close
Connect with us

Hi, what are you looking for?

သတင်း

ကန့်ဒေါင့်ရွာအနီးကို စစ်တပ်မကပ်နိုင်သေးဘူးလို့ PLAပြော၊ တိုက်ပွဲ​​တွေပြင်းထန်​နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကန့်ဒေါင့်ရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်နေပေမယ့် စစ်တပ်က ကန့်ဒေါင့်ရွာအနီးကို မကပ်နိုင်သေးဘူးလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAရဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောပါတယ်။

ကန့်ဒေါင့်ရွာစခန်းသိမ်းတိုက်ပွဲအပြီး တွေ့ရတဲ့ တော်လှန်ရေး ရဲဘော်များ။ ဓာတ်ပုံ - PLA

သြဂုတ် ၂၊၂၀၂၅။​နေ့သစ်/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကန့်ဒေါင့်ရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်နေပေမယ့် စစ်တပ်က ကန့်ဒေါင့်ရွာအနီးကို မကပ်နိုင်သေးဘူးလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAရဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောပါတယ်။

ဩဂုတ် ၁ရက်ကစပြီး ကန့်ဒေါင့်ရွာဝန်းကျင်က ကျေးရွာတွေမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြန်ဖြစ်နေတယ်လို့ PLAရဲ့ရဲဘော်နီနီကျော်က ပြောပါတယ်။

“မနေ့က သရက်ကန်ရွာဘက်ကနေပြီးတော့ကျမတို့ရဲဘော်တွေရှိတဲ့ ကန့်ဒေါင့်နားက ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ စစ်ကြောင်းထိုးတာတွေ ရှိတယ်။ ကန့်ဒေါင့်ကို ကျမတို့တပ်ဖွဲ့တွေက ပိတ်ဆို့ထားတော့ သူတို့ဝင်လို့ မရနိုင်ဘူး။ အထဲမှာလည်း သူတို့အဆောက်အဦးတွေကို အကုန်မြေလှန်ထားပြီးပြီ။ သူတို့(စစ်တပ်)ဝင်လည်း ဘာမှမရှိတော့ဘူး။ ဝင်လို့လည်း မရဘူး။ အကုန်လုံးက ပိတ်ထားတယ်။ ကန့်ဒေါင့်နားကရှိတဲ့ ရွာတွေကို ရောက်နေတာ။ ကန့်ဒေါင့်ရောက်ဖို့ နှစ်ရွာ၊သုံးရွာလောက်လိုသေးတယ်။ရွာနားကိုသူတို့(စစ်တပ်)မကပ်နိုင်သေးပါဘူး”လို့ ရဲဘော်နီနီကျော်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုလဲ-ဂန့်ဂေါလမ်းပိုင်းပိုင်းမှာ မဟာဗျူဟာအရ အရေးပါတဲ့ ပုလဲမြို့နယ်က စစ်ကောင်စီရဲ့ ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နဲ့ မဟာမိတ်အဖွဲ့တွေက ဇွန်လ ၁၉ ရက် မနက်မှာ သိမ်းပိုက်ရခဲ့တာဖြစ်ပါတယ်။ ကန့်ဒေါင့်ရဲစခန်းကို ပူးပေါင်းတွေက ဇွန်လ ၂ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး နှစ်ပတ်ကျော်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲက စစ်သားနဲ့ပျူတွေဟာ ရွာနဲ့မလှမ်းမကမ်းက ပျူစောထီးအားကောင်းတဲ့ အင်မထီးရွာကို ထွက်ပြေးခဲ့ပြီး အဲဒီရွာက ပျူစောထီးတွေနဲ့ ပူးပေါင်းသွားတဲ့တာ ဖြစ်ပါတယ်။ အင်းမထီးရွာဟာ ကန့်ဒေါင့်ရွာရဲ့အရှေ့ဘက်ခြမ်းမှာရှိပြီး သုံးမိုင်ခန့်ပဲ ဝေးတာပါ။ ပုလဲမြို့နယ်အတွင်း ပျူစောထီးလို့လူသိများတဲ့ ပြည်သူ့စစ်တွေ အားကောင်းရာ ကျေးရွာလည်းဖြစ်ပါတယ်။

