close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဗီဒီယို ဂင်းနစ်မှတ်တမ်းဝင်ဖို့ သေချာနေပြီ

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို ငါးသောင်းကျော်ရရှိထားပြီဖြစ်ပြီး ရှစ်သောင်းပြည့်သည်အထိ ပါဝင်ပေးရန် တော်လှန်ရေးအင်အားစုများကတိုက်တွန်းထားသည်။

ဇွန်-၁၆၊၂၀၂၅။တေဇ/People’s Spring

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို ငါးသောင်းကျော်ရရှိထားပြီဖြစ်ပြီး ရှစ်သောင်းပြည့်သည်အထိ ပါဝင်ပေးရန် တော်လှန်ရေးအင်အားစုများကတိုက်တွန်းထားသည်။

“အမေ့ကိုချစ်တဲ့သူတွေရဲ့ ကြိုးစားမှု့တွေဟာ ၈၀၀၀၀ ပြည့်ဖို့ နီးကပ်လို့လာနေပါပြီ ။ကျွန်တော် တို့ကမ်ပိန်း စတော့ အစည်းအဝေးတစ်ခုမှာ promoter တစ်ဦးကပြောတာ လေးကိုအမှတ်ရမိတယ်”ခင်ဗျားတို့ server သာ ခိုင်အောင်လုပ်ထား အမေ့သားသမီးတွေကတာဝန်ကြေတယ်ဆိုတာပါ “ကဲဆက်ဆွဲကြစို့ သိပ်မလိုတော့ဘူး ၃ ရက်ပဲကျန်တယ်” ဟု ယင်းအစီအစဉ်ကို ဦးဆောင်သည့် Suu 80 Birthday Campaign ပေ့ခ်ျကရေးသားထားသည်။

ဇွန် ၁၆ ရက်အထိ မွေးနေ့ဆုတောင်း ဗီဒီယို ငါးသောင်း သုံးထောင်ခန့်ရရှိထားပြီး မွေးနေ့ဆုတောင်းဗီဒီယိုများကို ဇွန် ၁၉ ရက် ဗြိတိန်စံတော်ချိန် ည ၁၁ နာရီအထိ လက်ခံပေးမည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းဗီဒီယို ကို ဂင်းနစ်မှတ်တမ်းဝင်နိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယခင် ဂင်းနစ်မှတ်တမ်းသည် ဗီဒီယိုဖိုင် သုံးသောင်းကျော်ဖြစ်သောကြောင့် လက်ရှိအရေအတွက်သည် ဂင်းနစ်မှတ်တမ်းအတွက် လုံလောက်နိုင်မည်ဖြစ်သည်။

သို့သော်လည်း လုံခြုံရေးအခြေအနေအရ မျက်နှာကို Mask အုပ်၍ ဆုတောင်းပေးသူများ၏ ဗီဒီယိုများ၊ အသံမကြည်လင်သည့် ဗီဒီယိုများကို ဂင်းနစ်မှတ်တမ်းအဖွဲ့အစည်းဘက်မှ ပယ်ချမှူများရှိနိုင်သော‌ကြောင့် ရှစ်သောင်း ပြည့်မြောက်သည်အထိ ပါဝင်ပေးရန် တော်လှန်ရေးအင်အားစုများကတောင်းဆိုထားခြင်းဖြစ်သည်။

“အမေစုမွေးနေ့ဆုတောင်း video တွေနဲ့ Guinness စံချိန်ချိုးဖို့ကြိုးပမ်းမှုဟာ အပျော်တမ်းမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်။ စံချိန်ချိုးနိုင်ခဲ့ရင် အကျိုး၂ခုရှိပါတယ်။တခုက မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ attention ကိုရသင့်သလောက်မရဘူးဖြစ်နေတဲ့အတွက် Guinness စံချိန်တင်နိုင်ရင် social media တွေကနေတဆင့် viral news တခုဖြစ်လာနိုင်တယ်။နောက်တခုကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့သူတို့ရဲ့ ခေါင်းဆောင်ကို ဆက်လက်ထောက်ခံအားပေးပြီး ချစ်မြဲချစ်ကြောင်း ကမ္ဘာကိုပြတဲ့ statement တခုလည်းဖြစ်တယ်။ အမေစုကြားရင်လည်းစိတ်ခွန်အားဖြစ်မှာပါ။ အရေးကြီးပါတယ်။ ပါဝင်ပေးကြပါ။ ” ဟု သရုပ်ဆောင် ဇဏ်ခီက တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ် ကလည်း ယင်းကမ်ပိန်း၌ ပါဝင်ပေးသူများကို ကျေးဇူးတင်ကြောင်း နှင့် မွေးနေ့ဆုတောင်းဗီဒီယို ရှစ်သောင်း‌ပြည့်မည်ဟု ယုံကြည်ကြောင်း ပြောကြားထားသည်။

ကင်မ်အဲရစ်က ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ၈ ရက်အတွက် ကီလိုမီတာ ၈၀ ပြေးသည့် စိန်ခေါ်မှုကို ပြုလုပ်လျက်ရှိပြီး ပြည်သူများကိုလည်း “၈” ဂဏန်းနှင့်ပတ်သက်သည့် စိန်ခေါ်မှုများပြုလုပ်ရန် တောင်းဆိုထားသည်။

မွေးနေ့ဆုတောင်း ဗီဒီယို ကမ်ပိန်းတွင်ပါဝင်လိုသူများ အနေဖြင့် ဗီဒိီယိုတွင် Happy Birthday နှင့် Su စကားလုံးများပါဝင်ရမည်ဖြစ်ပြီး အများဆုံးစက္ကန့်သုံးဆယ်ကြာမြင့်ရမည်ဖြစ်ကာ ရိုက်ကူးထားသည့် ဗီဒီယိုများကို Suu 80 Birthday Campaign ၊ Kim Aris-Htein Lin စသည့် ပေ့ခ်ျများသို့ပေးပို့နိုင်မည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၆)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ရေး လှုံ့ဆော်တဲ့ ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မလေးရှားနိုင်ငံ၊ပီနန်းမြို့တွင်မ​လေးရှားရောက်မြန်မာနိုင်ငံသားများစုပေါင်း၍ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်မွေးနေ့အကြိုအထိမ်းအမှတ်အဖြစ်ဆုတောင်းပွဲကိုယနေ့ပြုလုပ်ခဲ့သည်။

သတင်း

မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၅)မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ရေး လှုံ့ဆော်တဲ့ဆန္ဒပြပွဲတွေအသီးသီးပြုလုပ်ခဲ့ကြပါတယ်။

သတင်း

အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ပြည်ပ​ရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲများကို ယနေ့ (ဇွန်လ ၁၅) ပြုလုပ်ခဲ့သည်။