close
Connect with us

Hi, what are you looking for?

သတင်း

နည်းလမ်းအမျိုးမျိုးဖြင့် အာရက္ခဒေသတွင်းမှ ထွက်ခွာရန်ကြိုးပမ်းနေသူများကို ULA/AA တားမြစ်

တည်ငြိမ်သောစစ်ရေးအခြေအနေတစ်ခုသို့ ရောက်ရှိချိန်အထိတားမြစ်ထားမည်

စစ်​​တွေမြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-CJ

မေ-၂၂၊ ၂၀၂၅။ ထင်လင်း/People’s Spring

မြို့သိမ်းတိုက်ပွဲများဆင်နွှဲလျှက်ရှိသောရခိုင် ပြည်နယ်တွင် စစ်ရေးပြင်းထန်နေဆဲဖြစ်ရာ ဒေသတွင်းမှ နေရပ်စွန့်ခွာရန် အားထုတ်ကြိုးပမ်းမှုများ တွေ့ရှိရ​သော​ကြောင့် အဆိုပါဒေသနေပြည်သူများ လိုက်နာရမည့်စည်းကမ်းချက်များကို ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ယနေ့ မေလ ၂၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

လူငယ်လူရွယ်အချို့သည် ပြဌာန်းထားသော အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြ ဌာန်းချက်(NDEP)ကို သေချာစွာနားမလည်ဘဲ အဓိပ္ပါယ်ကောက်လွဲမှားကာ တိုင်းပြည်တာဝန်ထမ်းဆောင်မှုကိုရှောင်လွှဲရန် အားထုတ်မှုအချို့ တွေ့လာရသည်ဟု ULA/AA က​ဖော်ပြထားသည်။

ထို့ကြောင့် လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ရာတွင် ကျိုးကြောင်းဆီလျော်မှုမရှိသော အကြောင်းပြချက်များဖြင့် အာရက္ခဒေသတွင်းမှ နေရပ်စွန့်ခွာရန် လိုလားကြသူများနှင့် NDEP ပါ ပြဌာန်းချက်အရ စစ်မှုထမ်းရန် အကျုံးဝင်သော်လည်း စစ်မှုမထမ်းလို၍ နေရပ်စွန့်ခွာသူများကို သွားလာခွင့်တားမြစ်လိုက်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယင်းအပြင် ​အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှကုသမပေးနိုင်သည့် ပြင်းထန်ရောဂါရှိသောလူနာများ၊ အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာများမှလွဲ၍ စစ်မှုထမ်းရမည့် အသက်အရွယ်၌အကျုံး ဝင်သောအမျိုးသမီး ၁၈ နှစ်မှ၂၅ နှစ်အထိ၊ အမျိုးသား ၁၈ နှစ်မှ ၄၅ အထိ အသက်အရွယ်ရှိသူများကိုလည်း သွားလာခွင့်တားမြစ်ကြောင်း လိုက်နာရမည့် စည်းကမ်းချက်များတွင် ထည့်သွင်းထားသည်။

အလားတူ အာရက္ခဒေသတွင်းမှနေရပ်စွန့်ခွာသွားလာလိုသူများကို ကုန်းလမ်း၊ ရေလမ်းရေလမ်းများမှ အခကြေးငွေယူ၍ ပို့ဆောင်ပေးနေသူများကိုလည်းတားမြစ်လိုက်ပြီးတွေ့ရှိပါကတည်ဆဲဥပဒေအရအရေးယူမည်ဟု ULA/AA က သတိပေးသည်။

အခြေခံစားသောက်ကုန် ရောင်းဝယ်ကြသော ကုန်သည်များ၊ ကျွဲ၊ နွားကုန်သည်များနှင့် နွားချအငှားလိုက်သူများနှင့် ကုန်သည်များအနေဖြင့် လူပိုများခေါ်ဆောင်ခြင်း၊ အခကြေးငွေယူ၍ လူကယ်ရီပို့ဆောင်ခြင်းများ မပြုလုပ်ရဟု တားမြစ်ထားသည်။

