ဇွန်-၂၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အရပ်ဝတ်နဲ့ ငွေကောက်နေတဲ့ စစ်ကောင်စီတပ်သား (၂)ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
မနေ့က ဇွန်လ(၁)ရက် မနက် (၁၁)နာရီဝန်းကျင်က မုံရွာမြို့ပေါ် တနေရာမှာ ပြည်သူ့ကားတွေဆီကနေ အရပ်ဝတ်နဲ့ ငွေတောင်းနေတဲ့ စစ်သား(၂)ဦးကို အနီးကပ်ပစ်ခတ်ခဲ့လို့ (၂)ဦးလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း The Phoenix Army အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဆက်ကြေးတောင်းနေတဲ့ နှစ်ကောင်ကိုပစ်ခတ်ခဲ့တာ။ ကားဆရာစီကိုပိုက်ဆံတောင်းနေတဲ့အချိန်ပစ်ခဲ့တာ။ ဦးထုပ်နဲ့နှစ်ကောင်က နေ့စဉ် ဆက်ကြေးကောက်နေတဲ့ကောင်တွေပါ။ လက်နက်တော့ မရခဲ့ပါဘူး။”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အဲဒီ စစ်သား(၂)ဦးဟာ မုံရွာမြို့၊အထက(၁) စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုထဲက နှစ်ဦးဖြစ်ပြီး အရပ်ဝတ်နဲ့ ငွေထွက်တောင်းချိန် ပစ်ခတ်ခံရတာလို့ မြို့ခံအချို့ကပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေက ပစ်ခတ်ခဲ့တဲ့ နှစ်ယောက်ဟာ စစ်သားတွေဖြစ်ပြီး ကားဂိတ်မှာ အခုလို အမြဲ ငွေလိုက်တောင်းကြတာလို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသခံတချို့ကပြောပါတယ် ။
စစ်သားနှစ်ဦး စီးလာတဲ့ ဆိုင်ကယ်တွေကိုလည်းလည်း တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို The Phoenix Army ၊ မုံရွာခရိုင်အမှတ် (၁၇) တပ်ရင်း တပ်ခွဲ (၃ )နဲ့ မုံရွာခရိုင်အမှတ် ၁၅ တပ်ရင်း တပ်ခွဲ၅ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
