တော်လှန်ရေးအဖွဲ့များက လက်နက်ခဲယမ်းများရရှိ
ဇွန်-၂၊၂၀၂၅။အိမ်သွင်/People’s Spring
အရန်မီးသတ်တပ်ဖွဲ့ဝင်အဖြစ်မှပခုက္ကူမြို၏စစ်ကောင်စီလက်အောက်ခံမြို့မပြည်သူစစ်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်လာသူ အပါအဝင် လေးဦးကိုပခုက္ကူ ပကဖ နှင့် ပူးပေါင်းတပ်များကပစ်ခတ်ရှင်းလင်းလိုက်သည်။
အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံမြို့မပြည်သူစစ်တပ်ဖွဲ့ခေါင်းဆောင် ကျော်စိုးနိုင်ပါသောအဖွဲ့ကဇွန်လ ၁ရက် နံနက်ပိုင်းတွင်ကားဖြင့်လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
“ကျော်စိုးနိုင်က ပခုက္ကူမှာတော့စကစအတွက်တော်တော်အရေးပါတဲ့ကောင်။အရင်က ပခုက္ကူမြို့မဈေးအရံ မီးသတ်။အာဏာသိမ်းပြီးနောက်ပိုင်း ဒီကောင်တွေ ပြည်သူ့စစ်ဖြစ်လာပြီးတော်တော်အလုပ်လုပ်နေတဲ့ကောင်”ဟု ပခုက္ကူမြို့မှ ဒေသခံတစ်ဦးကပြောသည်။
ပခုက္ကူမြို့နယ်၊ဆင်မင်းကျေးရွာသို့တာဝန်ပြောင်းလဲရန်လာစဉ် ကားနှစ်စီးဖြင့်လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၄၅မိနစ်ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပခုက္ကူမြို့နယ်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ထားသည်။
ပြည်သူ့စစ် ၄ ဦး သေဆုံးပြီး MA3 တစ်လက်၊ပစ္စတိုတစ်လက်၊ လက်နက်ခဲယမ်းများနှင့်ငွေသား (၃၁) သိန်း သိမ်းဆည်းခဲ့ကြောင်းအသိပေးထားသည်။တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း(၁၆)၊ ဗိုလ်ကလယ်တပ်ပေါင်းစုတို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပခုက္ကူမြို့တွင် ဇွန်လ ၁ရက်နေ့ နံနက်အစောပိုင်းကလည်းခရိုင်မီးသတ်ရုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Pakokku – Special Task Force က သတင်းထုတ်ပြန်ထားသည်။
ပခုက္ကူမြို့နယ်အတွင်းယခုရက်ပိုင်း၌အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှထွက်လာသည့် ကားအစီးရေ ၁၀၀ ကျော်ပါ စစ်ယာဉ်တန်းသည် ပေါက်၊ ကျောက်ထု၊ ထီးလင်းလမ်းတွင် ဦးတည်နေသည်။ ဒေသခံများ၏လုံခြုံရေးအတွက် ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။
