close
Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီနှင့် ကျွန်းစုမြို့နယ်အစပ်ရှိ စစ်ကောင်စီရှေ့တန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်၊ ဗိုလ်မှူးမြင့်ဝင်း အပါအဝင် လေးဦးသေဟုဆို

တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်အစပ်ရှိ စစ်ကောင်စီ၏ ဝါရစ်ပိန်းတောပြင် ရှေ့တန်းစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးမြင့်ဝင်းအပါအဝင် လေးဦးသေဆုံးကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(တိုက်ခိုက်ရေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပူးပေါင်းစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ − CJ

မေ-၇၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်အစပ်ရှိ စစ်ကောင်စီ၏ ဝါရစ်ပိန်းတောပြင် ရှေ့တန်းစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးမြင့်ဝင်းအပါအဝင် လေးဦးသေဆုံးကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(တိုက်ခိုက်ရေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(မေလ ၆ ရက်)နံနက် ၆နာရီခန့်က စစ်ကောင်စီ၏ ရှေ့တန်းစခန်းတစ်ခုဖြစ်သော ဝါရစ်ပိန်းတောပြင်စခန်းကို မြိတ်ခရိုင် တပ်ရင်း (၂)၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(တိုက်ခိုက်ရေး)နှင့် တနင်္သာရီမြို့နယ် ပကဖ တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ကြောင်း အထက် ပါတာဝန်ရှိသူက ပြောသည်။

“သူတို့က နှစ်နေရာ ခွဲနေကြတယ်။ ဝါရစ်လှေဆိပ်မှာ တနေရာနဲ့ ပိန်းတောပြင်မှာ တနေရာ ပိန်းတောပြင်မှာက ဗိုလ်မှူးအပါဝင် ၁၉ဦး”ဟု တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် စစ်ကောင်စီရှေ့ တန်းအထိုင်းချနေရာကို တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(တိုက်ခိုက်ရေး)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးမြင့်ဝင်းအပါဝင် လေးဦးသေဆုံးခဲ့ပြီး ကိုးဦးဒဏ်ရာအပြင်းအထန်ရရှိ၍ အထိနာသွားရာ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်း၊ ​စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက အတည်မပြုနိုင်ပေ။

ထို့အပြင် ရေတပ်စစ်သင်္ဘောပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြိမ်ရေ‌များစွာပစ်ခတ်ခဲ့ကာ အထိနာသွားသော စစ်ကောင်စီတပ်သားများ ရှေ့တန်းစခန်းအား စွန့်ခွာထွက် ပြေးသွားပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နယ်မြေရှင်းလင်းရေးမလုပ်နိုင်သလို လက်နက်ခဲယမ်းရရှိခြင်းလည်းမရှိခဲ့ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(တိုက်ခိုက်ရေး)က အသိပေးသည်။

“ဗိုလ်မှူးအလောင်း မြိတ်ကိုသယ်ဆောင်သွားတယ်သိရ။ ဘယ်တပ်ရင်က ဆိုတာတော့ ကျနော်တို့မသိရသေးပါဘူး”ဟု တိုင်းပကဖ(တိုက်ခိုက်ရေး)မှ တာဝန်ရှိသူက ပြောသည်။

တနင်္သာရီတိုင်းအတွင်း စခန်းသိမ်းတိုက်ပွဲများအပါအဝင် စစ်ရေးတိုက်ခိုက်မှုများ ဖြစ်ပွားလျှက်ရှိရာ ထားဝယ်-ထီးခီးနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNLAဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောနှင့် ပလမြို့မှ စစ်ကောင်စီ၏ အဓိက လူယုံ ပျူစောထီးသုံးဦးသည် အရက်တစ်ဝိုင်းတည်းထိုင်သောက်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းလိုက်သည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၂၆)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၅၈)တပ်ရင်းစစ်ဆေးရေးဂိတ်နှင့် ရေဖြူမြို့ရှိ စစ်ကောင်စီဗျူဟာဂိတ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ယာယီအပစ်ရပ်မည်ဟုကြေညာထားသည့် စစ်ကောင်စီက တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာနှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

Facebook