အထက်ပါကဲ့သို့ တားမြစ်ရခြင်းမှာ စစ်ကောင်စီထိန်းချုပ်နယ်မြေများ၌ရခိုင်လူမျိုးမှတ်ပုံတင်ကိုင်ဆောင်ထားသူများကို စစ်ကောင်စီက ရည် ရွယ်ချက်ရှိရှိဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း၊ အကြမ်း ဖက်ခြင်း၊ ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ချခြင်း၊ ပေါ်တာဆွဲခြင်း၊ လူသတ်အ လောင်းဖျောက်ခြင်း စသည့်အန္တရယ်များမှ ကာကွယ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ULA/AA က အသိပေးသည်။

ထို့အပြင်အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲများတွင်လည်း စစ်ကောင်စီထောင်ထားသော မိုင်းများမနင်းမိစေရန်၊စစ်ကောင်စီထိန်းချုပ်နယ်မြေသို့ ရောက်လျှင် စစ်မှုထမ်းရန် စုဆောင်းမခံရစေရန်၊ လူမှောင်ခိုနှင့် ကျားဖြန့်ဂိုင်းများလက်သို့ မရောက်ရှိစေရန်အပါအဝင် လူ၊ မိုင်း၊အန္တရာယ်များမှ ကင်းလွတ်စေရန် ရည်ရွယ်ပါသည်ဟု ဖော် ပြသည်။

ယခုထုတ်ပြန်သော စည်းကမ်းချက်ပါ တားမြစ်ချက်များကို တည်ငြိမ်သော စစ်ရေးအခြေအနေတစ်ခုသို့ ရောက်ရှိချိန်အထိ တားမြစ်လိုက်ပြီး အရေးပေါ်ကာလ ပြန်လည်ရုပ်သိမ်းမည့်အချိန်အား ထပ်မံထုတ်ပြန်ကြေညာပေးသွားမည်ဟု ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ထုတ်ပြန်ထားသည်။

အာရက္ခတပ်​တော်(AA)က ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်ရှိသည့်အနက် စစ်​တွေ ၊​ကျောက်ဖြူ ၊မာန်​အောင် သုံးမြို့နယ်မှအပ ကျန် ၁၄ မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။ထို့အပြင် ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်ကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)သည် စစ်သုံ့ပန်းများ၏ စိတ်ဒဏ်ရာကို ကုစားပေးသလို ထိန်းသိမ်းထားသည့်ကာလတလျှောက်လုံး စစ်တပ်မိသားစုဝင် စစ်သုံ့ပန်းအားလုံး၏ လူမှုရေး၊စားဝတ်‌နေရေးအစစအရာရာ ဖေးမစောင့်ရှောက်ခဲ့ကြသည်ဟု AAက ပြန်လွှတ်ပေးလိုက်သည့် စစ်ကောင်စီတပ်ရင်းမှူး၏ ဇနီးဖြစ်သူ ဒေါ်မေသူဝင်းက ဖွင့်ဟပြောသည်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရား ကွယ်လွန်သွားခြင်းအပေါ် အာရက္ခတပ်တော် (ULA/AA)နှင့် ပအိုဝ်းတော်လှန်ရေးအင်အားစုများဖြစ်သော PNLO၊ PNFC တို့ကဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

သတင်း

အပစ်ရပ်မည်ဟုကြေညာထားသည့်ကာလအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်၌ စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့၍ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု အာရက္ခတပ်တော်(AA)၏ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့၌ မူးယစ်ဂိုဒေါင်ဖမ်းဆီးရမိမှုတွင် အာရက္ခတပ်တော်(AA)၏ စီးပွားရေးတာဝန်ခံက စီမံနေကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှာ စစ်ရေးအရ အရေးနိမ့်နေသောအချိန်များတွင် စစ်အစိုးရအဆက်ဆက်လုပ်နေကျအကျင့်နှင့် လုပ်လေ့လုပ်ထရှိသော နိုင်ငံရေးယုတ်မာမှုဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ယနေ့(မတ်လ ၂၀ရက်)တွင် ထုတ်ပြန်သည်။