close
Connect with us

Hi, what are you looking for?

သတင်း

အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်​စော်ကားမှုကြောင့် မောက်ခမ်းဝါကို တာဝန်မှ ထုတ်ပယ်ခဲ့ကြောင်း Loikaw PDF အသိပေး

သူပုန်ကော်ဖီ၊ချပ်ဝပ်နီတို့မှလည်းထုတ်ပယ်ထား

သူပုန်ကော်ဖီ၊ချပ်ဝပ်နီတို့မှလည်းထုတ်ပယ်ထား

ဇွန် -၁၃၊၂၀၂၅။တေဇ/People’s Spring

ပြည်သူ့ကာကွယ်‌ရေးတပ်မတော်လွိုင်ကော်တပ်ရင်းတွင် ထောက်ပို့နှင့်ဘဏ္ဍာရေးကိစ္စများတာဝန်ယူထားသည့် မင်းသူကျော် (ခ) မောက်ခမ်းဝါကို အမျိုးသမီးတစ်ဦးအားလိင်ပိုင်းဆိုင်ရာနှောင့်ယှက်‌စော်ကားမှုကြောင့် မေ ၂၇ ရက်တွင်ထုတ်ပယ်ခဲ့ကြောင်းLoikaw PDF က အသိပေးသည်။

​မောက်ခမ်းဝါသည် မှတ်တမ်းရုပ်ရှင်များတွင်နာမည်ရ လူငယ်ဒါရိုက်တာဖြစ်ပြီး ၊လွိုင်​​ကော်PDF ၏ ​ထောက်ပို့တာဝန်လုပ်ခဲ့သူဖြစ်သည်။

“မေလ ၂၃ ရက်တွင် အမျိုးသမီးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာနှောက်ယှက်​စော်ကားမှု ပြုလုပ်ခဲ့ခြင်းကြောင့် တာဝန်ရှိသူများက စနစ်တကျစစ်ဆေးပြီးနောက် ပြစ်မှူကျူးလွန်ကြောင်း ထင်ရှားစွာတွေ့ရှိရသဖြင့် ၂၀၂၅ ခုနှစ် မေလ ၂၇ ရက်နေ့မှစ၍ပြည်သူ့ကာကွယ်ရေးတပ်မတော်(လွိုင်ကော်) မှထုတ်ပယ်ပြီးဖြစ်သည် ” ဇွန် ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်မောက်ခမ်းဝါကို Loikaw PDF ၏ တော်လှန်ရေးရန်ပုံငွေရှာဖွေရေး လုပ်ငန်းများဖြစ်သည့် သူပုန်ကော်ဖီ ၊ ချပ်ဝပ်နီကမ်ပိန်း တို့မှလည်း အဖွဲ့ဝင်အဖြစ်မှ ရုတ်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။

“ကျူးလွန်ခံရသူကာယကံရှင်၏တောင်းဆိုမှုကြောင့် ကာယကံရှင် မိန်းကလေးနှင့် မိသားစု၏ အရှက်နှင့် ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် အခြေအနေအချိန်အခါနှင့်သင့်လျော်သောသတင်းထုတ်ပြန်ချက်ကိုသာထုတ်ပြန်ကြေညာခြင်းဖြစ်ပါသည်။” ဟု Loikaw PDFကအသိပေးထားသည်။

အမျိုးသမီးတစ်ဦးအ‌ပေါ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်‌​စော်ကား မှုပြုလုပ်ခဲ့သည့် မောက်ခမ်းဝါကို Burma Podcast Network ၊Artists’ Shelter၊24FM တို့ကလည်း ၎င်းနှင့်လက်တွဲလုပ်ကိုင်နေသည့် အစီအစဉ်များကို ရပ်ဆိုင်းကြောင်းဇွန် ၁၂ရက်က ကြေညာထားသည်။

Artists’ Shelter ကလည်းမောက်ခမ်းဝါ ဒါရိုက်တာအနေဖြင့် ရိုက်ကူးထားသည့် The Unknown Infinity ရုပ်ရှင်ကို သတ္တိနှင့်ပွင့်လန်းချစ်သောပန်းများ ရုပ်ရှင်ပြသခြင်းအစီအစဉ် ဆက်လက်ပြသတော့မည်မဟုတ်ကြောင်း ဇွန် ၁၂ ရက်တွင်အသိပေးထားသည်။

ထို့အတူ မောက်ခမ်းဝါပါဝင်ခဲ့သည့် စကားမစပ် ရိုက်ကူးရေးအစီအစဉ်ကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ပဒေသာပင် ပေ့ခ်ျကဘည်း အသိပေးထားသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ မောက်ခမ်းဝါက “ကျွန်တော့်ဘဝမှာ အလုပ်တွေ အများကြီးလုပ်ခဲ့ပါတယ်။ လူတွေအများကြီးအတွက်လည်း အလုပ်တွေလုပ်ခဲ့သလို အမှားတွေလည်း အများကြီးပါပဲ။ အခုလ်ို မှားယွင်းတဲ့အမှုအတွက်လည်း အားလုံးကို ဝန်ချတောင်းပန်ပါတယ်။ ကိုယ့်အမှားကိုယ်လည်း လက်ခံပါတယ်။ မည်သူမဆို ကြိုက်

နှစ်သက်တဲ့ပစ်ဒဏ်ကို ပေးနိုင်ပါတယ်။ ပြစ်ဒဏ်အားလုံးကို ရဲရဲကြီးပဲ ရင်ဆိုင်ပါ့မယ်။ ဘယ်ကိုမှ မရှောင်ပြေးပါဘူး။ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာဖို့လည်း ကြိုးစားရှင်သန်သွားပါ့မယ်။” ဟု ဇွန် ၁၂ ရက်က ၎င်း၏ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။

ယင်းရေးသားမှုအပေါ် ၎င်းကျူးလွန်ခဲ့သည့် Sexual Harassment ကိစ္စသည် ​တောင်းပန်ရုံဖြင့်ခွင့်လွှတ်ရ​သော အမှားမျိုးမဟုတ်​ကြောင်း​၊အလုပ်လုပ်ရင်း ဖြစ်ခဲ့ခြင်းမဟုတ်သလိုခွင့်လွှတ်၍ မရနိုင်သည့် အမှားမျိုးဖြစ်သောကြောင့် လူမှုရေးပြစ်ဒဏ် ပေးရမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူများကမှတ်ချက်များရေးသားထားသည်။

“ခွင့်မလွှတ်နိုင်ပါ၊ Gender based oppression ဖြစ်ရပ်တွေကိုတွန်းလှန်ဖို့ကြိုးစားနေကြတဲ့အမျိုးသမီးတွေထဲကတစ်ယောက်အနေနဲ့ ဒီလူပုဂ္ဂိုလ်ရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်” ဟု ဟန်နီနွေဦးက ရေးသားထားသည်။

ဆက်စပ်သတင်းများ