ဇွန် ၁၊၂၀၂၅။ သုည/People’s Spring
ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁)မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
ရန်ကုန်မြို့လူစည်ကားရာ ရထားဘူတာနဲ့ မှတ်တိုင်တွေမှာ The Last Generation Unit အဖွဲ့က တော်လှန်ပြည်သူတွေက”မိစ္ဆာစစ်တပ်အမြစ်ဖြတ်” စာသားကို ကပ်၍စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်မှာလည်းနောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်အင်အားစုက စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေး လူထုလှုပ်ရှားမှုနဲ့ ဓာတ်ပုံ Camping လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း သပိတ်အင်အားစုတွေက စစ်တပ်ကပြုလုပ်နေတဲ့ စစ်ရာဇဝတ်မှုတွေ အဓမ္မစစ်သားအဖြစ် ခိုင်းစေမှုတွေ စတဲ့ စစ်တပ်က ပြုလုပ်ခဲ့တဲ့အရာတွေကို အရေးယူ အပြစ်ပေးနိုင်ဖို့ ILOရဲ့ Articale 33ကို မဲပေးကြဖို့ တိုက်တွန်းဆန္ဒပြခဲ့ပါတယ်။
အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ပြည်သူ့အားမာန်သပိတ်က ကျောင်းသားမိဘ ပြည်သူတွေနဲ့အတူ “Vote ILO Article 33 to save LIVES” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဓာတ်ပုံ။စစ်ကိုင်းဒေသသပိတ်အင်အားစု၊ စစ်ချောင်းပင်မသပိတ်စစ်ကြောင်း
