ဇွန် ၁၊၂၀၂၅။ သုည/People’s Spring
တနင်္သါရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ ဦးဆောင်ပြီး ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်းနှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ဗိုလ်မှူးကြီးဗထူး ရုပ်ထုရှိရာသို့ သွားရောက်ဂါရဝပြုခြင်းကို ယနေ့ (ဇွန်လ ၂) ပြုလုပ်ခဲ့သည်။
အဆိုပါ ဂါရဝပြုသည့် အစီအစဥ်တွင် လွမ်းသူပန်းခွေချခြင်း၊ ဗိုလ်မှူးကြီးဗထူးအား အလေးပြုခြင်း၊ ဗိုလ်မှူးကြီး ဗထူးအပါအဝင် မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ၊ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲတို့အတွင်း အသက်ပေးခဲ့ရသည့် အာ
ဇာနည်သူရဲကောင်းများအား အောက်မေ့ဂုဏ်ပြုသောအားဖြင့် တမိနစ်ငြိမ်သက်ခြင်း တို့ကို ပြုလုပ်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ရင်း၁၉၄၅ခုနှစ် ၊ ဇွန်လ (၂) ရက်နေ့ ညတွင် အသက်ပေးလှူသွားခဲ့သော ထားဝယ်သားကောင်းရတနာ ဗိုလ်မှူးကြီးဗထူးကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်းကျဆုံးခဲ့သည့် ဇွန်လ (၂) ရက်နေ့ကို “ဗထူးနေ့”အဖြစ်သတ်မှတ်ကြောင်းလည်း DSMSCကကြေညာခဲ့သည်။

Public Service Announcement
