close
Connect with us

Hi, what are you looking for?

သတင်း

ပူတာအိုဒေသကို မကြာမီတိုက်ပွဲဆင်နွှဲမည်ဟု ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် အသိပေး

ကချင်ပြည်နယ်၊ ပူတာအိုဒေသကို မကြာမီ တိုက်ပွဲဆင်နွှဲသွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်နေသည့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်(KPF)က ဇန်နဝါရီ ၁၆ရက်ညပိုင်းတွင် အသိပေးသည်။

သေဆုံးခဲ့သည့် ပြည်သူ့စစ်ရုပ်အလောင်းအား မြေမြှုပ်သင်္ဂြိုလ်ပေးရန် KPF ရဲဘော်များလုပ်ဆောင်နေစဉ်။ ဓာတ်ပုံ - KPF

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ပူတာအိုဒေသကို မကြာမီ တိုက်ပွဲဆင်နွှဲသွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်နေသည့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်(KPF)က ဇန်နဝါရီ ၁၆ရက်ညပိုင်းတွင် အသိပေးသည်။

ခေါင်လန်ဖူးဒေသနှင့် ပူတာအိုဒေသများ၌ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများရှိနေကြောင်း စစ်အာဏာရှင်အုပ်စုနှင့် အပေါင်းအပါ ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ ဝါဒဖြန့်နေသည့် အခြေအနေ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း သစ္စာစောင့်သိမှုကင်းမဲ့စွာ ဒဏ်ရာရ စစ်သည်များအား စွန့်ပစ်ထားခဲ့မှု အခြေအနေအား အသိပေးထားပြီး ပူတာအိုဒေသတိုက်ပွဲ ဆက်လက်ဆင်နွှဲရမည်ဟု ဆိုသည်။

“မကြာတော့မည့် အချိန်တွင် မိမိတို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်တို့ အနေဖြင့် ပူတာအိုဒေသကို မလွှဲသာ မရှောင်သာ တိုက်ပွဲဆက်လက်ဆင်နွှဲသွားမည်ဖြစ်ပါသည်”ဟု KPFက ရေးသားဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဌာနေပြည်သူ့စစ် အချင်းချင်း စွန့်ပစ်ထားခဲ့သည့် တပ်ဖွဲ့ဝင် ၂ဦး၏ ရုပ်အလောင်းအား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်းလည်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြခဲ့သည်။

၂၀၂၄ နှစ်ကုန်ပိုင်းက လန်ဆယ်ဒေသအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်စဉ် ထွက်ပြေးသွားသည့် ပြည်သူ့စစ်များ လမ်းတွင်မိုင်းထိပြီး ထိခိုက်သူ ၂ဦးအား စွန့်ပစ်ထားခဲ့သည့်အခြေအနေကို ပြည်သူ့စစ်တစ်ဦးက ရှာဖွေပေးရန် အကြောင်းကြားလာ၍ KPF ရဲဘော်များက သွားရောက်ရှာဖွေပြီး ဇန်နဝါရီ ၁၆ရက်တွင် သင်္ဂြိုလ်ပေးခဲ့သည်ဟု ဆိုသည်။

ပြည်သူ့စစ်က ၎င်းတို့အချင်းချင်း ထောင်ထားသည့် မိုင်းနင်းမိပြီး ၂ဦး ဒဏ်ရာရခဲ့ရာ ဒဏ်ရာရ ပြည်သူ့စစ်ကို ကယ်ဆယ်မပေးဘဲ ချန်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့က လန်ဆယ်ဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းလိုက်တာ။ တော်လှန်ရေးတပ်ဖွဲ့တွေလိုက်လာတယ်ဆိုပြီးမှသူတို့က ဗုံးထောင်လိုက်တာ။ သူတို့ ထောင်လိုက်တဲ့ ဗုံးနဲ့ သူတို့ထိပြီးမှ လမ်းမှာ ၂ယောက်ထိတယ်။တစ်ယောက်က မထိဘူးပေါ့ သူတို့ သုံးယောက်၊ မိုင်းထိတဲ့ နှစ်ယောက်ကို ဒီအတိုင်းပဲ တောမှာ ပစ်ထားတာ။ တစ်ယောက်က ဒီလိုပဲ တောမှာထွက်ပြေးသွားတာ။ အဲဒီလိုမျိုးဖြစ်စဉ်ပေါ့”ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

KPF၏ ဓာတ်ပုံမှတ်တမ်းထုတ်ပြန်ချက်တွင် တောတွင်း၌ ပျက်ဆီးနေပြီဖြစ်သော ရုပ် အလောင်းအချို့ကို မြေမြှုပ်သင်္ဂြိုလ်ပေးရန် KPF ရဲဘော်များက မြေကျင်းတူးနေသည်ကို တွေ့ရသည်။

KPFနှင့် ပူးပေါင်းတပ်များသည် လန်ဆယ်ဒေသတိုက်ပွဲတွင် ပြည်သူ့စစ်များကို အရှင်ဖမ်းဆီးရရှိခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းလည်း KPFက ဇန်နဝါရီ ၁၀ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် KPF ထံ အလင်းဝင်ပြီး ပြည်သူလူထုနှင့် အတူပူးပေါင်းလာသည့် ပြည်သူ့စစ်အရာရှိကလည်း လက်ရှိ တိုက်ပွဲများသည် လူမျိုးရေး၊ နယ်မြေစိုးမိုးရေး တိုက်ပွဲများ မဟုတ်ဘဲ ပြည်သူလူထုကို ဖိနှိပ်နေသည့် စစ်အာဏာရှင်များအောက်မှ လွတ်မြောက်နိုင်ရေး တိုက်ပွဲဖြစ်၍ ပြည်သူ့စစ်များအနေဖြင့် တော်လှန်ပြည်သူများဘက် ပူးပေါင်းရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီနှင့် ပြည်သူ့စစ်များ ပူးပေါင်းပြီး ပူတာအိုမြို့နယ် ဖတ်မာကျေးရွာနှင့် လုံဂါကုန်းကျေးရွာ များ၌ တပ်စွဲလျက်ရှိသည်ဟုသိရသည်။

သတင်း

လူမှုကူညီရေးအဖွဲ့များဦးဆောင်ပြီး မြစ်ကြီးနားမြို့မှ ကား ၁၁ စီးဖြင့် သယ်ဆောင်လာသော ဆန်အိတ်များ ပူတာအိုမြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံများအား မျှဝေရောင်းချခဲ့သည်။

သတင်း

ပူတာအို KPDF က ပူတာအိုနှင့် ဆွမ်ပရာဘွမ်လမ်းပိုင်းတနေရာ၌ မေလ ၂၇ရက်​နေ့ တွင် ဖမ်းမိခြင်းဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် နီးစပ်သူ People's Spring ကို ပြောသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကလည်း ကာကွယ်ရေးတာဝန်၊ စစ်ဘက်ရေးရာကိစ္စရပ်များ တာဝန်ယူထားရသည့် PDFများသည် အခွန်ကောက်ခံခွင့် ပေးမထားကြောင်း၊ အခွန်ကောက်ခံခွင့်ကို အရပ်ဘက် အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ရန် စနစ်ဆောင်ရွက်နေကြောင်း အသိပေးထားသည်။

Facebook