ရဲစခန်းသိမ်းခံရအပြီးနောက်ပိုင်း အင်မထီးရွာကနေ ကန့်ဒေါင့်ရွာဆီကို စစ်ကြောင်းပြန်ထိုးလာတာ ဒီတစ်ကြိမ်က သုံးကြိမ်မြောက်ဖြစ်ပါတယ်။

“စခန်းကို လက်လွှတ်ရတယ်ဆိုတာမဟုတ်ဘူး။ရန်သူ့စစ် ကြောင်းထိုးလာတယ်ဆိုတာမှန်တယ်။လက်နက်ကြီးနဲ့ပစ်တယ်။PLAနဲ့ မဟာမိတ် တပ်တွေ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ထားတာမို့ ကန့်ဒေါင့်စခန်းထဲအထိ ဝင်ပြီး သိမ်းတာတို့ ၊ထိုင်တာတို့ မလုပ်နိုင် သေးဘူး။အခုလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်”လို့PLAတပ်ဖွဲ့ရဲ့ပြော​ရေးဆိုခွင့်ရှိသူက ရှင်းပြပါတယ်။

အင်မထီးပျူရွာကို စစ်ကောင်စီကလေကြောင်းက​နေ စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာ​တွေပို့အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတာလို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်တချို့ကလည်း​ပြောပါတယ် ။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “လုံးဝမပေးရပါဘူး။ ကျနော်တို့အဖွဲ့တွေ အကုန် တောင်းတောင့်တင်းတင်းရှိပါတယ်”လို့​ပြောပါတယ်။

စစ်တပ်စစ်ကြောင်းမှာအင်အား ၂၅၀ခန့်ပါဝင်ပြီး ဇူလိုင်၃၁ရက်ကတိုက်ပွဲမှာ Y12နဲ့ဗုံးကြဲသလို ဩဂုတ် ၂ရက်တိုက်ပွဲလည်း စက်တပ်​လေထီး(ပါရာမော်တာ)နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ် ။

“အခုကိုတိုက်ပွဲပြင်းထန်နေပါတယ်။ ကျနော်တို့ဘက်ကလည်းကာနေပါတယ်။ တောင်ဘက်နဲ့ အရှေ့ဘက်စစ်မျက်နှာကနေ ပတ်ထိုးနေတာပါ”လို့ မြေပြင်က​​တော်လှန်​ရေးရဲ​ဘော် တဦးက​ပြော ယ​နေ့ည​နေပိုင်းမှာ​ပြောပါတယ် ။

ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့မရဲစခန်းပြီးရင် ဒုတိယအကြီးဆုံး ရဲစခန်းဖြစ်ပြီး ဘန်ကာတွေ၊ မိုင်းကွင်းတွေ၊ ကတုတ်ကျင်းတွေနဲ့ ခံစစ်အထပ်ထပ်ပြင်ထားတဲ့ တပ်စခန်းတစ်ခုလို့ PLAက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ် လှုပ်ရှားနယ်မြေများကို စစ်ကောင်စီတပ်က ဇူလိုင်လအတွင်း လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုနှင့် နေအိမ် အဆောက်အဦးပျက်စီးမှုများစွာရှိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ပဲခူးရိုးမအတွင်းရှိ ဆွာဆည်ရှင်းလင်းဆောင်မှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဗိုလ်ကြီးအပါအဝင်ခြောက်ဦးသေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေကဒီကနေ့ထုတ်ပြန်ပါတယ်။ ‌‌

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦး နဲ့ မုံရွာမြို့နယ်မှာစစ်ကောင်စီတပ်က ပါရာမိုတာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ပြည်သူလေးဦးဒဏ်ရာရပြီး စိုးရိမ်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးခရိုင်အတွင်း စစ်ကောင်စီက အင်ဂျင်တပ်ပါရာမော်တာများဖြင့် စတင် အသုံးပြုလာကြောင်း ကဘော်အထူးဒရုန်းတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Facebook