close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး စစ်ကိုင်းတိုင်းတွင်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၆)မှာစစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်၊ ABFSU

ဇွန် ၆၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၆)မှာစစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်ကအများပြည်သူသွားလာနေတဲ့ လမ်းပိုင်းတစ်နေရာမှာ “လည်ပင်းနဲ့ဓား အတူယှဉ်တွဲနေထိုင်လို့မရ” စာသားပါဘန်နာကို ချိတ်ဆွဲ၍ ပြည်သူတရပ်လုံးကို သွေးစွန်းစေမယ့် ပညာရေး၊ သွေးစွန်းငွေတွေနဲ့ ညှိနှိုင်းလာတာမျိုးကို ကျောင်းသားထုအနေနဲ့ လုံးဝ လက်မခံစေလိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းဆန္ဒပြမှုကို ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်းလက်ပံတောင်းတောင်ဒေသ လူထုသပိတ်က ဦးဆောင်ပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို ပိုမိုထိရောက်မယ့် ဒဏ်ခတ်အရေးယူမှုမျိုး ဆောင်ရွက်ပေးရေး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေနဲ့အတူ “Vote ILO Article 33 to save LIVES” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်​​​​မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက ဒီကနေ့မှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာနယ်မြေမငြိမ်သက်မှုကြားထဲကနေစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင်လည်း ဆန္ဒပြမည်ဟု Milk Tea Alliance Thailand ကြေညာ

သတင်း

တော်လှန်ရေးကို အင်အားစုကြီးတစ်ရပ်ဖြင့် ပိုမိုအရှိန်ဟုန်မြှင့်လုပ်ဆောင်နိုင်ရန်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ များအကြား အချင်းအချင်း ကူညီရိုင်းပင်း၍ စစ်ဆင်ရေးများကိုပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ယနေ့(အောက်တိုဘာ ၁၉ရက်)က နံနက်ပိုင်းက အင်းစိန်အကျဥ်း​ထောင်တွင် ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီလုံခြုံ​ရေးတပ်ဖွဲ့ဝင်များက ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သတင်း

ပြည်ပရောက် မြန်မာများက ကရင်လူမျိုးများ၏ တန်းတူညီတူ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ကြသော ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးနှင့် ခေတ်အဆက်ဆက် အာဏာရှင်စစ်တပ်အား တော်လှန်တိုက်ပွဲဝင်ရင်း အသက်ပေးစွန့်လှူခဲ့ကြသော ကရင့်အာဇာနည်များအား ဂုဏ်ပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

Facebook