close
Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ စစ်တပ်က လူငယ်တွေကို စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးနေလို့ ထွက်ပြေးနေရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က ရွာတွေမှာ စစ်တပ်က စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးနေလို့ လူငယ်တွေ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောပါတယ်။

စစ်ကောင်စီ အဓမ္မစစ်မှုထမ်းဥပဒေနဲ့စုဆောင်းထားသူအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - စကစ

ဇွန်-၆၊ ၂၀၂၅။ ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က ရွာတွေမှာ စစ်တပ်က စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးနေလို့ လူငယ်တွေ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၆ ရက် မနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ သဲတော-ဝမ်းတွင်းလမ်းမကြီးပေါ်၊ သာစည်နဲ့ ဝမ်းတွင်းနယ်စပ်၊ ပျားစွဲရွာ အစရှိတဲ့နေရာတွေမှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ လူငယ်တွေကို လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ပျားစွဲရွာနားမှာတော့ ဖရဲသီးတင်နေကြတဲ့ ရွာသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

နေ့လယ်ပိုင်းမှာလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးက ဝမ်းတွင်းမြို့နယ်၊ ကန်ပတ်လည်ကျေးရွာ အပါအဝင် ရွာတွေထဲ ကား၄စီးနဲ့ ဝင်ရောက်ပြီး လူငယ်တွေကို ဖမ်းဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒီရက် တအားလိုက်ဖမ်းနေလို့ လူငယ်တွေ ရွာမှာမနေရဲကြတော့ဘူး။ တောသွားတောပြန်တဲ့သူတွေလည်း စောစောသွား၊ ညနေကျလည်း မှောင်ရီပျိုးမှ ပြန်လာကြတော့တာ။”လို့ ဝမ်းတွင်းဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

မနေ့က ဇွန်လ ၅ ရက်ညပိုင်းကလည်း ဒိုင်ကောင်းကုန်းရွာ စာသင်ကျောင်းတပ်စွဲထားတဲ့ စစ်အုပ်စုက တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းစစ်ပြီး ရွာသားရှစ်ဦးကို ဖမ်းဆီးသွားကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

မန္တလေး၊ စစ်ကိုင်းနဲ့ မုံရွာအပါအဝင် မြို့ကြီးတွေမှာလည်း စစ်ကောင်စီတပ်က ယာဥ်လိုင်စင်စစ်ဆေးရင်း လူတွေကိုပါ ဥပဒေမဲ့ဖမ်းဆီးနေတာတွေ ရှိနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့က လူငယ် ၂၀ကျော် စစ်မှုထမ်းဖို့ စစ်ကောင်စီရဲ့ဖမ်းဆီးမှုခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းတွင် စစ်ကောင်စီက အတင်းအဓမ္မပေါ်တာဆွဲ စုဆောင်းပြီး ပဲခူးတိုင်းသို့ ပို့ဆောင်ခံလိုက်ရသော စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦးသည် သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း(P23801) ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည်။

သတင်း

တက္ကသိုလ်ဝင်တန်းကျောင်းသားနှစ်ဦး စစ်မှုထမ်းရန် ဖမ်းဆီးရောင်းစားခံရမှု ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် လူဦးရေထောင်နဲ့ချီသေဆုံးထိခိုက်မှုခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းရန်ဆိုကာ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။

Facebook