မေ-၁၇၊၂၀၂၅။ဆဏ်း/People’s Spring
“What Happened to the Wolf?” ရုပ်ရှင်ကို နိုင်ငံတကာမှာ ပြသနိုင်ဖို့ စီစဉ်နေပြီလို့ တော်လှန်အနုပညာရှင် ဒါရိုက်တာဏကြီးက အသိပေးထားပါတယ်။
“ပထမဦးဆုံး ကျွန်တော် ပြောချင်တာကတော့ ဒီ Project က တလရ Fundraising မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ Personal Project (ကိုယ်ပိုင်လုပ်ငန်း) တစ်ခု အနေနဲ့ပဲ စီစဉ်လုပ်ဆောင်သွားမယ်ဆိုတာ အတိအလင်း အသိပေးလိုပါတယ်။” လို့ ဏကြီးကပြောပါတယ်။
တော်လှန်ရေးကာလ လေးနှစ်ကျော်အတွင်းမှာ ပိုင်ဖြိုးသုနဲ့အတူ နိုင်တဲ့ဘက်ကနေပါဝင်ခဲ့သလို ဆက်လက်ပါဝင်နေမှာဖြစ်ပြီး အနုပညာရှင်အနေနဲ့ ရုပ်ရှင်တွေ ဆက်လက်ဖန်တီးရပ်တည်နိုင်ဖို့အတွက် လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement
စစ်အာဏာရှင်တွေက တော်လှန်ရေးမှာပါဝင်တဲ့ အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကို ပြည်တွင်းမှာ ပိတ်ပင်ထားဝာာကြောင့် အနုပညာအလုပ်တွေဆက်လုပ်ဖို့ ခက်ခဲခဲ့ပါတယ်။
“မလုပ်စေချင်လို့ တားထားတာကို ရအောင်လုပ်တာလည်း တော်လှန်တာပါပဲ။ ဒါကြောင့် ဒီ Project ဟာ ရှေ့ဆက်မယ့် ကျွန်တော်တို့ ခြေလှမ်းတွေအတွက် အင်အားတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ပါတယ်။”လို့ ဒါရိုက်တာဏကြီးကပြောပါတယ်။
ရှေ့ဆက်ရပ်တည်ဖို့ဆိုရာမှာလည်း ငွေကြေးအရ ရပ်တည်နိုင်ဖို့ ကြိုးစားတာသက်သက်မဟုတ်ပဲ အနုပညာအရ ရုပ်ရှင်ဖန်တီးမှုတွေ ဆက်လုပ်နိုင်ဖို့ ပရိသတ်နဲ့ ပြန်လည်ထိတွေ့နိုင်ဖို့ကိုရည်ရွယ်တယ်လို့ဆိုပါတယ်။
“What Happened to the Wolf?” ရုပ်ရှင်က သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး အာဏာသိမ်းကာလမတိုင်မီ ၂၀၂၀ ကရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ အိန္ဒြာကျော်ဇင် နဲ့ ပိုင်ဖြိုးသုတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး World Premiere ကို ဂျာမဏီနိုင်ငံ၊ Oldenburg မြို့မှာ ပြုလုပ်ခဲ့တဲ့ Internationales Filmfest Oldenburg (2021) မှာ ပြသခဲ့ပါတယ်။
အဲဒီ့ရုပ်ရှင်ပွဲတော်မှာ ဒီဇာတ်ကားက ဆုတွေရရှိခဲ့သလို အခြားရုပ်ရှင်ပွဲတော်တွေမှာလည်းဆုတွေရရှိခဲ့ပါတယ်။
” “What Happened to the Wolf?” ရုပ်ရှင်ကို မကြာခင် နိုင်ငံတကာမှာ ပြသဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်။ ပြသမယ့် နိုင်ငံ၊ နေ့ရက်နဲ့ အချိန်တွေကို “What Happened to the Wolf?” official page ကနေ ကြေငြာသွားပါမယ်။” လို့ ဒါရိုက်တာဏကြီးက အသိပေးထားပါတယ်။
ဒါရိုက်တာဏကြီးတို့ ဇနီးမောင်နှံက တော်လှန်ရေးစတင်ချိန်ကတည်းက ပြည်သူနဲ့အတူရပ်တည်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအတွက် အထောက်အကူပြုနိုင်ဖို့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကာ ရန်ပုံငွေတွေရှာဖွေပေးခဲ့ပါတယ်။
တော်လှန်အနုပညာရှင်တွေနဲ့အတူ Artists’ Shelter ကိုတည်ထောင်ထားပြီး လက်ရှိမှာလည်း တော်လှန်အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကို ပြသနိုင်ဖို့ 24FM ဆိုတဲ့ Website ကို ပြုလုပ်ထားပါတယ်။
