင်ပစ်တာဗျာ။ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေဆို ရပ်ကွက်ထဲနေဖို့မသင့်တော့ဘူး။ ကျန်းမာရေးအရမ်းထိခိုက်တယ်”ဟု ရမ်ပူရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

ဩဂုတ်လ၂၄ရက်ညတွင်လည်း မပခမှ လက်နက်ကြီးပစ်ခတ်ရာ ရမ်ပူရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲပြီး ကလေးတစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီသည် မြစ်ကြီးနားမြို့တွင်ရွေးကောက်ပွဲလုပ်ရန်ကြိုးပမ်းနေပြီးကြက်ပေါင်ခြံရပ်ကွက်ရှိ ပြည်နယ်ပြည်​ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုး​ရေးပါတီရုံးပတ်ချာလည်လမ်းကိုလည်း မိုင်းများထောင်ထားပြီးဒေသခံများသွားလာမှုကိုကန့်သတ်ထားသည်။

ယခုရက်ပိုင်းတွင် ဝိုင်းမော်အပြင် ဗန်းမော် နှင့် ဖားကန့်မြို့နယ်တို့၌ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီကအရပ်သားများအားပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေသောကြောင့် စစ်ရေးသတိပြုနေထိုင်ကြရန် KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်ရှိလမြန်ကျေးရွာအပါအဝင်ဘေးပတ် ဝန်းကျင်ကျေးရွာများကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ၂ရက်) နံနက်ပိုင်းမှစတင်ကာလေကြောင်းမှမကြာခဏဗုံးကြဲနေ၍ဒေသခံပြည်သူ များ ၏ဘေးအန္တရာယ်စိုးရိမ်စရာဖြစ်နေကြောင်းကချင်အရပ်ဘက်အဖွဲ့အစည်းအချို့က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဝိုင်း‌မော်မြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများအား စစ်ကောင်စီကလေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားထိခိုက်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရွေးကောက်ပွဲလုပ်ရန်ကြိုးပမ်းနေသည့် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်ရှိ ကြံခိုင်ရေး ပါတီရုံးပတ်ချာလည်ကို ကတုတ်ကျင်းများတူးပြီး မိုင်းများထောင်နေကြောင်း သတင်းရရှိသည်။

သတင်း

ဝိုင်းမော်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ထိန်းချုပ်ထားသည့်လမြန်ကျေးရွာကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းမထိုးနိုင်၍ လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

Facebook