close
Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်မှူးချုပ်ချိုထွန်းအောင်ရှင်းလင်းမှု CCTV မှတ်တမ်းပြန့်နှံ့မှုအပေါ် ပြည်သူများစိတ်မပူရန် ပြောက်ကျားGVW ပြော

ဗိုလ်မှူးချုပ်ချိုထွန်းအောင်ကို ရှင်းလင်းသည့်ဖြစ်စဉ် CCTVမှတ်တမ်းကို စစ်ကောင်စီအဖွဲ့က ရရှိသည့်အပေါ် ပြင်ဆင်မှုများပြုလုပ်ထားသောကြောင့် စိတ်မပူရန်နှင့် မဆိုင်သည့်ပြည်သူများ ဖမ်းဆီးခံရမည်ကို စိုးရိမ်ကြောင်း Golden Valley Warriors (GVW)တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

▪️မသက်ဆိုင်သည့်ပြည်သူများ ဖမ်းဆီးခံရမည်ကို စိုးရိမ်ဟုဆို

မေ ၂၃၊၂၀၂၅။သတိုး/People’s Spring

ဗိုလ်မှူးချုပ်ချိုထွန်းအောင်ကို ရှင်းလင်းသည့်ဖြစ်စဉ် CCTV မှတ်တမ်းကို စစ်ကောင်စီအဖွဲ့က ရရှိသည့်အပေါ် ပြင်ဆင်မှုများပြုလုပ်ထားသောကြောင့် စိတ်မပူရန်နှင့် မဆိုင်သည့်ပြည်သူများ ဖမ်းဆီးခံရမည်ကို စိုးရိမ်ကြောင်း Golden Valley Warriors (GVW)တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စိတ်ပူစရာမရှိပါဘူး ခင်ဗျ။ ကျွန်တော်တို့က CCTVအောက်မှာ အလုပ်လုပ်တာမို့ ဒီကောင်တွေ CCTVရမှာကို ကြိုသိထားပြီးသားဖြစ်ပါတယ်။ သူတို့ ထူးတလည်ရရှိသွားတာမျိုးတော့မဟုတ်ပါဘူး။ လိုအပ်တဲ့ပြင်ဆင်မှုလဲ လုပ်ပြီးသားလို့ သိထားပေးပါ။ ဒီလောက်ပါပဲ။ မဆိုင်တဲ့ ပြည်သူတွေကို ကျွန်တော်တို့ပါဆိုပြီး လုပ်လိုက်မှာပဲ ကျွန်တော်တို့ပြန်စိတ်ပူတာပါ”ဟု CCTVမှတ်တမ်း ပြန့်နှံ့နေသည့်အပေါ် ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌ လုံခြုံရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေး သင်ကြားပေးနေသော အငြိမ်းစားဗိုလ်မှူးချုပ်ချိုထွန်းအောင်ကို မေလ ၂၂ ရက်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အေဝမ်းလမ်းပေါ် ရှိ ၎င်း၏နေအိမ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း GVWက ထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆင်ရေးအတွက် လေးလခန့်အချိန်ယူပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို စစ်ဘက်ရေးရာ သင်ကြားမှုများပြုလုပ်နေသူဖြစ်သောကြောင့် စစ်ရေးပစ်မှတ်အနေဖြင့် ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

ယင်းပစ်ခတ်မှုလုပ်ဆောင်ခဲ့သူများ၏ CCTVမှတ်တမ်းများကို စစ်ကောင်စီအဖွဲ့က ရရှိခဲ့ထားပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို စစ်ဆေးနေကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ချိုထွန်းအောင်၏ နာရေးကို မေလ၂၄ ရက်‌ နေ့လည်တွင် မင်္ဂလာဒုံစစ်ဆေးရုံ ၊ ငြိမ်းအေးဇရပ်၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုက နိုင်ငံပိုင်သတင်းစာမှ ကြေညာထားသည်။

Golden Valley Warriors အဖွဲ့သည် စစ်တပ်၏ အကြီးစားထောက်တိုင်များကို စဉ်ဆက်မပြတ်ဖြိုဖျက်ရန် သတင်းထောက်လှမ်း လျက်ရှိပြီး အကြမ်းဖက်လေတပ်လေယာဉ်မှူးများ၏ အချက်အလက်များကိုလည်း သတင်းစုဆောင်းလျက်ရှိသောကြောင့် ၎င်းတို့၏ ဆက်စပ်သတင်းများရရှိထားပါက ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ထံပေးပို့ပေးရန် တောင်းဆိုလိုသည်ဟု မေ ၂၂ ရက်က အသိပေးထားသည်။

ထို့ပြင် ၎င်းတို့၏လုပ်ငန်းစဉ်များကို ပါဝင်ကူညီလိုသူများအနေဖြင့် NUG Pay နှင့် Spring Development Bank မှတစ်ဆင့်ကူညီနိုင်ကြောင်း Golden Valley Warriors ပေ့ခ်ျ၌ အသိပေးထားသည်။

ဆက်စပ်သတင်းများ