close
Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်မှာ စစ်တပ်က ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်​တွေအပါ အဝင် အရပ်သား ၂ ဦး သေဆုံး၊ ၁၁ဦးဒဏ်ရာရ

သပိတ်ကျင်းမြို့နယ် ကျေးရွာနှစ်ရွာကိုလည်း စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်

(မတ္တရာမြို့နယ် ကျောက်စလစ်ကုန်းကျေးရွာကိုစစ်တပ်က ဗုံးကြဲလက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒဏ်ရာရတဲ့ က​လေးငယ်နဲ့အမျိုးသမီးတဦး။ ဓာတ်ပုံ - CJ

ဇူလိုင်-၁၄၊ ၂၀၂၅။ မေ/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာမို့ အရပ်သားပြည်သူ ၂ဦး သေဆုံးကာ ၁၁ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ရက်က မတ္တရာမြို့နယ် ကျောက်စလစ်ကုန်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆နှစ်အရွယ် မောင်ချမ်းမြေ့အောင် သေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီနောက် လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာကို ဒေသခံတွေက ရှင်းလင်းကာ ကူညီ‌ကယ်ဆယ်ရေး လုပ်နေကြချိန် မတ္တရာမြို့အတွင်းက စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၇၁နှစ်အရွယ် ဦးခင်မောင် သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“လေကြောင်းတိုက်ပြီး ချက်ချင်း လက်နက်ကြီးတွေနဲ့ ပစ်တာ။ အဲတာကြောင့် အထိခိုက်ပိုများသွားတာ။ စိုးရိမ်ရတဲ့သူတွေလည်းရှိတယ်”လို့ အဲဒီဒေသခံက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေပြီး ဇူလိုင် ၁၂ရက်ညပိုင်းက သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၂ရက် ည ၇နာရီ ၁၈မိနစ်မှာ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၆နှစ်အရွယ် မပြည့်ပြည့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ စစ်ကောင်စီဂျက်ဖိုက်တာကပဲ ည ၇နာရီ၂၂မိနစ်မှာ ဇရပ်ကွင်းကျောင်းရွာကို ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၄နှစ်အရွယ် ဦးဝင်း၊ အသက် ၅၃နှစ်အရွယ် ဦးဆယ်အောင်နဲ့ အသက် ၁၈နှစ်အရွယ် မယွန်းဝတီတို့ ထိခိုက်ဒဏ်ရာတွေရခဲ့ပြီး နေအိမ် ၄လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မိတ္ထီလာက တက်လာတဲ့ ဂျက်ဖိုက်တာပဲ။ အဲဒီလေယာဉ်က နှစ်ခါကြဲသွားတာ။ နေအိမ်တွေပေါ်ပဲ ကြဲသွားတာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကလည်း သပိတ်ကျင်းမြို့နယ် ချောင်းကြီး ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီက သပိတ်ကျင်းမြို့နယ်ကို ၂၀၂၅ခုနှစ်အတွင်း ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ပထမ ၆လအတွင်း အရပ်သားပြည်သူ ၅၀ ဝန်းကျင် သေဆုံးထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အညာတနေရာက ရွာတရွာမှာ ရွာသူရွာသားတွေ မြေကျင်းနက်နက်တူးနေကြတယ်။ ထွက်လာတဲ့မြေသားတွေကို မိန်းမသားတွေပါမကျန် ချွေးသံတရွှဲရွှဲနဲ့ သယ်ကြဖို့ကြတယ်။ ဒီအချိန်ဒီကာလ အညာမှာ အာစီတိုက်ဆောက်မလို့ ဖောင်ဒေးရှင်းကန်တူးတာတော့ မဟုတ်ပါဘူး။ စာသင်တာကိုတောင် လေကြောင်းနဲ့တိုက်ခိုက်၊ အသက်တွေရင်းပြီး ပညာသင်နေရတဲ့ အညာက ကလေးငယ်တွေအတွက် မြေအောက်စာသင်ကျောင်းကို စတင်ဆောက်လုပ်နေကြတာပါ။

သတင်း

စစ်ကောင်စီတပ်မှ တပ်သား တစ်ဦးနှင့် ရဲ တစ်ဦးတို့ လက်နက်များယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြိုနှင့် စစ်ကိုင်းတိုင်း ကောလင်းနှင့် ကနီမြို့နယ်တို့ကို ယ‌နေ့( ဇူလိုင် ၁၄ရက်) ညနေပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား နှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

စစ်ကောင်စီက ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းက Non-CDM ဝန်ထမ်းတွေကို ရွေးကောက်ပွဲသင်တန်း တက်ခိုင်းနေပြီး သင်တန်းမတက်ချင်လို့ ဝန်ထမ်းတွေကြား သဘောထားကွဲလွဲတာတွေ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။