ဇွန်-၆၊၂၀၂၅။ရဲခေါင်၊ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်ရှိ အထက်ခပေါင်းဆည်ရေလွှဲတမံ၌ တပ်စွဲထားသည့်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာလက်နက် ၄ လက် နှင့် စစ်သုံးပစ္စည်းအချို့ရရှိခဲ့သည်။
ထိုစစ်စခန်းကို ဇွန်လ ၃ ရက်နေ့ နံနက် အစောပိုင်းတွင် တောင်ငူခရိုင်တပ်ရင်းအမှတ်(၃၅၀၁)၊ တပ်ခွဲ ၁ က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
“အနောက်ရိုးပေါ်ကတပ်ရင်းကဖော်ဆောင်တဲ့တိုက်ပွဲပါ။ထွက်ပြေးသွားတဲ့ စခ ၁၀ ဦးကျော်လောက်ရှိတယ်”ဟုအုတ်တွင်းမြို့နယ်စစ်ဘက်သတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

Public Service Announcement
တိုက်ပွဲဖြစ်ပွားချိန် နှစ်နာရီ အတွင်း စစ်ကောင်စီစခန်းအား သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကာ စခန်းအတွင်းမှ G3 သုံးလက်၊ MA 11 တစ်လက်၊ အီနာဂါငါးလုံး လက်ပစ်ဗုံးတစ်လုံး နှင့် ကျည်ကာအကျ်ီ နှစ်ထည် ရရှိခဲ့ကြောင်း တောင်ငူခရိုင်တပ်ရင်းအမှတ်( ၃၅၀၁ ) ၊ တပ်ခွဲ ၁ ကထုတ်ပြန်သည်။သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီ စခန်းအားမီးရှို့ရှင်းလင်းခဲ့ကြောင်းလည်း သိရသည်။
စခန်းသိမ်းပြီးချိန်တွင်အင်အား ၆၀ ခန့်ပါစစ်ကူစစ်ကြောင်းကိုလည်း PDF များကအသင့်စောင့်ကြို၍ မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာမျက်မြင်သေဆုံးသူ ရှစ်ဦးရှိသည်ဟု တောင်ငူခရိုင် တပ်ရင်းအမှန် ၃၅၀၁ ၏ တပ်ခွဲ ၁ က ဆိုသည်။ထို့ကြောင့်စစ်ဆင်ရေးတွင် စစ်သားအနည်းဆုံး ၁၁ ဦးသေဆုံးခဲ့သည်ဟုပြောသည်။
PDF ရဲဘော်နှစ်ဦးတိုက်ပွဲ၌ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြသည်။
အထက်ခပေါင်းဆည်ရေလွှဲတမံတွင်တပ်စွဲထားသော စစ်တပ်စခန်းကို PDF များကတိုက်ခိုက်သိမ်းပိုက်ခဲ့သောရုပ်သံမှတ်တမ်းကိုလည်း အုတ်တွင်း PDF က ထုတ်ပြန်ခဲ့ပြီး People’s Spring တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/78852 တွင်ကြည့်ရှုနိုင်ပါသည်။
တောင်ငူခရိုင် တပ်ရင်းအမှန် ၃၅၀၁ တာဝန်ရှိသူက “အရင်ကတော့၁၅ယောက်အထက်ရှိတယ်။ကျနော်တို့သွားတိုက် တဲ့နေ့ကတော့ ၇ ယောက်ဝန်းကျင်ပဲရှိတော့တာ။စကစ စစ်ကူကတော့ တိုက်ခံရပြီးနေ့မှာပဲ ပြန်ဆုတ်ပြီးနောက်ရက်ကစ စစ် ကြောင်းထိုးနေတယ်။အင်အား ၁၀၀ ဝန်းကျင်လောက်တော့ရှိတယ်”ဟုပြောသည်။
လက်ပံရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရသည့် အင် အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် လက်ရှိတွင် ကရင်ရွာကြီးကျေးရွာသို့ ဝင်ရောက်တပ်ဆွဲကာ ပြည်သူပိုင်နေအိမ်များကို ဖောက်ထွင်းမွှေနှောက်ရှာဖွေမှုများရှိနေကြောင်း တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စစ်ကြောင်းတွေ အခုချိန်ထိလှုပ်ရှားပြီး စစ် ကြောင်းထိုးနေဆဲပါ။ ဒီဘက်နယ်မြေအတွင်းကကျေးရွာတွေထဲမှာ သွားလာလှုပ်ရှားပြီး အိမ်တွေမှာ ချက်ပြုတ်စားသောက်နေကြတာပါ”ဟု ၎င်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ထို့ကြောင့် အုတ်တွင်းမြို့နယ်အတွင်းရှိ ဇီးကုန်း ၊ ဘိုကုန်း၊ အင်းဝိုင်း၊ ကရင်ရွာကြီး၊ ရွှေလောင်းနှင့် ကြက်တက်ညောင်ပင် စသည့်ကျေးရွာများမှ ဒေသခံပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း တော်လှန် ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများထံမှ စုံ စမ်းသိရသည်။
ယခင်လပိုင်းကလည်း ပဲခူးတိုင်းရှိ မင်းလှ၊အုတ်တွင်း နှင့် ပေါင်းတည်မြိုနယ်များမှစစ်ကောင်စီစခန်းများကို ကာကွယ်ရေးတပ်များက သိမ်းပိုက်ရှင်းလင်းထားသည်။
