close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီအပစ်ရပ်သက်တမ်းတိုးကြေညာပြီးစဉ့်ကူးမြို့နယ်ကိုဗုံးကြဲ အမျိုးသမီး ၃ဦး ဒဏ်ရာရ

အာဏာသိမ်းစစ်ကောင်စီက ဇွန်လကုန်အထိ အပစ်ရပ်ထပ်မံ သက်တမ်းတိုးကြောင်းကြေညာခဲ့သော်လည်း ဇွန်လ ၁ရက်တွင် မန္တလေးတိုင်း စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာ နှင့် နတ်တောင်ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့​ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကသတင်းထုတ်ပြန်သည်။

ဗုံးကြဲခံရပြီး​နောက် Lucky 7 ဟိုတယ်အနီးဝန်းကျင်၌ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-ပြင်ဦးလွင်ပကဖ

■စစ််​ကောင်စီက ဇွန် ၁ ရက်တွင် သပိတ်ကျင်းနှင့် စဥ့်ကူး မြို့နယ်တို့ကိုဗုံးကြဲ

ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ဇွန်လကုန်အထိ အပစ်ရပ်ထပ်မံ သက်တမ်းတိုးကြောင်းကြေညာခဲ့သော်လည်း ဇွန်လ ၁ရက်တွင် မန္တလေးတိုင်း စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာ နှင့် နတ်တောင်ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့​ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကသတင်းထုတ်ပြန်သည်။

ဇွန်လ ၁ ရက်နေ့ မွန်းလွဲဲ ၂နာရီခွဲတွင်နွယ်ရုံရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူထိခိုက်မှုမရှိသော်လည်း အဆောက်အဦး ၂ခု ပျက်စီးခဲ့သည်။ အလားတူ မိနစ်အနည်းငယ်အကြာတွင် နတ်တောင်ကျေးရွာ Lucky 7 ဟိုတယ် ကို ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ဦး ဒဏ်ရာရရှိခဲ့ပြီး တဦးသည် ပြင်းထန်သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ငလျင်ဘေးကြောင့် စစ်ကောင်စီက ဧပြီလဆန်းမှစ၍ အပစ်ရပ်စဲရေးကြေညာခဲ့သော်လည်း ပြင်ဦးလွင်ခရိုင်အတွင်းရှိ သပိတ်ကျင်းနှင့်စဉ့်ကူးမြို့နယ်များကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူအများအပြား သေဆုံး ဒဏ်ရာရခဲ့သည်။

စဉ့်ကူးမြို့နယ်သည်ငလျင်ဘေးသင့်ဒေသဖြစ်ပြီး မတ်လ ၂၈ရက် စစ်ကိုင်းငလျင်ကြောင့် ပြည်သူ ၃၆ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ငလျင်အပြီးတွင် စစ်ကောင်စီက စဉ့်ကူးမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၁၄ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ပြည်သူ ၇ဦးထက်မနည်း သေဆုံးကာ ၃၃ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ထိုအပြင်စစ်ကောင်စီသည်သပိတ်ကျင်းမြို့နယ်ကိုလည်းဇွန် ၁ ရက်​နေ့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းပျက်စီးခဲ့သည်။

စစ်ကောင်စီ အပစ်ရပ်ကြေညာခဲ့သည့် ၂လ ကျော်အတွင်း သပိတ်ကျင်းမြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ၁၂ကြိမ်ထက်မနည်းပြုလုပ်ခဲ့ရာ ပြည်သူ ၄၀ကျော်သေဆုံးခဲ့ပြီး ၈၀ ဦးကျော် ဒဏ်ရာရခဲ့သည်။

ငလျင်ဘေးအကြောင်းပြ အပစ်ရပ်စဲခဲ့သည့် စစ်ကောင်စီသည် ၎င်း အပစ်ရပ်စဲရေးကြေညာထားသည့် နှစ်လ ကျော်အတွင်း နိုင်ငံတဝန်း လေ

ကြောင်း တိုက်ခိုက်မှု အကြိမ် ၃၀၀ ကျော် ပြုလုပ်ခဲ့ရာ ပြည်သူ ၃၀၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်ရှိ ကျေးရွာ နှစ်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူများ ထိခိုက်မှုရှိကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

အပစ်ရပ်ထားသည်ဆိုသည့်စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်၊ နောင်ချိုမြို့နယ် ဟိုခိုကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅ဝ) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဗဟင်းကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူနှင့် ရဲဘော် စုစုပေါင်း ခုနစ်ဦးခန့် သေဆုံးကြောင်း သတင်းရရှိသည်။

သတင်း

ဂန့်ဂေါမြို့မြောက်ပိုင်းရေရှင်ရွာကိုစစ်ကောင်စီက ယနေ့(မေလ ၂၀ရက်)နံနက်ပိုင်း၌ ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲသွားသည်။

Facebook